မင်းအောင်လှိုင် ဘာ တွေ ‌အပြောခံနေရလဲ

by Hla Soewai - Apr 19 2026

မင်းအောင်လှိုင်သည် တိုက်ပုံ ပြောင်းဝတ်၊ ခေါင်းပေါင်း ပေါင်းလိုက်ယုံဖြင့် "တိုင်းပြည်သည် ဒီမိုကရေစီ သို့ ကူးပြောင်းသွားပြီး ပိုမို ကောင်းမွန်သော အနာဂတ် ပေါ်ထွန်းလာတော့မည်" ဟု ပြောရဲဆိုရဲ ရှိသူ ဖြစ်သည်။

 

ထိုသို့ ဒီမိုကရေစီ ကို ပါးစပ်က မချ‌ တမ်း ပြောနေချိန်တွင် လွှတ်တော်တဝိုက် တွင်ကား အင်အား အလုံအရင်း ဖြင့် လုံခြုံရေး ချထားပြီး နေပြည်တော်၏ လမ်းမများပေါ်တွင် ဗုံးရှင်းလင်းရေးအဖွဲ့များက ကင်းလှည့်နေကြကာ ဟိုတယ်များသို့ သွားရာလမ်းများတွင်လည်း စစ်ဆေးရေးဂိတ်များစွာဖြင့် ပိတ်ဆို့ထားခဲ့သည်။ 

 

၎င်း၏ သမ္မတ တု သက်တမ်းသည် မွတ်စလင်မျိုးနွယ်စုဝင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် ဂုဏ်သိက္ခာ ညှိုးနွမ်းစွာဖြင့် စတင်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် နိုင်ငံရေး အကျပ်အတည်းကြီး ကျရောက်ပြီး ဂုဏ်သိက္ခာ ညိုးနွမ်းစေရန် ကြံစည်ခဲ့မှု သည် ကြမ္မာရဟတ် တပတ်လည်လာခဲ့ပြီ ဖြစ်သည်။

 

အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ထားမှု များကလည်း ဖြေလျော့သွားမည် မဟုတ်သည့် အပြင် နိုင်ငံတကာ တရားရုံး၊ စစ်ရာဇဝတ်မှု ခုံရုံးများ နှင့်လည်း ရင်ဆိုင်ရဦးမည် ဖြစ်သည်။

 

မင်းအောင်လှိုင်ကို သမ္မတလို့ပဲခေါ်ခေါ်၊ ဗိုလ်ချုပ်မှူးကြီးလို့ပဲပြောပြော အရင်အတိုင်းက အရင် အတိုင်းပါပဲ" ဟု Fortify Rights အဖွဲ့၏ ဒါရိုက်တာ John Quinley III က ပြောကြားခဲ့သည်။ "သူဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ အဓိက လူဖြစ် တယ်။ သူကိုယ်တိုင် ကြီးကြပ်ပြီး ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိနေတာကတော့ ရှင်းလင်းနေပါတယ်" ဟု ၎င်းက ထောက်ပြထားသည်။

 

Institute for Global Affairs မှ သုတေသနအဖွဲ့ဝင် တဦးဖြစ်သူ Hunter Marston က မင်းအောင်လှိုင်သည် ၎င်း၏ အတွင်းစည်းမှ ခြိမ်းခြောက်မှုမှန်သမျှကို ဖယ်ရှားရန်အတွက် သြဇာကြီးမားသော ရာထူးနေရာများတွင် ၎င်းအပေါ် သစ္စာရှိသူများကို အစဉ်တစိုက် အစားထိုးခန့်အပ်နေပြီဖြစ်ကြောင်း The Independent သတင်းစာသို့ ပြောကြားခဲ့သည်။

 

"မင်းအောင်လှိုင်အနေနဲ့ စစ်တပ်ကို ထိပ်ဆုံးက အခွင့်ထူး ခံ အနေအထားကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်" ဟု ၎င်းကဆိုသည်။ "နောက်တက်လာမယ့် ဆက်ခံသူဟာ သူ့ရဲ့လုံခြုံရေးနဲ့ အာဏာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာစေဖို့အတွက်လည်း သူ့အပေါ် သစ္စာရှိသူတွေကို ခန့်အပ်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

