သိန်း ၂,၄၀၀ နှင့် ရွှေပြည်တော် မျှော်တိုင်း ပို ဝေးလာကြသူများ

by Hla Soewai - Sep 07 2020

အမေရိကန် ရဲ့ လက်ရှိ သမ္မတ ‌ဒေါ်နယ်ထရန့်သည် နိုင်ငံရေးနယ်ပယ်သို့ ယောင်တောင်ပေါင်တောင်နဲ့ ရောက်လာသူ ဖြစ်ပြီး သူ ရွေးကောက်ပွဲ ဝင်မယ်ပြောတော့ အားလုံးက ရီစရာလို့ သဘောထား ခံခဲ့ရသူ ဖြစ်ပါတယ်။

 

တိုတောင်းလှတဲ့ အချိန်အတွင်း မှာ ဝါရင့် ရီပတ်ဘလီကင် နိုင်ငံရေး သမားတွေ အပါအဝင် ဝါရှင်တန်ရှိ နိုင်ငံရေး အသိုက်အဝန်းတွေ အားလုံး သူ့နောက်လိုက်တွေ ဖြစ်ကုန်ပါတယ်။

 

ဒါကိုက သူရဲ့ အရည်အချင်း တရပ် လို့ ပြောလို့ရတဲ့ အပြင် သူ့ကို ထောက်ခံနေသူတွေရဲ့

တဇောက်ကန်း စိတ်ဓါတ်တွေကြောင့်လို့ပြောရင် မမှားပါဘူး၊ ဒါကြောင့် အခု ရွေးကောက်ပွဲ မှာ သူရှုံးနိမ့်သွားရင်တောင်မှ အိမ်ဖြူတော်ကနေ ဘယ်လို မောင်းချရမလဲ စဉ်းစားနေရတဲ့အထိ ဖြစ်လာနေပါတယ်။

 

ဒါတောင်မှ အမေရိကန် အုပ်ချုပ်ရေး စနစ်က check and balance နဲ့ လှုပ်မရ‌‌လုနီးနီး စီမံဖန်တီးထားတာ ဖြစ်ပါတယ်။

 

ဒီအတွက် မိမိတို့ရဲ့ မဲတပြားကို စိတ်ထင်တိုင်း ပေးခဲ့မယ်ဆိုရင် ဒီလို အနေအထားမျိုး ကြုံ လာရတော့မှာ မလွဲပါဘူး။

 

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မှာ အဲ့ဒီအချိန် အာဏာရ ပါတီကြီးက ထုံးစံအတိုင်း သူတို့ပဲ အနိုင်ရမယ်လို့ တွက်ထားပြန်တဲ့ အတွက် ပလန် ဘီ ဆိုတာ ရှိခဲ့ပုံ မရပါဘူး။ အခုအခါ အာဏာရသွားမယ် ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ဒုတိယအကြိမ် အမှားကို ကျူးလွန်ကြတော့ မှာ မဟုတ်ပါဘူး။

 

လာမယ့် ရွေးကောက်ပွဲအတွက်တော့ အရင်တခါလို ထင်တလုံးနဲ့ ရှိမနေကြတော့ပဲ သူတို့ ကြိမ်းသေရှုံးတော့မယ် ဆိုတာ သိနေပြီ ဖြစ်တဲ့ အတွက် ပိုပြီး ကောက်ကျစ်လာဖို့ ရှိနေပါတယ်။ ကျောင်းသားသမဂ္ဂကို ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ ဆိုပြီး ငွေပေးငွေယူလုပ်လာတာကိုကပေးတဲ့ ပမာဏ ကို ကြည့်ရင် ရွေးကောက်ပွဲ စောင့်ကြည့်ယုံတင် မကပဲ ပြီးသွားတဲ့ အခါမှာ မသမာမှုတွေ ရှိတယ်ဆိုပြီး ကျောင်းသားဆူပူမှု တွေ ဖြစ်လာအောင်ထိ လိုရမယ်ရ ရည်ရွယ်ထားပြီး ဖြစ်ပါတယ်။

 

၎င်းတို့အဖို့က NLD ကို တိုက်စရာ အကွက်ရှာမတွေ့နိုင် တာကြောင့် ဆူလွယ်နပ်လွယ် ဘာသာရေး အကွက် ကို မပြေးသော ကန်ရာရှိ ဆိုပြီး ခုချိန်ထိ တစိုက်မတ်မတ် သုံးနေရဆဲ ဖြစ်ပြီး ၎င်းတို့နဲ့ မဟာမိတ် ဖြစ်တဲ့ စစ်ဝါဒီများကလည်း စစ်ယူနီဖောင်းပေါ်မှာ ပိတ်ဖြူစတွေ စလွယ်သိုင်းပြီး လက်အုပ်တချီချီ လုပ်ပေးနေရရှာပါတယ်။ တပ်ချုပ်ကြီးရဲ့ ဩဝါဒ ဆိုသည်ကိုလည်း ကြည်ညိုလွန်းလို့ ဆိုကာဖြန့်ဝေနေပြန်ပါတယ်။

