မင်းအောင်လှိုင်အား စစ်လွှတ်တော် မှ ယနေ့တွင် ရန်ကုန်၊ နေပြည် တော်၊ တောင်ကြီး ဒေသများကို အုပ်ချုပ်ရန် သမ္မတ အဖြစ် တင်မြှောက်ပေးရမည် ဖြစ်သည်။
သို့သော် မင်းအောင်လှိုင် သမ္မတ ဖြစ်လာခဲ့မှု သည် တာထွက် မကောင်းတော့ဟု ဆိုရမည် ဖြစ်သည်။ တော်လှန်ရေး အင်အားစုများအကြား မကြုံစဖူး အောင် စည်းလုံးညီညွတ်လာပြီး တပ်ပေါင်းစု ဖွဲ့စည်းလာနိုင်ခြင်း၊ စီးပွားရေးပြိုလဲခြင်း နှင့် လူထု ကြီးသည်လည်း အနာဂတ်အတွက် မရေရာမှုနှင့် နေ့စဉ်ရှင်သန်ရေးအတွက် ပူပန်နေရခြင်းတို့ကြောင့် လူထုအတွင်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ မြင့်တက်နေရချိန် တွင် ၎င်း သမ္မတ တက်လုပ်မည် ဆိုသည်ကို နောက်ထပ် ဖိစီးလာသော သတင်းဆိုးကြီးဟု ခံယူလာသည့် အချိန် လည်း ဖြစ်သည်။
နိုင်ငံအနှံ့ လျှပ်စစ်မီး ပုံမှန်မရရှိသည့် အခြေအနေတွင် လောင်စာဆီသည် အဓိက အားကိုးရာ ဖြစ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့၏ စွမ်းအင် စု ဆောင်း နိုင်ရန် တားမြစ် ကန့်သတ်ထားမှု ကြောင့် လောင်စာဆီ ဈေးသည် တလ အတွင်း မှာပင် နှစ်ဆ ကျော် ခုန်တက်လာသည့် အရေး ကြောင့် ရင်ဆိုင်နေရသော စီးပွားရေး လူမှု ရေး အခြေ အနေ များသည် ပို၍ ပင် နစ်မွန်းလာနေပြီ ဖြစ်၍ အသက် တချောင်းကို မနည်း မွေးမြူနေရသည်။
တနိုင်ငံလုံးရှိ စက်သုံးဆီဆိုင်များသည် လူထု၏ မျှော်လင့်ချက်မဲ့စွာ ရုန်းကန်နေရသည့် ပြယုဒ် များ ဖြစ်လာခဲ့သည်။ ဆီဆိုင်အများစုတွင် လီတာ အနည်းငယ်မျှ ရရှိနိုင် ရေး အတွက် ရာနှင့်ချီသော ယာဉ်မောင်းများသည် တစ်ညလုံး မအိပ်မနေ စောင့်ဆိုင်းနေကြရပြီး၊ အချိန်ပြည့် တန်းစီစောင့်ဆိုင်းနေရသည့် မြင်ကွင်းမှာလည်း နိုင်ငံအနှံ့ အမြဲတမ်းလိုလို မြင်တွေ့နေရသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။
မြန်မာ သည် စက်သုံးဆီကို အရှေ့အလယ်ပိုင်းမှ တိုက်ရိုက်ဝယ်ယူခြင်း နေခြင်း မဟုတ် စင်ကာပူနိုင်ငံမှတစ်ဆင့် ပြန်လည်ဝယ်ယူနေခြင်း ဖြစ်၍ ဟော်မုဒ် ရေလက်ကြား ပိတ်ဆို့ မှု နှင့် တိုက်ရိုက် သက်ဆိုင်ခြင်းတော့ မရှိဟု ဆိုရမည် ဖြစ်သည်။
သို့သော် စင်ကာပူ ရေနံချက်စက်ရုံများသည် ၎င်းတို့ ချက်လုပ်ရန်လိုအပ်သော ရေနံစိမ်း ကို အရှေ့အလယ်ပိုင်းနိုင်ငံများမှ အဓိကတင်သွင်းရခြင်း ဖြစ်သည်။ စင်္ကာပူ သည် ရေလက်ကြား မလုံခြုံမှုကြောင့် သင်္ဘောအာမခံခများနှင့် သယ်ယူစရိတ်များ မြင့်တက်လာခြင်းသည်လည်း ဈေး နှုန်းလည်း တက်လာမည်သာ ဖြစ်သည်။
လက်ရှိတွင် စင်ကာပူသည် ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်မှု ဗဟိုချက်ဖြစ်ပြီး သိုလှောင်ကန် များစွာ ရှိသဖြင့် အလုံးစုံ ပြတ်လတ်သွားခြင်း မရှိ၊ ရောင်းပေး နေဆဲပင် ဖြစ်သည်။
