စစ် ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း ဆယ်နှစ်တာ အမျှော်လင့်ကြီး မျှော်လင့်ခဲ့သည့် သမ္မတ အဖြစ် တက်လှမ်းအံ့ ဆဲဆဲ တွင် လွန်စွာ အံ့အားသင့်ဖွယ် ကောင်းသည့် သတင်း ထွက်ပေါ်လာခဲ့သည်။
ယင်းမှာ ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းအတွင်း နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နာတာရှည် ခါးရိုးဆစ်ဝေဒနာအတွက် ဆေးကုသမှု ခံယူခဲ့ကြောင်း စစ်အုပ်စုက တနင်္လာနေ့တွင် ထုတ်ပြန်ပြောဆိုခဲ့ခြင်း ပင် ဖြစ်သည်။
၎င်း ပင့်ခေါ်၍ ရောက်လာကြသော။ အိန္ဒိယ အထူးကု အဖွဲ့က သောကြာနေ့တွင် နေပြည်တော်ရှိ အမှတ် (၂) စစ်ဆေးရုံတွင် မင်းအောင်လှိုင်အား နှစ်နာရီကြာ ခွဲစိတ်ကုသမှု ပေးခဲ့ကြောင်း သိရသည်။
၎င်းသည် နာကျင်မှုနှင့် လှုပ်ရှားသွားလာမှု ခက်ခဲစေနိုင်သည့် ခါးရိုးဆစ်ယိုယွင်းပျက်စီးခြင်းနှင့် အာရုံကြောလမ်းကြောင်းကျဉ်းသည့် ဝေဒနာကို ခံစားနေရခြင်းဖြစ်ကြောင်း အထူးကုဆရာဝန်များက အတည်ပြုခဲ့ကြသည်။"
တာာဝန်များ ဆက်လက် ထမ်းဆောင်နေသည် ဟု ဆိုသော်လည်း မည်သို့ အခြေအနေ ဆိုက်နေကြောင်း ဖေါ်ပြထားခြင်း မရှိပေ။
ဆေးပညာ ကျွမ်းကျင်သူများ အဆိုအရအာရုရုတ်တရက်ထက် နှစ်ရှည်လများ ဖြစ်လာသည့် ရောဂါမျိုးဖြစ်ပြီး အာရုံကြောများ သိသိသာသာ ထိခိုက်ပျက်စီးကာ ပုံမှန်နည်းလမ်းများဖြင့် ကုသမရသည့် အခြေအနေကြောင့် အရေးပေါ် ခွဲစိတ်ကုသရခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ အကြီးစားခွဲစိတ်မှုမျိုး လုပ်ပြီးနောက် အနာကျက်နှုန်းနှေးနိုင်သလို နာလန်ထူချိန် ပိုကြာနိုင်ပြီး အများမြင်ကွင်း ပြန်ထွက်လာနိုင်ရန် အနည်းဆုံး ၄ ပတ်မှ ၆ ပတ်ခန့် အချိန်ယူရလေ့ရှိကာ အပြည့်အဝ နာလန်ထူရန်မူ ၃ လမှ ၆ လထိ ကြာမြင့်နိုင်သည်ဟု ဆိုကြသည်
မင်းအောင်လှိုင် အား ၎င်း ၏ ရုပ်သေး လွှတ်တော် မှ သမ္မတ အဖြစ် တင်မြှောက်ရန် တပတ်သာ လိုတော့သည့် အချိန်လည်း ဖြစ်သည်။
ထိုသို့ နိင်ငံရေး အရ ထိလွယ်ရှလွယ်သော အခြေအနေမျိုးတွင် အဆိုပါ သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၍ လည်း အံ့အားသင့်စရာ ဖြစ်လာခဲ့ရသည်။
သို့သော် မင်းအောင်လှိုင်သည် အကောင်းပကတိ သွားလာ လှုပ်ရှားနေရာမှ မည်သည့် လက္ခဏာမျှ မပြဘဲ ရုတ်ခြည်း ဆိုသလို လှုပ်ရှားသွားလာမှု ခက်ခဲစေသည့် ဝေဒနာ ခံစားနေရသည်ဟု ထုတ်ပြန်လာခြင်း ဖြစ်သည်။
စစ်တပ်အစဉ်အလာအရ ထိပ်ပိုင်းခေါင်းဆောင် များ၏ ကျန်းမာရေးကို လျှို့ဝှက်ထားလေ့ ရှိသော်လည်း ယခုလို ထုတ်ပြန်တာခြင်းသည် ပွင့်လင်းမြင်သာမှုကို ပြချင်သည်ထက်၊ ဖြစ်ပေါ်လာနိုင်သည် များကို ကြိုတင် ကာကွယ်သည့် အနေနှင့် လုပ်ငန်းဆောင်တာ များ ယိုင်နဲ့မှု မရှိ ဆိုသည်ကို ပြချင်ပုံ ရသည်ဟု ယူဆရသည်။