 

သုံးယောက်ရှိလာရင် ညီညွတ်လေ့ မရှိတဲ့ မြန်မာတို့ရဲ့ ဓလေ့စရိုက် နဲ့ ညွန်ပေါင်းဖွဲ့ပြီး အုပ်ချုပ်ဖို့ ကြံနေတာကိုက အတော်ကို ရီစရာကောင်းတဲ့ ပျက်လုံး ဖြစ်နေရတဲ့ အတွက် ပြောဆို ဝါဒ ဖြန့်နေတဲ့ လူတွေတောင် သူတို့ပြောတာ သူတို့ တကယ်တမ်း ယုံကြမှာ မဟုတ်ပါဘူး၊ ထိုသို့သော ညွန်ပေါင်း

မျိုးက တိုင်းပြည်အကျိုး အဘယ်သို့များ ညီညီညွတ်ညွတ် လုပ်နိုင်ပေမည်နည်း၊ လပိုင်း အတွင်းမှာပင် ဝန်ကြီးရာထူး အဝေမတည့်အချင်းချင်း အပေါက်အလမ်း မတည့်ကြတာနဲ့ ကို စစ်ဝါဒီတွေ လက်ထဲ ထည့်ပေး လိုက်ရတော့မှာ ဖြစ်ပါတယ်။

 

ဒါကို အဓိက အတိုက်အခံ ပါတီကြီးနဲ့ စစ်ဝါဒီတွေ က သိထားပြီး ဖြစ်ပါတယ်။ လောလောဆယ် အကြိုက် လိုက်ပြောပြီးနေနေကြတာ သာ ဖြစ်ပါတယ်။

 

အတိုက်အခံ ပါတီကြီး အနေနဲ့ အရင် ရွေးကောက်ပွဲတုန်းကလို အနေအထားမျိုး ကိုထိန်းထားနိုင်ဖို့ မလွယ်လှပါဘူး။ ယခုအခါ NLD စိတ်ကောက် ပါတီတွေ အလျိုလျို ပေါ်လာနေတဲ့ အတွက် သူတို့ ရမယ့် မဲတွေထဲက ခွဲပေးရဖို့ပဲ ရှိနေပါတယ်။ သူတို့အဖို့ မဲအများဆုံးရတဲ့ ပါတီကြီး ဖြစ်လာမှာ မဟုတ်တော့တဲ့ အတွက် ပါတီငယ်လေးတွေ နဲ့ တန်းတူ အဆင့် ပြန်ရောက်သွားဖို့ပဲ ရှိနေပါတယ်၊ အခုလို ပါတီငယ်လေးတွေ ပေါ်လာတာကိုက NLD ထက် သူတို့ကို ပိုပြီး ထိခိုက်လာ‌နေပါတယ်။

 

သို့သော် သူတို့ အဖို့က တိုင်းပြည် အုပ်ချုပ်ဖို့ ဒီလောက်စိတ်ပါလက်ပါ မရှိကြတော့တာ တွေ့ရပါတယ်၊ ဒါကို ပါတီကိုယ်စားလှယ်လောင်းတွေ ချပြရာမှာ သိသာနေပါတယ်။

 

အဓိကကတော့ သူ‌တို့ရဲ့ လက်ရှိ အကျိုးစီးပွားတွေ ကာကွယ်ထားနိုင်ရင်ကို ကျေနပ်နေမယ့်

အနေအထားမျိုး ရှိနေပါတယ်။ ဒါကြောင့် စောစောက ပြောသလို တခုတည်းသာ ကျန်တော့တဲ့ ထွက်ပေါက်အဖြစ် ညွှန်ပေါင်းပုံစံမျိုးကို မချစ်သော်လည်း အောင့်ကာနမ်းရင်း စစ်ဝါဒီတွေ လက်ထဲ အာဏာထိုးထဲ့ နိုင်ရေးပဲ ဖြစ်ပါတယ်။

 

