နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု တွင် အုပ်ချုပ် ရေး ပိုင်းတွင်သာ ဒီမိုကရေစီ ဖါးတပိုင်း ငါးတပိုင်း ရရှိ နေသော်လည်း လူထု အဖို့က လွတ်လပ် ပျော်ရွှင်စွာ နေခွင့်ရခဲ့သည်။ ရောင်းဝယ် ဖေါက်ကားခွင့် ရခဲ့ကြသည်။
ထို အရေး ကို မည်သို့မျှ မရှုစိမ့်နိုင်ဘဲ ၎င်းတို့သာ နိုင်ငံကို အုပ်ချုပ်ပိုင်ခွင့် ရှိသည်ဆိုကာ ခေတ်အဆက်ဆက် ခံယူထားကြသော ဒေါ်စိန်အေး ကျောင်းဆင်း ဗိုလ်ချုပ်များက နိုင်ငံတကာ အတွက် ရယ်စရာ ကောင်းလှသည့် အကြောင်းပြချက် ဖြင့် လူထု အပ်နှင်းထားသော အာဏာ ကို အကြမ်းဖက် လုယူ ခဲ့ကြသည်။
သို့သော် ပိုနေမြဲ ကျားနေမြဲ ဆက်လက် ထိန်းသိမ်းထားဖို့တော့ မရည်ရွယ်ဘဲ အညွန့်တလူလူ ထွက်လာနေပြီ ဖြစ်သော ဒီမိုကရေစီ အဆောက်အအုံ ကြီး ကို အပြီး သတ် ဖြိုလဲ နိုင်ရန် တဆင့်ပြီး တဆင့် စီမံလာခဲ့သည်။
ထိုသို့ ဖျက်ဆီးခဲ့ကြပုံများကို အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ နိုင်ငံတကာ မှ အမှတ်ရစေရန် ခုနှစ်သက္ကရာဇ် ရုပ်ပုံ ကားချပ်များ နှင့် ယခုလို စနစ်တကျ ရှင်းပြထားခဲ့သည်။
ဖေဖေါ်ဝါရီ ၁, ၂၀၂၁
နိုင်ငံတော် အာဏာကို အကြမ်းဖက် သိမ်းယူ၊ ခေါင်းဆောင်များကို ဖမ်းဆီး။
မဲသမာမှု များ ရှိသည် ဆိုကာ ရွေးကောက်ပွဲ ကော်မရှင်ကို ထိန်းချုပ်
ဖေဖေါ်ဝါရီ၊ ၂၀၂၃
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒ ပြဋ္ဌာန်း၍ အဖွဲ့ဝင် ဖြစ်မှု၊ ရံပုံငွေ ထားရှိမှု များ ကန့်သတ်လာပြီး ပြစ်မှု ကျုးလွန်သော ပါတီဝင်များ အား တားမြစ်ခြင်း ဖြင့် အတိုက်အခံ လုပ်မှု များကို ဘေးဖယ်ထုတ်လာခဲ့သည်။
(အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ စုစုပေါင်း ၁၅၄ ဦးကို ဖမ်းဆီးခဲ့သည်။)
မတ်လ ၂၈၊ ၂၀၂၃
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီ ၄၀ အား ဥပဒေသစ် နှင့် အညီ လုပ်ဆောင်ခြင်း မရှိဆိုကာ ဖျက်သိမ်းပစ်ခဲ့သည်။
၂၀၂၃
ရွေးကောက်ပွဲ စနစ် ပြန်လည်သတ်မှတ်
ယခင် ကျင့်သုံးနေသော မဲအများစု ရရှိသူ အရွေးခံရသည့် စနစ် မှ ရရှိသည့် မဲ အချိုးကျ ဖြင့် ရွေးချယ်ရေး စနစ် သွတ်သွင်းလာခဲ့သည်၊ မဲဆန္ဒ နယ် မြေများ အားလည်း စစ်အုပ်စု သဘောကျ ပါတီ အသာရရေး အတွက် ပြန်လည် ရေးဆွဲ သတ်မှတ်လာခဲ့သည်။
၂၀၂၃-၂၄
ကိုယ်စားလှယ် များ အား ဘေးဖယ်ထုတ်လာခြင်း
ကိုယ်စားလှယ်များ နှင့် ပါတီများအား တော်လှန်ရေး အဖွဲ့များ နှင့် ဆက်သွယ်သည်ဆိုကာ ဖယ်ရှားပစ်နိုင်ရေး အတွက် '"အကြမ်းဖက်သမား" များဟု အမည်တပ် ခေါ်ဝေါ်လာခဲ့သည်။