 

မင်းအောင်လှိုင်သည် ပြည်တွင်းစစ်ဒဏ်၊ ပိတ်ဆို့အရေးယူမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် ကျူးကျော်စစ်ကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အကျပ်အတည်းကဲ့သို့သော ပိုမိုကျယ်ပြန့်သည့် ပထဝီနိုင်ငံရေး ရိုက်ခတ်မှုများဒဏ်ကို အလူးအလဲခံနေရသည့် နိုင်ငံအပေါ် အုပ်ချုပ်ရတော့မည် ဖြစ်သည်။

 

တိုင်းပြည်အတွက် မည်သို့မျှ မျှော်လင့်ချက် ရှိလာမည် မဟုတ်သော်လည်း ၎င်း အဖို့က ကျူးလွန်ခဲ့‌ သော ပြစ်မှု များအတွက် တာဝန်ခံရမည့် အရေး မှ ကင်းလွတ်ခွင့်ရနေသည်ကိုပင် ကံ ကောင်း လှပြီဟု ယူဆ နေသူ ဖြစ်သည်၊ ဆက်၍လည်း ကံ ကောင်းနေဖို့ အခြေအနေ များ ကို ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်လာမည့် အန္တရာယ်ရှိနေသည်။

 

မင်းအောင်လှိုင်သည် သမ္မတု ဖြစ်မလာမီကပင် စစ်ဘက်အရာရှိ ၇၀ ခန့်ကို အရပ်ဘက်ဝန်ကြီးဌာနများနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများသို့ ပြောင်းရွှေ့ခန့်အပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ယခုအခါ အလတ်တန်းနှင့် အဆင့်မြင့်ရာထူးနေရာများကို ရယူထားကြပြီး ယင်းသည် နိုင်ငံတော်အဖွဲ့အစည်းများအပေါ် စစ်အုပ်စု၏ တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားနိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

 

Progressive Voice အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ် ခင်ဥမ္မာက "ဒီတစ်ကြိမ်မှာတော့ စစ်တပ်ဟာ နိုင်ငံရေးပွင့်လင်းမှုမျိုးကို အကန့်အသတ် နဲ့ တောင် ခွင့်ပြုဖို့ ရည်ရွယ်ချက် မရှိဘူး” ဟု ဆိုသည်။ ဤသည်ကလည်း အမှန်ပင် ဖြစ်သည်၊ မင်းအောင်လှိုင်သည် စစ်တပ် ကို လက်လွှတ်လိုက်ရပြီ ဖြစ်‌၍ ၎င်းအတွက် အထူး သတိထားနေရမည့် အချိန်ဖြစ်လာသည်၊ လူထု အုံကြွမှု ကြီး ဖြစ်လာက ၎င်း၏ လူယုံတော် ရဲဝင်းဦးသည် မည်သို့ ရပ်တည်လာမည်ကို တပ်အပ် သေချာ ‌မပြောနိုင်တော့၊ ထို့သို့ ဖြစ်လာမည့် အရေးကို ဟန့်တားရန် အသေးအမွှားကအစ ပြင်းပြင်းထန်ထန် နှိမ်နှင်းသွားတော့မည် ဖြစ်သည်။

 

လောလောဆယ်တွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိ ရေး အတွက် ပထမဦးဆုံး အဓိကရည်မှန်းချက် အဖြစ် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်နေရာကို ပြန်လည်ရယူရန်နှင့် နိုင်ငံတကာ အဖွဲ့အစည်း များ နှင့် ပြန်လည် ဆက်ဆံရန် ကြိုးပမ်းလာမည် ဖြစ်သည်ဟု သူမက ဆိုသည်၊ အနူတောတွင် လူချော ဖြစ်နေသည့် မင်းအောင်လှိုင်သာ ထိုသို့ ကြံဆောင် နိုင်လိမ့်မည်ဟု အောက်က ငါးစာနူ များက ယုံကြည် နေကြသည်။

 

သို့သော် နိုင်ငံဝောာ် အတိုင်ပင်ခံ ကို မည်သူနှင့်မျှ ပေးမတွေ့ရဲဘဲ အကျဉ်းချ ထားသည့် အဖြစ် နှင့် လူတောတိုးဖို့က စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

