ကမ္ဘာအမြင်တွင် ရယ်စရာ ကောင်းနေသော ‌ဒုတိယ အဆင့် ရွေးကောက်ပွဲ

by Hla Soewai - Jan 12 2026

၎င်းတို့၏ ရွေးကောက်ပွဲ အား အနည်းငယ်မျှ ဝေဖန် ယုံ ဖြင့် ကြီးလေးသော ထောင်ဒဏ် ချမှတ် နေပြီး လူထု ဖက်က စစ်တပ် နှင့် ရွေး ကောက်ပွဲ အား ခါးသီးစွာ မုန်းတီးနေကြသည့် အခြေအနေမျိုး တွင် ဒုတိယ အကြိမ် ပြန်လည် စတင်လာခြင်း ဖြစ်သည်။

 

စစ်အုပ်စု၏ ငါးဆယ် ရာနှုန်းကျော်ကျော် မဲလာထည့် ဆိုသည်ကို တချက် ကြည့်လိုက်ယုံ နှင့်ပင် အခြေအမြစ် မရှိ လိမ်ညာ ပြောနေသည်ကို သိသာနေသည်ဟု အမေရိကန်၏ Foreign Affairs မဂ္ဂဇင်း တွင် ရေးသားထားသည်။

 

လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီး ကြောင့် မြို့နယ် ပေါင်း သုံးပုံ တပုံခန့်တွင် မဲရုံများ ပင် မရှိ ဖြစ်နေသည်။ နိုင်ငံတဝှမ်း သန်း ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်လည်း ဖြစ်သည်။ မဲရုံ မရှိသည့် ဒေသများ၊ ထွက်ပြေး နေရသူ များ လည်း မဲပေးခွင့် မရှိ ဖြစ်နေချိန်တွင် ငါးဆယ် ရာနှုန်းကျော် မဲလာပေးသည်ဆိုသည်က ရယ်စရာ ဖြစ်နေရသည်ဟု နိုင်ငံတကာ လေ့လာသုံးသပ်သူ များက သုံးသပ်ကြသည်ဟု ရေးသားထားသည်။

 

ကုလ လူ့အခွင့် အရေး အထူး သံတမန် တွန် အင်ဒရူးက “မည်သည့်စံနှုန်းဖြင့်ကြည့်သည်ဖြစ်စေ၊ ယခု ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော၊ တရားဝင်သော ရွေးကောက်ပွဲ မဟုတ်။ နိုင်ငံတကာအသိုက်အဝန်းကို လှည့်စားရန်အတွက်သာ ရည်ရွယ်ဖန်တီးထားပြီး၊ မြန်မာပြည်သူများကို ပါဝင်လာစေရန် အကြီးအကျယ် ဖိအားပေးလုပ်ဆောင်ထားသည့် ပြဇာတ်တစ်ခုသာ ဖြစ်သည်" ဟု ပြင်းထန်သော အသုံးအနှုန်း များ ဖြင့် ဝေဖန်လိုက်သည်။

 

ထရမ့် အစိုးရက ရွေးကောက်ပွဲ နောက်ပိုင်း စစ်အုပ်စု ရုပ်သေး အစိုးရနှင့် အတိုင်းအတာ တခု အထိ ပြန်လည် ဆက်ဆံလာမည့် အလားအလာ များ တွေ့နေရ၍ အမေရိကန် Foreign Policy မဂ္ဂဇင်း မှလည်း “ရေရှည်ကို ကြည့်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအတွက် အဂတိလိုက်စားပြီး အကျပ်အတည်းဆိုက်နေသည့် စစ်အုပ်စုထက် ငြိမ်းချမ်း၍ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံသည်သာလျှင် ပိုမိုခိုင်မာသည့် မိတ်ဖက်နိုင်ငံ ဖြစ်လာ ပေမည်။ ဝါရှင်တန်အနေဖြင့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရေးထူထောင်ပြီး အမေရိကန်၏ မူဝါဒကို အပြောင်းအလဲလုပ်မည့်အစား၊ နိုင်ငံ၏ နောက်မျိုးဆက် ဒီမိုကရေစီကို တည်ဆောက်ကြမည့် မြန်မာ့အတိုက်အခံများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များအပေါ် ထောက်ပံ့ကူညီမှုများကိုသာ ပိုမိုတိုးမြှင့်သင့်ပါသည် ဟု သတိပေး ရေးသားလာခဲ့သည်။

 

ဝါရှင်တန်အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း မြန်မာနိုင်ငံသည် အမေရိကန်၏ အနှစ်သာရရှိသော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာနိုင်မည့် အနာဂတ်အတွက် အခြေခံအုတ်မြစ်များကို ကြိုတင်ချမှတ်ကာ ရေရှည်ရည်မှန်းချက်အပေါ်တွင်သာ အာရုံစိုက်သင့်သည်ဟု လည်း ဆိုသည်။