ဒီလို စိတ်မပါ လက်မပါ ဖြစ်လာတာကို ရိပ်စားမိတဲ့ စာပေချစ်သူကြီးကလည်း နောက်တဖွဲ့ ပွဲထုတ်ပေးလာတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ စစ်ဝါဒီတွေ အာဏာသိမ်း အုပ်ချုပ်မယ့် ပုံစံမျိုးတော့ ခုချိန်ထိ အရောက်ခံလိုပုံမရသေးပါဘူး။

 

သို့သော် ထိုသို့သော အနေအထားမျိုး ဖြစ်လာရင် သူတို့လုပ်ရပ်ကို ထောက်ခံမှာဆိုလို တရုတ်ပဲ ရှိ‌နေပါတယ်။ သို့ပေသိ ရှီကျင့်ဖျင်အနေနဲ့ သူ့ကို အရှက်တကွဲဖြစ်အောင် မြစ်ဆုံ နဲ့ လုပ်ထားတဲ့ လူတွေကို တော့ အခဲမကျေ ဖြစ်နေဆဲပါ၊

 

ဒါကြောင့်လည်း မြစ်ဆုံကို ပြန်စဖို့ လွှတ်တော်ထဲမှာရော၊ အပြင်မှာပါ တရုတ်ကို အသံပေးပြီး သူတို့ သဘောထားကို သိအောင် လူသိရှင်ကြား ပြောရင်း ပြန်ချော့နေတာပဲ ဖြစ်ပါတယ်။

 

သူတို့ရဲ့ စွန့်စားမှုကို တရုတ်က ထောက်ခံဖို့ဆိုတာကလည်း လောလောဆယ် မရေမရာ

ဖြစ်နေပါတယ်၊ တရုတ်ကသာ မထောက်ခံရင်တော့ ချက်ခြင်းလက်ငင်းလို ဆက်ဒမ်ဟူ

စိန် ဘဝ ရောက်သွားဖို့လည်း ရှိနေပါတယ်။

 

တရုတ် အပါအဝင် အားလုံးက လောလောဆယ်မှာ သူတို့ အတွက် သေရေးရှင်ရေးလို

ဖြစ်လာနေတဲ့ အမေရိကန် ရွေးကောက်ပွဲကို စောင့်ကြည့်နေကြဆဲ ဖြစ်လို အဓိက မူဝါဒ ပိုင်းမှာ အပြောင်းအလဲ လုပ်ဖို့ လိုလား ကြပုံ မရှိတာ ‌တွေ့ရပါတယ်။

 

ဒေါ်နယ် ထရန့်သာ ဆက်နိုင်မယ်‌ဆိုရင်တော့ အရှေ့အာရှ တခွင် လက်နက် အပြိုင်အဆိုင်

တပ်ဆင်လာပြီး ယမ်းအိုးကြီးပေါ် ထိုင်ထား ရသလို ဖြစ်နေချိန်မျိုးမှာ တရုတ်က မြန်မာ

အား အရင်အတိုင်း စိတ်ချရမယ့် လက်ရှိ အစိုးရ လက်ထဲ ထည့်ထားခြင်မှာကတော့

အမှန်ပဲ ဖြစ်ပါတယ်။ မြန်မာကို အကြောင်းပြုပြီး တောင်ဖက် တံခါး ပေါက်ထွက်သွားမှာ မစိုးရိမ်ရတဲ့ အခြေအနေမျိုး ဖန်တီးထားလိုမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီလို မျိုး တည်ငြိမ်မှု အနေအထားကို NLD အစိုးရသာ ဖန်တီးနိုင်စွမ်း ရှိနေတယ် ဆိုတာလည်း သိထားပြီး ဖြစ်ပါတယ်။

 

ပြည်တွင်းမှာလည်း နိုင်ငံတော် အတိုင်ပင်ခံပေထက် အက္ခရာတင်ခဲ့တဲ့ စာလုံးလေးတလုံး

ကိုတောင် လေးဆယ်ခြောက်သိန်း တသောင်း ငါးထောင် ကျော် ပေးဝယ်ဘို့ဝင်မလေးတဲ့ တိုင်းပြည်မှာတော့ အာဏာငန်းငန်းတက်လိုသူများအဖို့ ရွှေပြည်တော် မျှော်တိုင်း ပို၍ ပို၍သာ ဝေးကြပြီပေါ့လို့ သာရေရွတ်ကြဖို့ ရှိနေပါတယ်။

 

ဒီအတွက် မိမိ တို့ အကြံ မအောင်မယ့် အတူတူ ပြည်သူတွေနဲ့ လက်တွဲပြီး တိုင်းပြည်တိုးတက်ရာ

တိုးတက်ကြောင်း လုပ်ဖို့ အချိန်မနှောင်းသေးပါဘူးလေ။