ထိုသို့သော သတင်းမျိုးသည် ယခုလို အချိန်မျိုးတွင် ထုတ်ပြန်စရာ မလို၊ စစ်အုပ်စု ဘက်က အခုလို ခေါင်းဆောင်ပိုင်းရဲ့ ကျန်းမာရေးအခြေအနေကို အသေးစိတ် ထုတ်ပြန်လာခြင်းအား ထူးခြားသည် ဟု ဆိုနိုင် ပေသည်၊ နိုင်ငံ၏ အမြင့်ဆုံး ရာထူးကို ရယူရမည် မင်းအောင်လှိုင်ကတော့ ယခုလို အချိန်မျိုးတွင် လှုပ်ရှားသွားလာမှု ခက်ခဲစေနိုင်ပြီး ဆီးနှင့် ဝမ်း မထိန်းနိုင်မည့် နာတာရှည် ရောဂါမျိုး ဖြစ်နေသည်ဟု ထုတ်ပြန်ခိုင်းသည် ဆိုသည်က ပင် တွေးရ ခက်နေသည်။
ခင်ရီ အား လွှတ်တော် ဥက္ကဌ အဖြစ် တင်မြှောက်ခဲ့မှုကို ယခုထိ တရုတ်၊ ရုရှား တို့က စိတ်ဝင်စားမှု မပြသည့်အပြင် မည်သည့် နိုင်ငံကမျှလည်း လွှတ်တော် အသစ် ပေါ်ပေါက်လာမှု အတွက် ချီးကြူး ဂုဏ်ပြုကြောင်း သဝဏ်လွှာများ မပို့ခဲ့ကြသည်ကို တွေ့နေရသည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။
ဦးရွှေမန်း အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး နောက်တစ်ရက်တွင် တရုတ်၊ ဗီယက်နမ်နှင့် ကူဝိတ်နိုင်ငံတို့က တရားဝင် ဂုဏ်ပြုလွှာများ ပေးပို့ခဲ့ကြပြီး၊ နောက်ရက်များတွင် တောင်ကိုရီးယား၊ ရုရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ လွှတ်တော်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရေးအဖွဲ့ (AIPA)၊ လာအိုနှင့် ပါကစ္စတန်နိုင်ငံတို့ကလည်း အသီးသီး ဂုဏ်ပြုခဲ့ကြသည်။
ခင်ရီသည် လွှတ်တော် ဥက္ကဌ အဖြစ် ပထမ ဆုံးအကြိမ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏ အထက်တန်း အကြံပေး အား လက်ခံတွေ့ဆုံခဲ့မှု ကိုလည်း စစ်အုပ်စု၏ သတင်း မီဒီယာများ တွင် တလုံးတပါမျှ ဖေါ်ပြခဲ့ခြင်း မရှိဘဲ ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာ တွင်သာ တွေ့ခဲ့ရသည်ကလည်း ထူးဆန်းနေပြန်သည်။
မတ်လ ၂၅ ရက်နေ့မှစ၍ နောက်ထပ် အကြောင်းကြားစာ မထုတ်ပြန်မီအထိ အစိုးရဝန်ထမ်းများအနေဖြင့် ဗုဒ္ဓဟူးနေ့တိုင်း အိမ်မှနေ၍ အလုပ်လုပ်ရန် လိုအပ်ကြောင်း စစ်အုပ်စု၏ ကာလုံ အဖွဲ့က သတင်း ထုတ်ပြန်လာခဲ့သည်။ ထို့အပြင် ယခုသီတင်းပတ်အတွင်း စက်သုံးဆီ ခွဲတမ်းစနစ်ကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ရာ၊ ယခင်က ၂၄ နာရီလျှင် တစ်ကြိမ် ဆီဝယ်ယူခွင့်ပြုထားရာမှ ယခုအခါ မော်တော်ယာဉ်၏ အင်ဂျင်ပါဝါအပေါ် မူတည်၍ တစ်ပတ်လျှင် တကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဝယ်ယူခွင့်ရှိတော့မည် ဖြစ် ကြောင်း၊ ဆီသိုလှောင်မှု အရန်ပမဏ သည် ယခင် ရက် ၄၀ ဟု ဆိုထားရာမှ ရက် ၅၀ အထိ ရှိနေပြန်သည်ဟု ဆိုသည်။
ထို နောက်ခံ အကြောင်းခြင်းရာများသည် မင်းအောင်လှိုင် နှင့် ၎င်း၏ အခင်းအကျင်းကို စစ်တပ် အတွင်း သဘောကျ ခြင်း မရှိဆိုသည်ကို ပြဆိုနေခြင်းလောဟု တွေးစရာ ဖြစ်လာရသည်။
Illustration credit - Myanmar Now