NUG ဝန်ကြီး အဖွဲ့ အပြောင်းအလဲ၊ ဒေါက်တာ ဇော်ဝေစိုး ဦးဆောင်မှု နေရာ ရောက်ရှိ

by Hla Soewai - Dec 15 2025

စစ်အာဏာ ရှင် ဆန့်ကျင်‌ ရေး တိုက်ပွဲ ရှည်ကြာလာ‌ နေသည့် အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့သည် လုပ်ငန်း ဆောင်တာ များ ပိုမို မြန်ဆန်စေရန် ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲမှု များ စတင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

 

အဓိက အားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ညှိနှိုင်း ပူးပေါင်းသွားနိုင်ရေး အတွက် ရည်ရွယ်သည်ဟု ဆိုသည်။

 

ထိုသို့ အပြောင်းအလဲ ပြုလုပ်ရာတွင် ဝန်ကြီးဌာန အမြောက်အမြားကို ဖျက်သိမ်းလိုက်ပြီး ‌အဆင့်မြင့် ခေါင်းဆောင်ပိုင်းတွင် ပါဝင်သည့် ဒေါက်တာ ဇော်ဝေစိုး အား ဝန်ကြီးချုပ် ရုံးသို့ ရွှေ့ပြောင်းတာဝန် ပေးခဲ့သည်။ 

 

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီမှ အတည်ပြုပေးခဲ့သည့် ဝန်ကြီး အဖွဲ့ အပြောင်းအလဲတွင် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော် အတိုင်ပင်ခံ၊ ဦးဝင်းမြင့်သည် သမ္မတ အဖြစ် ဆက်ရှိနေမည် ဖြစ်ပြီး ယာယီ သမ္မတ အဖြစ် ဒူးဝါ လရှီးလ၊ ဝန်ကြီးချုပ် အဖြစ် ဦးမန်းဝင်းခိုင်သန်းတို့မှ ဆက်လက်တာဝန်ယူသွားမည် ဖြစ်သည်။

 

နိုင်ငံ တဝှမ်းရှိ ထိန်းချုပ်ထားသော တော်လှန်ရေး နယ်မြေများ ခိုင်မာတောင့်တင်းမှု ရှိရေး နိုင်ငံရေး အရ ပိုမို‌အားကောင်းမှု ကို ပြသရန် လိုအပ်‌၍ ဖြစ်သည်ဟု NUG အထက်တန်း တာဝန်ခံတဦးက မြန်မာနောင်းကို ပြောခဲ့သည်။

 

ဒေါက်တာ ဇော်ဝေစိုးသည် ယခုအခါ မြေပြင်သို့ ကွင်းဆင်း ဆောင်ရွက်နေပြီး ဒုဝန်ကြီးများက ကျန်းမာရေး နှင့် ပညာရေး လုပ်ငန်းများ ဆက်လက်တာဝန်ယူထားကြသည်။ ဒေါက်တာ ဇော်ဝေစိုးသည် ထိုထက်မက တာဝန်ယူလိုသည့် ဆန္ဒရှိ၍ ခွင့်ပြုရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါ ဒေါက်တာဇော်ဝေစိုးသည် ဝန်ကြီးချုပ်ရုံး ဝန်ကြီး အဖြစ် လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုနှစ် အစောပိုင်းမှစ၍ ၎င်းသည် ပြည်ပမှ ပြန်‌ ရောက်လာပြီး နိုင်ငံ မြောက်ပိုင်း တွင် တော်လှန်ရေး အဖွဲ့များ နှင့် အတူ စတင်လှုပ်ရှား ဆောင်ရွက်နေသည်။

 

NUG သည် စတင် ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ဧပြီ ၁၆ တွင် ဝန်ကြီးဌာန ၁၀ ခု ရှိခဲ့ရာမှ နောက်ပိုင်းတွင် ၁၇ ခုထိ တိုးချဲ့လာခဲ့သည်။ ယခုအခါ ၁၂ ခုထိ ပြန်လည် လျော့ချလိုက်သည်။ ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများ အပြောင်းအလဲ မရှိဘဲ ဦးရည်မွန်၊ ဦးလွင်ကိုလတ် နှင့် ဒေါ်‌ဇင်မာအောင်တို့ က ဆက်လက်ဦးဆောင်သွားမည် ဖြစ်သည်။ ၎င်းတို့ အားလုံးသည် NUG စတင် ဖွဲ့စည်းစဉ်ကတည်းက အဆိုပါ ဝန်ကြီးဌာန များကို တာဝန်ယူခဲ့ကြသူများ လည်း ဖြစ်သည်။

