စစ်အုပ်စု ၏ အောက်လွှတ်ဝောာ်၊ အထက်လွှတ်တော် ဖွင့်ပွဲ သတင်းများသည် ၎င်းတို့ အတွက် ကံမကောင်း အကြောင်းမလှ ဖြစ်ခဲ့ ရသည်က နိုင်ငံတကာ သတင်းစာမျက်နှာများတွင် မြန်မာတို့၏ တော်လှန်ရေး နှင့် ပတ်သက်ပြီး မီဇိုရမ် စင်္ကြန်လမ်း က်ို သုံး၍ ယူကရိန်း ဒရုန်းများ တင်သွင်း နေမှု အတွက်အိန္ဒိယ နှင့် ယူကရိန်း အကြား အငြင်းပွား မှု က ဖုံးလွှမ်းသွားခဲ့ခြင်းပင် ဖြစ်သည်။
လူတယောက် ဖြစ်စေချင်သည်များကို လူ ရာပေါင်းများစွာက ခေါင်းပေါင်းစ တလူလူ နှင့် ဝိုင်းလုပ် ပေးနေရသည့် ပွဲ မျိုး ဖြစ်နေသည်ကို ပြည်သူ တရပ်လုံးက သိနေကြသော်လည်း မျက်နှာ ပြောင်တိုက်ကာ အသုံးတော် ခံနေကြရသည်။ လွှတ်တော် ဥက္ကဌ ဆိုသူကလည်း ထိုင် ဖို့ ပြောရမည့် အရေး ကို ပင် ဘေးလူကို မေးနေရသည်၊ နောင်တွင် Bluetooth မှ တဆင့် နောက်က နေ ဘာပြောဘာလုပ် ဆိုကာ babysitting လုပ်ရမလို ဖြစ်နေသည်။
စစ်အုပ်စု အောက် လွှတ်တော်တွင် ရှမ်း တိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ မှ ခုနှစ် နေရာ၊ မွန် ညီညွတ်ရေး ပါတီ နှင့် ပအို့ အမျိုးသား အဖွဲ့က ငါးနေရာစီ၊ ကျန်နိုင်ငံရေး ပါတီများက ကိုးနေရာ ကို ခွဲဝေ ယူသွားကြသည် ဟု နစ်ကီ အေးရှား ရီဗြူးတွင် ရေးသားထားသည်။
အာဆီယံက ၎င်းတို့ လွှတ်တော်ကို အသိအမှတ် ပြုရန် ငြင်းဆိုထားပြီး "စစ်တပ်အနေဖြင့် အပစ်အခတ် ရပ်စဲရေးကို ဦးစွာဖော်ဆောင်ရန်နှင့် ထို့နောက် တစ်နိုင်ငံလုံး ပါဝင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်သာ တောင်းဆိုလိုက်သည်။
"မြန်မာနိုင်ငံမှာ စစ်အုပ်စု ကလွဲလို့ ကျန်တဲ့သူတွေက ဒီနောက်ဆုံးပေါ်လာတဲ့ လွှတ်တော်ကို အလေးအနက် မထားကြ" ဟု Asia Human Rights and Labour Advocates (AHRLA) ၏ ညွှန်ကြားရေးမှူး ဖေးလ် ရောဘတ်ဆင် က Nikkei Asia သို့ ပြောကြားခဲ့သည်။ "ဒီစစ်အစိုးရရဲ့ လွှတ်တော်ဟာ မင်းအောင်လှိုင်က မြန်မာပြည်သူတွေ အပေါ် နောက်ပြောင်လိုက်တဲ့ အဆိုးရွားဆုံး ပြက်လုံးတစ်ခုပဲ" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယခုလွှတ်တော်သစ်သည် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီနည်းကျ ရရှိထားသည့် ပြည်သူ့ဆန္ဒနှင့် "လုံးဝ ဆန့်ကျင်ဘက်" ပင် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် တနင်္လာနေ့တွင် အွန်လိုင်းမှတစ်ဆင့် ပြိုင်ဘက်လွှတ်တော်အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ CRPH ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ ယခုကဲ့သို့ အစည်းအဝေးများကို ရံဖန်ရံခါ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ (EU)၊ ဥရောပလွှတ်တော်၊ ပြင်သစ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ လွှတ်တော်များသမဂ္ဂ (IPU) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းအများအပြားက CRPH ကို တရားဝင်အသိအမှတ်ပြုထားပြီး ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်ဟု နစ်ကီ အေးရှား တွင် ဖေါ်ပြထားသည်။
