မြန်မာ၏ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဖေ့စ်ဘုတ်မှ ပြင်ဆင်နေမှုများ သတင်းထုတ်ပြန်

by Hla Soewai - Sep 02 2020

အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် အထောက်အကူ ဖြစ်စေရန် ဖေ့စ်ဘုတ်မှ ပြုလုပ်ရန်ရှိသည်များကို ဩဂုတ် လ ၃၁ ရက်နေ့ စွဲဖြင့် အရှေ့တောင် အာရှ နှင့် ပေါ်ထွန်းစ ဈေးကွက်များ ဆိုင်ရာ လူထု ပေါ်လစီ ညွှန်ကြားရေးမှုး Rafael Frankel မှ ထုတ်ပြန်ချက်ကို ကောက်နှုတ်တင်ပြထားပါသည်။

 

လာမည့် အပတ်မှ စတင်၍ နိုင်ငံရေး ပါတီများ သည် နိုင်ငံအနှံ့ မဲဆွယ်မှုများ ပြုလုပ်ကြတော့မည် ဖြစ်သည်။

 

ဖေ့စ်ဘုတ်သည် မြန်မာရွေးကောက်ပွဲ တည်ကြည်ခိုင်မာမှု ရှိရေး ဖြစ်ပေါ်အောင် သေချာစေရန် ပြုလုပ်ပေးသွားမည့် စင်မြင့် တခု ဖြစ်ပေါ်ရေး ကို ဦးတည်သွားမည် ဖြစ်သည်။ ၂၀၂၀ အတွင်း ကမ္ဘာတဝှမ်း ကျင်းပရန် ရှိနေသော ရွေးကောက်ပွဲများသည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် အခြေအနေများ ပိုမိုရှုပ်ထွေးလာကာ အကြိတ်အနယ် ယှဉ်ပြိုင်လာကြရန် ရှိနေပေသည်။

 

၂၀၁၅ နောက်ပိုင်း နိုင်ငံတွင်း ဖြစ်ပေါ်လာခဲ့သော အကြမ်းဖက် မှုများနှင့် အတူ လုံးဝ အထိအခိုက် မခံနိုင်သော လူမှုရေး နှင့် နိုင်ငံရေး အနေအထားများကို မိမိတို သိရှိထားပြီး ဖြစ်သည်။

 

ထို့အတွက် မိမိတို့ အဖွဲ့အစည်းမှ အဆိုပါ အနေအထားများ အား ပိုမိုသိရှိအောင် ၊ နားလည်အောင် နှင့် အန္တရာယ် မဖြစ်အောင် မည်သို့မည်ပုံ ပါဝင်နိုင်သည်ကို ကြိုးစားလာခဲ့ကြသည်။ မြန်မာအတွက် သီးသန့်အဖွဲ့တခုပင် ဖွဲ့စည်းထားခဲ့ပြီး ဖြစ်သည်။

 

နိုင်ငံတွင်း မဲဆန္ဒရှင်များ အကြား အုပ်စု ဖွဲ့ကာ မဲမပေးရန် သွေးဆောင်ခြင်း (Voter Suppression) နှင့် ရွေးကောက်ပွဲအား ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းမှားများ ထုတ်လွှင့်နေခြင်း ကို ကာကွယ်သွားမည် ဖြစ်သည်။ အကြမ်းဖက်မှုများ နှင့် အမုန်းတရားများ ဖြန့်ဖြူးနေခြင်းများကို သိရှိနိုင်သည့် စွမ်းရည် ကို တိုးမြှင့် သွားရေးလည်း ပါဝင်သည်။ ထိုအရေးအား ယခုမှ စ၍ နိုဝင်ဘာ ၂၂ ရက်အကြား အစွမ်းကုန် ဆောင်ရွက် သွားမည် ဖြစ်သည်။

 

အမုန်းတရား များအား မြန်မာ အပါအဝင် ဘာသာ စကား ၄၅ မျိုး ထဲမှ ရှာဖွေ ဖေါ်ထုတ်နိုင်မည့် အယ်ဂိုရီသမ် ကို အသုံးပြုနေပြီလည်း ဖြစ်သည်။

 