ပြဿနာက စစ်အုပ်စု အဖို့ နိုင်ငံခြား ငွေများကို လူထု အား ဗုံးကြဲရန် လေယာဉ်ဆီ အတွက် မဖြစ်မ နေ ချန်ထားရ၍ ထို စက်သုံးဆီ များကို ဈေးကြီးပေးပြီး ဝယ်ယူဖို့ မတတ်နိုင်တော့ခြင်းပင် ဖြစ်သည်။
ဗဟုသုတ အဖြစ် တင်ပြရမည် ဆိုလျင် အရှေ့တောင်အာရှနှင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီ အရောင်းအဝယ်ပြုလုပ်ရာတွင် အခြေခံအဖြစ် Singapore Plat's Price (သို့မဟုတ်) MOPS (Means of Platts Singapore) ဆိုသည့် ဈေးနှုန်းညွှန်းကိန်း ကို အသုံးပြုကြသည်။
စင်ကာပူအခြေစိုက် ရေနံကုန်သည်များအကြား နေ့စဉ် အရောင်းအဝယ်ဖြစ်နေသော ဆီချော (သန့်စင်ပြီးသား ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီ) များ၏ ပျမ်းမျှဈေးနှုန်းကို Platts က တွက်ချက်ထုတ်ပြန်သည်။
မြန်မာသည် စက်သုံးဆီကို ပြည်ပမှ တင်သွင်းရာတွင် ကမ္ဘာ့ရေနံစိမ်း ဈေးထက် စင်ကာပူမှ ထွက်သော MOPS ဈေးနှုန်း ကို အဓိက ကြည့်ရသည်။
Singapore Plat's Price သည် အာရှဒေသတွင်းရှိ စက်သုံးဆီ တင်သွင်း/တင်ပို့သူများအားလုံး လက်ခံထားသော "ပေါက်ဈေး" ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆီဈေးတက်ခြင်း/ကျခြင်းကို ဆုံးဖြတ်ရာ၌ ဤ MOPS ဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း တို့မှာ အဓိကအဆုံးအဖြတ်ပေးသည့် အချက်များ ဖြစ်ကြပါသည်။
စင်္ကာပူ သည် နိုင်ငံတကာဈေးကွက်သို့ လောင်စာဆီများ ဆက်လက် တင်ပို့ရောင်းချနေဆဲ ဖြစ်သည်။
စင်ကာပူရှိ ဆီကုမ္ပဏီများသည် လက်ငင်းငွေချေနိုင်သည့် နိုင်ငံများနှင့် ရေရှည်စာချုပ်ရှိသည့် နိုင်ငံများကိုသာ ဦးစားပေး ရောင်းချလေ့ရှိသည်။ မြန်မာနိုင်ငံကဲ့သို့ ဒေါ်လာရှားပါးနေသော နိုင်ငံများအတွက် ဆီဝယ်ယူရန် ပိုမိုခက်ခဲလာသည်။
စင်ကာပူက ဆက်ရောင်းနေသော်လည်း စစ်ပွဲကြောင့် မြင့်တက်လာသည့် MOPS (Singapore Plat's Price) ဈေးနှုန်းကို မြန်မာနိုင်ငံက ပေးချေနိုင်မှု မရှိခြင်းကြောင့် ပြည်တွင်း၌ ဆီပြတ်လတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
မြန်မာပြည်တွင်း၌ လက်ရှိဖြစ်ပေါ်နေသော ဆီတန်းစီရခြင်းနှင့် ဆီပြတ်လပ်ခြင်း ပြဿနာများမှာ ဟော်မုဇ်ရေလက်ကြား အခြေအနေထက် ပြည်တွင်းက ဒေါ်လာရှားပါးမှုနှင့် စီးပွားရေး စီမံခန့်ခွဲမှု အကျပ်အတည်းများ နှင့် ပိုမိုတိုက်ရိုက် သက်ဆိုင်နေသည်ကို အထင်အရှား တွေ့မြင်လာရသည်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ဆိုးရွားတဲ့ ဖြစ်ရပ်တွေဖြစ်ပေမဲ့ ဒါတွေဟာ တစ်ခါမှ မကြုံဖူးတဲ့ အသစ်အဆန်းတွေတော့ မဟုတ်ပါဘူး။ ဒီပြဿနာအားလုံးဟာ မှန်ကန်တဲ့ မူဝါဒ ချမှတ် ပြီး ဖြေရှင်းလို့ရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။"ဟု မစ္စတာ ရှောင်တန်နဲလ် က နစ်ကီ အေးရှား ရီဗြူး အား ထောက်ပြခဲ့သည်။
