စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်သူ ဗိုလ်နဂါးသည် စစ်တပ်ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည့် သတင်းများက ဝေဝေဆာဆာ ပါရှိလာခဲ့ပြီ ဖြစ်သည်။
ဗိုလ်နဂါး အမည်ခံ နိုင်လင်းသည် ၎င်း၏မိသားစုဝင်များနှင့်အတူ ယနေ့ ညနေ ၄ နာရီ ၅၀ ခန့်တွင် ပုလဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် စစ်တပ်စခန်းတခုထံ လက်နက် မျိုးစုံ ခြောက်လက် ယူလာကာ လက်နက် ချခဲ့ခြင်း နှင့် အတူ ပြည်သူ့ ချင်ဖတ် ဘဝ တရားဝင် ရောက်ရှိ သွားခဲ့ရပြီ ဖြစ်သည်။
သို့သော် ၎င်းတယောက်တည်းသာ ကိုယ်လွတ် ရုန်းသွားသည့် နောက်သို့ မည်သူတဦးတယောက်မျှ လိုက်ပါခြင်း မရှိပဲ BNRA တပ်ဖွဲ့ဝင် ၁၅၀ ဦးခန့်သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များထံသို့ ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လက်နက် အပ်နှံခြင်းများပြုလုပ်လျက်ရှိကြောင်း နှင့် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းသွားသော နိုင်လင်း အဖွဲ့သည် သက်ငယ်မုဒိမ်းမှု အပါအဝင် လူသတ်မှုများ ကျူးလွန်ထားကြောင်း NUG အစိုးရ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။
NUG အနေဖြင့် လုပ်သင့်သည်မှာ ကြာပြီ ဖြစ်သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ အကြား ညီညွတ်မှု ရှိကြောင်း ရန်သူ ဝမ်းမသာ အောင် လုပ် ပြဖို့ လိုအပ်နေ၍ ကာလကြာမြင့်စွာ သည်းခံနေခြင်း ဖြစ်မည်ဟု ယူဆရသည်။
နောက်တကြောင်းက NUG သည် ဒေသခံပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင် ရေး အတွက် အခွန်မူဝါဒများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေကြောင်းနှင့် လက်ရှိတွင် အခွန်ဂိတ်များအားလုံးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့နောက်ဆုံးထား၍ ပိတ်သိမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့မှု နှင့်လည်း သက်ဆိုင်နေသည်။
သည်း မခံနိုင်သည့် အဆုံး ပြစ်မှု ကျုးလွန်ထားသူများကို ဖမ်းဆီးဖို့ အင်အားသုံး၍ ကြိုးပမ်းခဲ့ရာမှ ပြန်လည် ခုခံ၍ ပစ်ခတ်မှု အချို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့ ပစ်ခတ်နေစဉ် အတွင်း စစ်တပ်သည် ၎င်းဖက်မှ နေ၍ ဂျိုင်ရို ကော်ပတာ ဖြင့် ဝင်ရောက် တိုက်ခိုက်ပေးလာခဲ့သည်။
ထိုတိုက်ပွဲအတွင်း ဗိုလ်နဂါး ဘက်သား ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ပြီး၊ ၉ ဦး ဖမ်းဆီးခြင်း ခံခဲ့ရကာ လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ တိုက်ပွဲ ပြင်းထန်လာနေစဉ် ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခြင်း ဖြစ်ပြီး စစ်တပ်မှ ၎င်း အား ရဟတ်ယာဉ် ဖြင့် ခေါ်ထုတ်သွားခြင်း ဖြစ်သည်။
ယခုအခါ စစ်တပ်မှ နိုင်လင်းထံမှ သတင်းများ နေရောညပါ အိပ်ခွင့် မပေးဘဲ နှိုက်ယူ နေပြီ ဖြစ်၍ တော်လှန်ရေး တပ်များ အနေဖြင့် အထူး သတိဝိရိယ ထားရတော့မည် ဖြစ်သည်၊ လိုအပ်လျင် မိမိတို့ အထိုင်စခန်းများမှ ဆုတ်ခွာကြ ရတော့မည်။
ယခုပင်လျင် ပုလဲမြို့ပေါ်တွင် ခြေကုပ်ယူထားသည့် စစ်အုပ်စု တပ်သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အင်အား ၆၀ နီးပါးဖြင့် အနောက်ဘက်သို့ စစ်ကြောင်းထွက်လာကြောင်း တော်လှန်ရေးအင်အားစုများ နှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်ဟု မြန်မာ နောင်းတွင် ဖေါ်ပြထားသည်။
၎င်း၏ တော်လှန်ရေး အပေါ် သွေးထိုးစကားများ ကိုလည်း မည်သူမျှ အယုံအကြည် ရှိကြတော့မည် မဟုတ်၊ သို့သော် စစ်တပ် အလိုကျ NUG ကို အပုတ်ချ စွပ်စွဲသည့် ရုပ်သံဖိုင်တော့ ထွက်ကောင်း ထွက်လာနိုင်သည်။
၎င်း၏ ခြုံခို တိုက်ခိုက်မှု များကြောင့် စစ်သား ၁၈၀ ခန့် သေဆုံးခဲ့ရသည့် အပေါ် ယခုအခါ မည်သို့ တုန့်ပြန်မည် ဆိုသည်ကား စောင့်ကြည့်ရမည်သာ ဖြစ်သည်၊ နဂါးဘဝမှ တီကောင် ဖြစ်သွား၍ ငါးမျှားချိတ် အတွက်သာ အသုံးဝင်သည်ဟု ယူဆခံရ မည့် သူ ဖြစ်သည်။
ပုံထဲတွင် ၎င်းဝတ်ထားသည့် ပြောက်ကျား စစ်ဝတ်စုံ၊ ယူလာသည့် လက်နက် ၆ လက်ကလည်း ပြည်သူများ၏ ချွေးနဲစာဖြင့် လှုဒန်းထားသည်များသာ ဖြစ်သည်။
Good riddance to bad rubbish! ဆိုသည့် အင်္ဂလိပ် စကားလည်း ရှိသည် မဟုတ်ပါလား၊ မြန်မာလို ဆိုက "အမှိုက် ထုတ်ကြီး ရှင်းသွားတာ ဝမ်းသာစရာပဲ" ဟူ၍ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!