 

ဖျက်သိမ်းလိုက်သော ဝန်ကြီးဌာနများမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ ပို့ဆောင် ဆက်သွယ်ရေး၊ အလုပ်သမား၊ အမျိုးသမီး လူငယ် နှင့် ကလေးများရေးရာ ဝန်ကြီး‌ဌာနများကို ဖျက်သိမ်းလိုက်သည်။ အလုပ်သမား အား လူကယ်ပြန် ထဲ ထည့်သွင်းခဲ့သည်။ ဒုနိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦး နေရာတွင် ဦးဒေးဗစ် ဂွမ် အောင် နှင့် အစားထိုးလိုက်သည်။

 

ဦးဇော်ဝေစိုးသည် ဦးဆောင်မှု နေရာ ပါလာပြီး ဝန်ကြီးဌာန အချို့ ဖျက်သိမ်းလိုက်ခြင်းမှ လွဲ၍ သိသိသာသာ ပြောင်းလဲခြင်း မရှိသေးဟု ဆိုရမည် ဖြစ်သည်၊ ထိုသို့ ပြောင်းလဲ လိုက်ခြင်းသည် တော်လှန်ရေး ကြာမြင့် နိုင်သည့် ဟု ယူဆနေ၍လည်း ဖြစ်နိုင်သည်ဟု ပြောဆိုမှု များ ရှိနေသည်။

 

NUG ၏ စစ်ဆင်ရေး များ အတွက် အဓိက တာဝန်ခံ ဖြစ်သူ၊ အရေးပါဆုံးလည်း ဖြစ်သည့် ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကွန်မင်း နှင့် ဒီဇင်ဘာ ၇ ရက်နေ့ နောက်ပိုင်း အဆက်အသွယ် ပြတ်တောက်သွား၍ စစ်အုပ်စု ၏ ဖမ်းဆီးခံသွားရပြီလားဟု စိုးရိမ်မကင်း ဖြစ်လာနေသည်။ ဦးကွန်မင်းသည် ထင်ထင်ပေါ်ပေါ် နေသူ မဟုတ်ဘဲ ၎င်း၏ မျက်နှာကိုပင် ဓါတ်ပုံများတွင် ဖုံးထား‌လေ့ရှိသည်။

 

ရှမ်းမြောက် နှင့် စစ်ကိုင်းတိုင်း နယ်စပ် အနီး ‌ဖမ်းဆီးခံရဖွယ် ရှိသည်ဟု တော်လှန်ရေး တပ်ဖွဲ့များက ခန့်မှန်းခဲ့ကြသည်။ ပြည်ထဲရေး ဝန်ကြီးဌာနကမူ သေချာပေါက် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လုံခြုံရေး အတွက် စိုးရိမ်စရာ ဖြစ်လာနေ၍ အပူတပြင်း စုံစမ်းနေကြောင်း၊ မြန်မာနောင်း၏ မေးမြန်းမှု ကို အကြောင်းပြန်ခဲ့သည်။

 

စစ်အုပ်စုသည် ဦးဖြိုးဇေယျာသော် အား ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း တွင် ၎င်းအား ရန်ကုန် မြေအောက်တော်လှန်ရေး အတွက် အဓိက စည်းရုံး လှုပ်ရှားနေသူ အဖြစ် ပစ်မှတ်ထား အလိုရှိနေသည်ဟု သိရသည်ဟု မြန်မာနောင်းတွင် ရေးသားထားသည်။

 

အတည်ပြုနိုင်ခြင်း မရှိသေးသော သတင်းများအရ PNO မှ ဖမ်းဆီးသွားသည်ဟုလည်း သိရသည်။

 