 

အားလုံးက လိမ်ညာလုပ်လာသော ရွေးကောက်ပွဲ မှန်း သိသိကြီး နှင့် စစ်အုပ်စု နှင့် ပြန်လည် ဆက်ဆံလာသူ မှန်သမျှ သည် ပြည်သူ များ ထက် ၎င်းတို့၏ လောဘ ကို ရှေ့တန်း တင်လာကြသူ များ အဖြစ် သမိုင်း၏ မှတ်တမ်း တင် ခံကြရတော့မည် သာ ဖြစ်သည်။

 

CNN, The Guardian, BBC, New York Times ကဲ့သို့ အထင်ကရ သတင်းမီဒီယာများ တွေ့ဆုံ စကား ပြောခွင့် ရခဲ့သူ တိုင်း မျှော်လင့်ချက် မဲ့ပြီး စိုးရိမ် ထိတ်လန့်စိတ် များ နှင့် မဲရုံများသို့ ရောက်လာကြသူများ ခြည်း ဖြစ်နေသည်ဟု မှတ်ချက်ချခဲ့ကြသည်။

 

သို့သော် ထိုအထဲတွင် အိမ်ရှင်မတဦး ဖြစ်သူ ဒေါ်အေးအေး ဆိုသူက အင်ဒီးပင်းဒင့် သတင်းစာကြီးကို ယခုလို ရဲဝန့်စွာ ပြောပြခဲသည်။

 

"ကျမကတော့ ကျမတို့ကို ရေရှည် ဖိနှိပ် အုပ်ချုပ် သွားလို့ရအောင် လုပ်လာတဲ့ ဒီလို ရွေးကောက်ပွဲ အတု မျိုးကို မဲသွားထည့်ရလောက်အောင် မမိုက်မဲဘူး၊ မင်းအောင်လှိုင် အာဏာ ရူးနေတာလည်း လူတိုင်း သိပြီးသား။

 

သူ့ ကြောင့် လူပေါင်းထောင်ချီ အသတ်ခံခဲ့ရပြီးပြီ။ လူပေါင်းသိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီ။ အိမ်တွေ လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသလို၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီကျောင်းပေါင်း ရာနဲ့ချီပြီးတော့လည်း ပျက်စီးခဲ့ရပြီ။ ဒါတွေအားလုံးကို သိရက်နဲ့... ကျွန်မ ဘာကြောင့် မဲပေးရမှာလဲ။

 

ကျမ ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို နည်းနဲ့ မှ မပြောင်းလဲဘူး၊ သူတို့ ဘယ်လိုဘဲ ခြိမ်းခြောက် ခြိမ်းခြောက် ကျမ ဂရုမစိုက်ဘူး။

 

ကျွန်မရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ (အဖမ်းခံထားရတဲ့) သမီးလေး အိမ်ကို ပြန်ရောက်လာပြီး ရင်ခွင်ထဲ ထည့်ဖက်ထားချင်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြစ်ကင်းစင်တဲ့ အပြုံးကို တကျော့ပြန် မြင်တွေ့ခွင့်ရဖို့ရယ်၊ နောက်ပြီး သူပေးနေကျ ခွန်အားဖြစ်စေမယ့် အသံလေးကို ပြန်ကြားချင်တာရယ်ပါပဲ။"

 

အသက် ၆၅ နှစ်ရှိ ဆံသ ဆရာ ဦးကြည် ဆိုသူ့ကလည်း “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းဖြစ်သလို၊ ကျွန်တော်တို့နိုင်ငံအတွက် စံပြခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ဘယ်တော့မှ အရှုံးမပေးဘူး၊ ဘယ်တော့မှ ဒူးမထောက်ဘူး၊ ဘယ်တော့မှလည်း ဦးမညွှတ်ဘူး။" ဟု ပြောခဲ့သည်။

 

ယခုထိတော့ မဲလာမထဲ့သည့် ဒေါ်အေးအေး၊ ဦးကြည်တို့လို လူများကို အနှောက်အယှက် ပေးသည့် သတင်းမျိုး တော့ ထွက်မလာသေးပေ၊ ပထမ တကြိမ် တွင် ၎င်းတို့ ဘာလုပ်မှန်း မသိ၍ ကြောက်ကြောက်နှင့် မဲလာထဲ့သူ အများ အပြား ရှိနေသည်။

 

ယခု ကတော့ ပထမ အကြိမ် နှင့် ပင် မင်းအောင်လှိုင်သည် လိုဘ ပြည့်သွားပြီ ဖြစ်၍ နောက်ထပ် နာမည်ပျက်ခံပြီး မဲလာမထည့်သူများ ကို ဒုက္ခ ပေးတော့မည် မဟုတ်။

 

ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!