အပစ်အခတ် ရပ်စဲမှု လက်ရှိအနေအထား

by Hla Soewai - Apr 13 2026

အီရန်ပါလီမန်ဥက္ကဋ္ဌက အမေရိကန်နှင့်ချုပ်ဆိုထားသည့် နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေးမှာ သုံးကြိမ်တိုင် တိုင် ချိုးဖောက်ခံခဲ့ရပြီးဖြစ်သဖြင့် နောက်ထပ်ဆွေးနွေးမှုများမှာ "အဓိပ္ပာယ်မရှိ" တော့ကြောင်း ပြောကြားခဲ့သည်။ အစောပိုင်းတွင် အီရန် က အစ္စရေးအနေဖြင့် လက်ဘနွန်ကို တိုက်ခိုက်နေခြင်းကို ရပ်တန့်မှသာ အပစ်ရပ်စဲရေးကို လိုက်နာမည်ဟု ပြောဆိုထားသည်။ 

 

အီရန်လုံခြုံရေးတပ်ဖွဲ့များနှင့် ဆက်နွှယ်နေသည့် သတင်းဌာနတစ်ခုကလည်း လက်ဘနွနတိုက်ခိုက်ခံနေရစဉ်အတွင်း ဟော်မုဇ်ရေလက်ကြား မှတစ်ဆင့် သင်္ဘောများ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ဟု ပြောလာခဲ့သည်။ 

 

တစ်ချိန်တည်းမှာပင် ဒေါ်နယ်ထရန့်က လက်ဘနွန်သည် "သဘောတူညီချက်တွင် မပါဝင်ကြောင်း" PBS သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

လင်ဘနွန်အပေါ် ထိုးစစ်ဆင်နေမှုနှင့် ပတ်သက်၍ အစ္စရေးအပေါ် နိုင်ငံတကာ၏ ဖိအားများ ပြင်းထန်လာခဲ့သည်။ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ကလည်း အီရန်နှင့်ချုပ်ဆိုထားသည့် အပစ်ရပ်စဲရေးကို လက်ဘနွန်အထိပါ တိုးမြှင့်သတ်မှတ်ရန် တောင်းဆိုခဲ့ကြသည်။ 

 

ဗုဒ္ဓဟူးနေ့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အာဏာပိုင်များက ပြောကြားခဲ့သည်။

 

သီးခြားဖြစ်ရပ်တစ်ခုအနေဖြင့်၊ အီရန်နှင့် အမေရိကန်တို့ အင်္ဂါနေ့နှောင်းပိုင်းတွင် အပစ်ရပ်စဲရန် သဘောတူညီပြီးနောက် ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနှင့် ယူအေအီး အပါအဝင် ပင်လယ်ကွေ့နိုင်ငံများတွင် အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ 

 

အီရန်အစိုးရနှင့် ထရမ့် တို့သည် ရေရှည်တည်ငြိမ်သော ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်း အလွန်ကွာခြားလျက်ရှိသည်။ ထရမ့်က အမေရိကန်အနေဖြင့် အီရန်၏ နျူကလီးယားပစ္စည်းများကို ပြန်လည်သိမ်းယူမည်ဟု အခိုင်အမာဆိုထားပြီး၊ အီရန်ကမူ နျူကလီးယားသန့်စင်ခွင့်နှင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ခွင့်ရရှိရန် လိုလားနေသည်။

 

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီက ဝါရှင်တန်အနေဖြင့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် အစ္စရေးမှတစ်ဆင့် စစ်ပွဲကို ဆက်လက်ဆင်နွှဲရေး နှစ်ခုအနက် တစ်ခုကိုသာ ရွေးချယ်ရမည်ဖြစ်ပြီး "နှစ်ခုလုံးကိုတော့ ရရှိနိုင်မည်မဟုတ်" ကြောင်း ပြောကြားခဲ့သည်။

 

ရေနံဈေးနှုန်းသည် တစည်လျင် ၉၄.၇၅ ဒေါ်လာ ထိ ကျဆင်းလာ‌ သော်လည်း စစ်ပွဲ မဖြစ်မီကထက် ၃၀ ရာနှုန်း မြင့်တက်နေသေးသည်။