 

"မင်းအောင်လှိုင်နဲ့ သူရဲ့ စစ်ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေဆီက အာဏာကို ခိုးယူခဲ့ကြတာဖြစ်ပါတယ်" ဟု Hunter Marston ဆိုသည်။ "အခုအခါမှာတော့ ထိုသို့ ခိုးယူခဲ့မှု ကို 'အရပ်သားအစိုးရထံ ပြန်လည်လွှဲပြောင်းပေးခြင်း' ဆိုတဲ့ ပုံစံမျိုးနဲ့ ဟန်ပြ ကြိုးစားနေခြင်းသာ ဖြစ်ပြီး ဒါဟာ ဒီမိုကရေစီမဟုတ်၊လှည့်စားမှုသက်သက်သာ ဖြစ်တယ်" ဟု ပြောခဲ့သည်။

 

ပြည်တွင်း၌မူ စစ်တပ်အပေါ် တော်လှန်ပုန်ကန်မှုမှာ အားကောင်း နေဆဲဖြစ်သည်။ ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ မကြာသေးမီက သွားရောက်ခဲ့သည့် Quinley က တော်လှန်ရေးအင်အားစုများသည် အစားထိုးအုပ်ချုပ်ရေး ယန္တရားများကို ဆက်လက်တည်ဆောက်နေကြကြောင်း ပြောကြားခဲ့သည်။

 

"အုပ်ချုပ်ရေးယန္တရားများကို တည်ဆောက်နေကြသလို၊ ဒီမိုကရေစီအုပ်ချုပ်ရေး၊ ဖယ်ဒရယ်မြန်မာနိုင်ငံနှင့် အခွင့်အရေးများကို လေးစားလိုက်နာသော နိုင်ငံတော်တစ်ခုဖြစ်လာရန်အတွက် ၎င်းတို့ယုံကြည်ထားသည့် တရားသောစစ်ကို ဆင်နွှဲနေကြခြင်းဖြစ်သည်" ဟု ၎င်းက ဆိုသည်။

 

"(လွှတ်တော် ပေါ်လာလို့ ) အပြီးသတ်နိဂုံးချုပ်သွားတာမျိုး မဟုတ်ပါဘူး။ ပြည်သူတွေဟာ တရားမဝင်တဲ့ အုပ်ချုပ်ရေးယန္တရားကို ဆက်လက်တွန်းလှန်နေကြဆဲပါ" ဟု ၎င်းက ဆိုသည်။

 

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မဟာမိတ်များသည် စစ်တပ်ခြေကုပ်ယူထားသည့် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသရှိ ကြယ်ပြောင်စခန်း၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ လေးကေစခန်း၊ ရွှေကျင်မြို့နယ်ရှိ လက်ယက်စခန်း၊ ဖာပွန်မြို့နယ်မြောက်ဘက်ရှိ ထနဲကျိုးနှင့် ကော်သွေးကျိုး စစ်စခန်းများကို ဧပြီလအတွင်း သိမ်းပိုက်ခဲ့သည်ဟု သိရသည်။ အလားတူ ဖလမ်းမြို့ ခွန်းလီရွာ စစ်တပ်စခန်း ချင်းတော်လှန်ရေးတပ်များက သိမ်းယူ နိုင်ခဲ့သည်။

 

တိုင်းပြည် ၏ အနာဂတ်ကို နေပြည်တော်တွင်သော်လည်းကောင်း၊ သံတမန်ရေး အရလည်းကောင်း ဆုံးဖြတ်မည်မဟုတ်။ စစ်အာဏာရှင်စနစ်မှ တသက်စာ လွတ်မြောက်နိုင်ရန်အတွက် လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် ကြံ့ကြံ့ခံနိုင်ရည်တို့ကို သက်သေပြခဲ့ပြီးဖြစ်သည့် မြန်မာလူငယ်တို့၏ ယုံကြည်ချက်၊ ဇွဲလုံ့လနှင့် ရွေးချယ်မှုများကသာ အဆုံးအဖြတ်ပေးမည် ဖြစ်သည် ဟု DVB တွင် ရေးသားထားသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!