တော်လှန်ရေး ဖက်ကလည်း အဆိုပါ လွှတ်တော် နှစ်ခုစလုံး အား "ပျက်စီးနေသော စနစ်ဟောင်းမှ အကြွင်းအကျန်များ" အဖြစ် ပယ်ချခဲ့ကြသည်ဟု ဆိုသည်။
CRPH အမတ်တဦး ကမူ "မိမိတို့၏ လွှတ်တော်သည် တော်လှန်ရေးအင်အားစု များ၏ စစ်ရေးအရ အောင်နိုင်မှုအပေါ်မှာပဲ လုံးလုံးလျားလျား မှီတည်နေရပြီး၊ နေပြည်တော်ရှိ လွှတ်တော်ကတော့ လက်ရှိ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေရသည့် စစ်အုပ်စု၏ ရလဒ် ပေါ် မူ တည် နေသည်" ဟု Nikkei သို့ ပြောကြားခဲ့သည်။
ပြည်သူများ၏ ဆန္ဒ နှင့် အညီ ပေါ်ပေါက်လာသည့် လွှတ်တော်ကို ၎င်းတို့ အလိုကျ ဖြစ်မလာ၍ သံချပ်ကာ ကား များ နှင့် ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြပြီး ရုပ်သေး လွှတ်တော်ကို မရမက ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
လွှတ်တော်နှင့်အပြိုင် စိုးဝင်းအား ဥက္ကဌ အဖြစ် ချောင်ထိုး မည်ဟု ယူဆရသော အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီသစ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ ဤလုပ်ရပ်သည် မင်းအောင်လှိုင်အနေဖြင့် အမည်ခံ အရပ်သားရာထူးကို ရယူပြီးနောက်တွင်ပင် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှုမြင် နေကြရသည်။
စစ်အုပ်စု၏ အထက် လွှတ်တော် ဥက္ကဌ အဖြစ် မင်းအောင်လှိုင်၏ နောက်ထပ် လူယုံ တဦး ဖြစ်သူ အောင်လင်းဒွေး အား တင်မြှောက်လိုက်ပြန်သည်။ ထို့အတွက် ခင်ရီ နှင့် အောင်လင်းဒွေးတို့ ကြီးကြပ်ပြီး စစ်ခေါင်းဆောင်၏ စိတ်တိုင်းကျ စေခိုင်းမှု အောက်တွင်သာ လည်ပတ်မည့် လွှတ်တော်ဖြစ်ကြောင်းမှာ ထင်ရှားလှသည်။
မင်း အောင်လှိုင် က ၎င်း၏ ဘယ်လက်ထဲက အာဏာကို ညာလက်ထဲကို ပြောင်းထည့်လိုက်သည့် လှည့်ကွက်တစ်ခု သက်သက်သာ ဖြစ်သည်ဟု South China Morning Post သတင်းစာ တွင် ရေးသားထားသည်။
၎င်းတို့ဖက် က တော့ လွှတ်တော်ကြီးသည် တိုင်းပြည် အား အာရုံကျင်း၍ ခေတ်သစ် သို့ ဖေါ်ဆောင် ပေးမည်ဟု ရွန်းရွှန်းဝေ အောင် ပြောနေသော်လည်း မြန်မာ တို့၏ မိတ်ဆွေကြီး ဖြစ်သူ မစ္စတာ ရှောင် တန်နဲလ်ကမူ မြန်မာ၏ စီးပွားရေးသည် war economy တခု ဖြစ်နေပြီး အရာရာတိုင်းသည် စစ်အုပ်စု ရေရှည်တည်တံ့နိုင်ရေးအတွက်ပဲ ဦးတည်ပြီး ပုံဖျက်ခံထားရသည်ဟု ဆိုသည်။
နိုင်ငံခြားသုံးငွေ ပြတ်လပ်နေပြီး လက်နက်ဝယ်ယူရန် ငွေကြေး အသည်းအသန် လိုအပ်နေသော စစ်ဗိုလ်ချုပ်များသည် ယခုအခါ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများအား ၎င်းတို့၏ လုပ်ခလစာများကို "မတရား သတ်မှတ်ထားသော ငွေလဲနှုန်း" ဖြင့် တရားဝင် ဘဏ်စနစ်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် အတင်းအကျပ် ဖိအားပေးနေကြောင်း ရှောင်တာနယ်က ဆိုသည်။
"တကယ့်ကို ရင်နာစရာကောင်းတဲ့ ကံကြမ္မာ အလှည့်အပြောင်းကတော့ ပြည်သူတွေဟာ သူတို့ကို ပြည်ပထွက်ခွာသွားအောင် အတင်းအကျပ် လုပ်ခဲ့တဲ့ စစ်အုပ်စုကိုပဲ အခု သူတို့က ပြန်ပြီး ငွေကြေးထောက်ပံ့ပေးနေရတာပါပဲ" ဟု ၎င်းက South China Morning Post သို့ ပြောကြားခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!