ဒီဇင်ဘာ ၅ ရက် ညရှစ်နာရီ ဝန်းကျင် တွင် ဒီပဲယင်း မြို့နယ် အတွင်းရှိ မရကန် ကျေးရွာ လ္ဘက်ရည်ဆိုင်ထဲတွင် အရှေ့တောင် အာရှ အားကစားပွဲ၏ မြန်မာ-ဖိလစ်ပိုင် ဘော်လုံးပွဲအား ရုပ်မြင်သံကြား မှ တိုက်ရိုက် ထုတ်လွှင့်သည်ကို ကြည့်ရှုနေကြစဉ်တွင် စစ်အုပ်စု၏ အကြမ်းဖက် လေတပ်မှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ ၁၈ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရရှိသွားသည်ဟု လန်ဒန် ဒေးလီးမေးလ် မှ ပြည်တွင်းသတင်းများကို ကိုးကား ဖေါ်ပြထားသည်။

 

လေယာဉ် အချက်ပေးသံ ကြားရသော်လည်း ရှောင်တိမ်းချိန် မရလိုက်ဘဲ လျင်မြန်စွာ ချဉ်းကပ်လာနေသော ဂျက်တိုက်လေယာဉ် နှစ်စီးမှ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

 

ထိုသို့ တိုက်ခိုက်ပြီး နှစ်ရက်အကြာ တနင်္ဂ‌ နွေ နေ့တွင် ထိုင်းနိုင်ငံခြား ရေး ဝန်ကြီး သီဟစက် ဖူအံကေ့ကဲဗ် ဦးဆောင်သော ထိုင်း ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော် သို့ ရောက်ရှိလာသည်။

 

 ၎င်းမှ ရွေးကောက်ပွဲ ပြီးပါက ‌‌ အေးအေးချမ်းချမ်း အာဏာလွှဲပြောင်း ပေးရန် နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်း အဖြစ် နိုင်ငံရေး အသွင် ကူးပြောင်းမှု များ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း မင်းအောင်လှိုင်အား ပြောဆိုခဲ့သည်။

 

ထိုင်းဖက်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှု များ ရှိနေ၍ သတိဝိရိယ ဖြင့် ပြုလုပ်ရန်လည်း ပြောဆိုခဲ့သည်။

 

ပြီးခဲ့သည့် လအတွင်းက စစ်အုပ်စု ၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး ယုံကြည်နိုင်စရာ မရှိ၍ ထိုင်း အနေဖြင့် ထွက်ပေါ်လာသော ရလဒ်ကို အသိအမှတ် ပြု နိုင်မည့် အနေအထား ရှိလာမည် မဟုတ်ဟု လူသိရှင်ကြား ပြောထားခဲ့ပြီးလည်း ဖြစ်သည်။

 

သို့သော် ထိုနေ့မှာပင် မင်းအောင်လှိုင်မှ လက်ရှိ အခြအနေများ ကြောင့် စစ်တပ်၏ နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍ ဆက်ရှိနေမည် ဆိုသည်ကို ၎င်းတို့၏ သတင်းစာများက ရှေ့မျက်နှာဖုံးတွင် ဖေါ်ပြလာသည်။ လက်နက်ကိုင် ပဋိပက္ခများ မရှိမှ တဖြေးဖြေး လျော့ချသွားမည်ဟုလည်း ဆိုသည်။

 

‌၎င်း၏ မစဉ်းစား မဆင်ခြင် အာဏာသိမ်းခဲ့သည့် လုပ်ရပ်ကြောင့် ပြည်သူများသည် ဘော်လုံးပွဲ ကိုပင် စိတ်ချလက်ချ မကြည့်ရဲကြတော့ဘဲ ယခု အချိန်အထိ နှစ်ဖက် အသေအပျောက်သည် ၉၀,၀၀၀ ခန့် ရှိနေသည်ဟု ကမ္ဘာလက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသ နှင့် အချက်အလက်များ စုဆောင်းရေး အဖွဲ့က ထုတ်ပြန်ထားသည်။

 

စစ်အုပ်စု၏ ရွေးကောက်ပွဲ အား ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြပွဲများ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ကမ္ဘာအနှံ့တွင် ပြုလုပ်ခဲ့ကြသည်။ အာရှ၊ မြောက်အမေရိကား၊ ဥရောပ မြို့ကြီးများရှိ မြန်မာ တိုင်းရင်းသား များက နိုင်ငံတွင်းရှိ ပြည်သူများကို အကြမ်းဖက် နှိပ်စက်နေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ အား အသိအမှတ် မပြုရန် ၎င်းတို့ နေထိုင်ကြရာ နိုင်ငံများ၏ အစိုးရများကို တခဲနက်တောင်းဆိုခဲ့ကြသည်။

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!