ထို့အတွက် ၂၀၂၀ ဒုတိယ လေးလပတ်အတွင်းမှာပင် ကျွနုပ်တို့၏ သတ်မှတ်ထားသော အဆင့်အတန်း နှင့် မကိုက်ညီသည့် အကြောင်းအရာပေါင်း ၂၈၀,၀၀၀ ကို ဖယ်ရှားခဲ့ပြီး ဖြစ်သည်။ ယင်းတို့အထဲမှာ ၉၇.၈% သည် ကျွနုပ်တို့ မသိရှိမီကပင် တက်ကြွစွာ လှုပ်ရှားနေခဲ့သူများ ဖြစ်သည်။ အမုန်းစကားများ နှင့် ပတ်သက်၍ ၂၀၂၀ ပထမပတ်အတွင်း အကြောင်းအရာ ပေါင်း ၅၁,၀၀၀ ဖယ်ရှားခဲ့သော်လည်း ပို၍ များပြားလာနေသည်ကို တွေ့ရှိရသည်။ ထိုအထဲမှ ၈၃% သည် နဂိုကပင် လှုပ်ရှားနေသူများ ဖြစ်နေကြပြန်သည်။

 

ယခုလမှစ၍ ကြော်ငြာ ထည့်လာသူများအတွက် ကြော်ငြာခအား မည်သူက ပေးချေသည် ဆိုသည်ကို ထည့်သွင်းထားခြင်းဖြင့် နောက်ကွယ်မှ အဖွဲ့အစည်းကို သိရှိအောင် စီမံထားခဲ့သည်။

 

ဖေ့စ်ဘုတ် အသုံးပြုသူများ အနေဖြင့် အဖွဲ့အစည်း အစစ်အမှန်ကို သိရှိ ဆက်သွယ်နိုင်ရန် နိုင်ငံရေး ပါတီ ၄၀ ကျော်အား ဘလူး မတ်ခ် ပေးထားခဲ့ပြီး ဖြစ်သည်။

 

အချို့လူများသည် တနှစ်မက ကြာမြင့်နေပြီ ဖြစ်သော ပုံများ၊ လက်ရှိ ဖြစ်ရပ်နှင့် မသက်ဆိုင်သော ပုံများကို အသုံးပြု၍ သုံးစွဲသူများ အား ဝေဝါးသွားစေရန်၊ ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်များ ဖြင့် ထည့်သွင်း လာကြသည်ကို တွေ့ရသည်။ မိမိတို့ အနေဖြင့် AI နည်းပညာ ဖြင့် အသုံးပြုကာ ဖယ်ရှားခဲ့ရသည်။

 

မက်ဆင်ဂျာကို အသုံးပြု၍ မက်ဆေ့ချ် အား တဆင့် ပြန်ပို့ခြင်းအားလည်း ငါးကြိမ်သာ ပို့နိုင်ရန် ကန့်သတ်သည့် ပုံစံအသစ်ကို ယခုအခါ မြန်မာ နိုင်ငံအတွက် ထည့်သွင်း ပေးထားခဲ့သည်။ နောက် ရက်သတ္တပတ်များ အတွင်း ကမ္ဘာတဝှမ်း တွင် စတင်တော့မည် ဖြစ်သည်။

 

ထို့အပြင် ပို့စ်များကိုလည်း BOOM, AFP Fact Check နှင့် Fact Crescendo တို့ကို သုံး၍ မှန်မမှန် စစ်ဆေးသွားမည်လည်း ဖြစ်သည်။

 

ထို့အပြင် လူထုအကြား အပြန်အလှန် ဆွေးနွေးမှုများ ကို လိုရာသို့ ပဲ့ကိုင်နိုင်ရန် ညှိနှိုင်း ပြုလုပ်နေကြသည့် ကမ္ဘာတဝှမ်း ရှိ ကွန်ယက် ၅၀ ကျော်ကို Coordinated Inauthentic Behaviour (CIB) အဖြစ် သတ်မှတ်ကာ ၂၀၁၉ ခုနှစ်အတွင်း ဖြုတ်ချနိုင်ခဲ့သည်။

 

၂၀၁၈ မှ စ၍ ထိုကဲ့သို့သော CIB ကွန်ယက် ၆ ခုကို မြန်မာနိုင်ငံ အတွင်း တွေ့ရှိလာခဲ့ရသည်။ အဆိုပါ ကွန်ယက် ၆ ခုသည် ၎င်းတို့ အဖွဲ့အစည်းများအကြောင်း မသိရှိနိုင်အောင် ဖုံးကွယ်ထားကြသည်။ သို့မှသာ လူထု အကြား ပြောဆို ဆွေးနွေးနေမှုများကို လိုသလို လမ်းကြောင်း ပြောင်းပေးနိုင်မည် ဖြစ်သည်။

 

ဤနည်း ဖြင့် ကမ္ဘာတဝှမ်း ဒီမိုကရေစီ ရွေးကောက်ပွဲများအား အနှောက်အယှက် ပေးလာသည်များ ကို ဟန့်တား နိုင်ခဲ့သည်ဟု ဖေ့စ်ဘုတ် သတင်းထုတ် ပြန်ချက်တွင် ဖေါ်ပြထားပေသည်။