"မြန်မာနိုင်ငံရဲ့ အခြေအနေကို မျှော်လင့်ချက်မဲ့ အောင် ဖြစ်လာစေတဲ့အချက်ကတော့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အုပ်စုသည် နိုင်ငံအတွက် လိုအပ်နေတဲ့ စီးပွားရေးပြန်လည်ဦးမော့မှုကို ဖော်ဆောင်ပေးဖို့ စိတ်ဆန္ဒရော အရည်အချင်းပါ မရှိတာ ကြောင့် ဖြစ် နေရပြီး၊ ၎င်းတို့ လုပ်နေပုံတွေက ဖြစ်သင့်တာနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါတယ်" ဟုလည်း ဆိုသည်။
အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်များသည် ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေရုံတင်မကဘဲ၊ ဒီပြဿနာတွေကို ဖန်တီးခဲ့တဲ့ "အဓိက လက်သည်တရားခံ" လည်း ဖြစ်တယ်ဟုလည်း ထောက်ပြခဲ့ပြန်သည်။
နစ်ကီ အေးရှားက ဆက်လက် ရေးသားရာတွင်စစ်အုပ်စုသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် စမ်းသပ် လုပ်ဆောင်နေသော်လည်း၊ လူထုအနေဖြင့်မူ မကြာမီကာလအတွင်း အသက်ရှူချောင်လာမည့် မျှော်လင့်ချက်မျိုး အနည်းငယ်မျှပင် မမြင်မိကြဟု ဆိုသည်။
လက်ရှိ အနေအထားသည် အလှည့်အပြောင်းကာလတစ်ခု သို့ ဦးတည် နေသော်လည်း နေ့စဉ်ရှင်သန်ရေးအတွက် ပင်ပန်းဆင်းရဲစွာ လုံးပန်းနေရမှုများက ၎င်းတို့ လွှတ် တော် အတွင်း ဘာတွေ လုပ်နေကြသည်ကို မည်သူမျှ စိတ်မဝင်စား နိုင် ဖြစ် နေကြသည်။
သာမန် ပြည်သူ တဦးအတွက်မူ လက်ရှိရင်ဆိုင်နေရသော စစ်ပွဲ၏ ဦးတည်ချက် သို့မဟုတ် မင်းအောင်လှိုင် သမ္မတ ဖြစ်လာမည်ကို လည်း နာမည် ပြောင်း အခမ်းအနား တခုထက် ပို၍ အလေး အနက် မထားကြ၊ ဆီ အနည်းငယ်ရရှိရန်ဟူသော နေ့ချင်းပြီးလိုအပ်ချက်က ပို၍အရေးကြီးနေပြီဖြစ်သည်။
နိုင်ငံတောင်ပိုင်း ကျေးလက်ဒေသသို့ ခရီးသွားနေသည့် ရန်ကုန်မြို့ခံတစ်ဦးကမူ လူထုသည် ယခုအခါ 'ရှင်သန်ရုံသက်သက် ရုန်းကန်နေရသည့် အခြေအနေ' (Survival Mode) သို့ ရောက်ရှိနေပြီး၊ နိုင်ငံရေးသည် 'အားလပ်ချိန်' မှသာ စဉ်းစားနိုင်သည့် ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။
၎င်းက ဆက်လက်၍ '(လူထုက) သူတို့ရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တာဝန်ရှိသူတွေက ဖြေရှင်းပေးဖို့ကိုပဲ ရိုးရိုးရှင်းရှင်း လိုလားနေကြတာပါ။ အခုလို အခြေအနေမျိုးမှာ စစ်ပွဲတွေအကြောင်းနဲ့ ရွေးကောက်ပွဲအကြောင်းတွေဟာ သူတို့ရဲ့ စိတ်အာရုံထဲမှာ မရှိတော့ပါဘူး' ဟု ပြောကြားခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!