မြန်မာအပေါ် နိုင်ငံတကာ တရားရုံးတွင်တရားစွဲဆိုထားသော အမှုအား ကနေဒါ မှ နယ်သာလန် နှင့် အတူ ပူးပေါင်းပြီး ဂမ်ဘီယာအား ကူညီသွားမည် ဆိုသည့်အရေးသည်
ဘိန်းစားခြင်း အတူတူ တလုံး ပိုရှုခြင်သည့် လုပ်ရပ်မျိုးသာ ဖြစ်ပါတယ်၊
ကနေဒါသည် ၎င်းတို့ကိုယ်၌ ကပင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က နိုင်ငံ စတင် ထူထောင်လာပြီး အချိန်ကစပြီး ဌာနေ
အင်ဒီယန်းများအပေါ် ရက်စက်ကြမ်းကြုပ်စွာ ဆက်ဆံ ခဲ့မှုကြီးက အရိပ်ပမာ ကပ်ပါနေဆဲ ဖြစ်ပါတယ်။ ဌာနေ အင်ဒီယန်း လူနီများကို အစုလိုက်
အပြုံလိုက် သတ်ဖြတ်ခြင်းမျိုး မဟုတ်သော်
လည်း "ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များ ပျက်သုံးအောင်" ပြုလုပ်ခဲ့တယ်ဆိုတဲ့ cultural genocide" အဖြစ် အထောက်အထား တွေ အခိုင်အမာ ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။
လူနီ အင်ဒီယန်းများ၏ ဦးခွံရေ ကို ယူဆောင်
နိုင်သူကို ဆုငွေချီးမြှင့်ခြင်း၊ အစာရေစာ ပြတ်လတ်အောင် အမဲလိုက်၊ ငါးဖမ်းခွင့်များ ပိတ်ပင်သည့် နည်းဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ကာ မိမိတို့ အလိုရှိသလို စာချုပ်များ အတင်းအကျပ် ချုပ်ဆိုခြင်း၊ လူနီ အင်ဒီယန်း အမျိုးသမီးများနှင့် သမီးပျိုများအား သားကြောဖြတ်ခြင်း၊ ကလေးသူငယ်များကို အတင်း ဖမ်းဆီးကာ နှိပ်စက်ခြင်း၊ ဂေဟာများသို့ ပို့ကာ မြို့ကြီးများရှိ ကျောင်းများသို့ အတင်းအဓမ္မ တက်ရောက်ခိုင်းခြင်း၊ ၎င်းတို့၏ မြေများကို အဓမ္မ သိမ်းယူခြင်း အစရှိသည့် ရက်စက်မှုများကြောင့် ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်။
ဒီအဖြစ်အပျက်တွေကို ကနေဒါက ယခုအချိန်အထိ တရားဝင် ဝန်ခံခြင်း မရှိသေးပါဘူး။
ဒီအတွက် မြန်မာ အနေနဲ့ ကနေဒါ နိုင်ငံခြား
ရေး ဝန်ကြီး ဖရန်ဆွာ ရှန်ပိမ် နဲ့ နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီး စတက်ဖ် ဘလော့ခ် ကြေငြာချက်အား အထက်ပါ အချက်များကို ထောက်ပြပြီး clean hand မဖြစ်တဲ့ အတွက် ဝင်ပါနိုင်ခွင့် မရှိဘူးလို့ ကန့်ကွက်လာမှာ ဖြစ်တာမို့ နောက်ထပ် တနှစ်လောက် အငြင်းအခုံ လုပ်ရင်း ကြာသွားနိုင်ပါတယ်။
စစ်ဝါဒီများ အဖို့ မျက်စိတဆုံး မကြည့်တတ်
ကြသူများ ပီပီ ယခု ဟိဂ် တွင် တရားစွဲထားမှုသည့် လက်ရှိ ဘူမိ နိုင်ငံရေး အနေအထားကြောင့် ၎င်းတို့အပေါ် မည်သို့မျှ ထိခိုက်မှု မရှိနိုင်ဟု ငြင်းချက် ထုတ်ကောင်း ထုတ်နိုင်ပါတယ်။
ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း
မတွေးမိပဲ နေမည်မဟုတ်ပေ၊ သူမ ကိုယ်တိုင်ဟိဂ် သို့ သွားရောက်ခြင်းသည် စစ်ဝါဒီများကို အကာအကွယ် ပေးရန် မဟုတ်၊ ၎င်းတို့ကြောင့် သားစဉ်မြေးဆက် ထင်ကျန်ရစ်ခဲ့တော့မည့် အမဲစက်ကြီကို ဖြေဖျောက် ပေးနိုင်ဖို့ ကျရောက်လာတဲ့ သမိုင်းပေး တာဝန်ကို ကျေပြွန်အောင် တတ်နိုင်သမျှ ရုန်းကန်အားထုတ်ခြင်းမျှသာ ဖြစ်တယ်ဆိုတာ နားလည်သင့်ပါတယ်။
လက်ရှိ ကနေဒါ၊ တူရကီ၊ ဆာဗီယား အစ
ရှိတဲ့ နိုင်ငံတွေကို ၎င်းတို့ ကျူးလွန်ခဲ့တဲ့ အရိပ်မည်းကြီးက နှစ်ပေါင်း ရာကျော်လည်း တောက်လျှောက်ကပ်ပါလာနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ အပတ် ထုတ်ပြန်ခဲ့တဲ့
ရှန်ပိမ်-ဘလောခ့် ကြေငြာချက်သည် နိုင်ငံအတွက် တပန်းသာအောင် ပံ့ပိုးပေးခြင်းမျှသာ ဖြစ်ပါတော့တယ်။