ဖေဖေါ်ဝါရီ ၁ ၊ ၂၀၂၄
ရွေးကော် ဥက္ကဌ အား စစ်ဖက် အဆင့်မြင့် အရာရှိ ဟောင်း တဦး နှင့် အစားထိုးကာ တင်းကျပ်စွာ ထိန်းချုပ်လာခဲ့သည်။
ဒီဇင်ဘာ ၇၊ ၂၀၂၄
ရွေးကော်မှ နိုင်ငံရေး ပါတီများ နှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲ ကို ၎င်းတို့ထိန်းချုပ်ထားသည် ဆိုသော မဲဆန္ဒနယ်မြေ ၁၆၁ (၅၇ ရာနှုန်း) တွင်သာ ပြုလုပ်နိုင်မည်ဟု အသိပေးလာခဲ့သည်။
ဒီဇင်ဘာ ၊ ၂၀၂၄
စစ်တပ်လိုလားသော ပါတီများ အား ရွေးကောက်ပွဲ ကာလ အတွင်း လုံခြုံရေး အတွက် လက်နက်ကိုင်ဆောင်ခွင့် မှတ်ပုံတင်ရန် ခွင့်ပြုလာခဲ့သည်။ မဲဆန္ဒရှင်များ အဖို့ ခြိမ်းခြာက် အနိုင်ကျင့် ခံရမည့် အန္တရာယ်များ မြင့်တက်လာနေခဲ့သည်။
၂၀၂၅
စစ်အုပ်စုမှ မဲဆန္ဒနယ်မြေ ဒါဇင်ပေါင်း များစွာ တွင် လုံခြုံရေး အကြောင်း ပြချက်ဖြင့် ရွေးကောက်ပွဲ မလုပ်နိုင်ဟု ကြေညာလာခဲ့သည်။
ဇန်နဝါရီ ၁၊ ၂၀၂၅
စစ်အုပ်စု မှ ဆိုက်ဘာ လုံခြုံရေး ဥပဒေ ဆိုသည်ကို ပြဋ္ဌာန်းလာခဲ့သည်။ ယင်းသည် ဒီဂျစ်တယ် ရပ်ဝန်း အား တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန် နှင့် ၎င်းတို့နှင့် အမြင်မတူသူများကို ဖိနှိပ်ရန် အတွက်သာ ဖြစ်သည်ဟု ဝေဖန်သူများက ထောက်ပြလာကြသည်။ တရားမဝင် VPN အသုံးပြုခြင်းကို တားမြစ်ခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့် နှင့် သတင်းများ သိရှိ နိုင်ခွင့်ကို ပိတ်ပင် လိုက်ခြင်းလည်း ဖြစ်သည်။
ဇူလိုင် ၂၉၊ ၂၀၂၅
အထွေထွေ ရွေးကောက်ပွဲ အား နှောက်ယှက်၊ ဟန့်တား၊ ဖျက်ဆီးခြင်းမှ ကာကွယ်သည့် ဥပဒေကို ထုတ်ပြန်လာခဲ့သည်။
ဇူလိုင် ၃၀၊ ၂၀၂၅
စစ်အုပ်စုသည် ယခင် နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ မှ နိုင်ငံတော် လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင် အဖြစ် အမည် ပြောင်းလဲခဲ့သည်။ ပြည်ပမှ ၎င်းတို့အား လက်ခံလာစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ဩဂုတ် ၁၈၊ ၂၀၂၅
ရွေးကောက်ပွဲ အား ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ မဲရုံများတွင် လက်နက်ကိုင် အစောင့်များ ချထားမည်လည်း ဖြစ်သည် ဟု တင်ပြထားသည်။
ယခု အချိန်အထိ ရွေးကောက်ပွဲ အား နှောက်ယှက်သည် ဆိုကာ ကလေးငယ် ၄ ဦး အပါအဝင် လူပေါင်း ၉၄ ဦးအား ဖမ်းဆီးထားပြီး ဖြစ်သည်။ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရသူများ နှင့် အကျဉ်းသား များအားလည်း မဲထည့်ခိုင်းရန် အတင်း အကျပ် စီမံနေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။
၎င်းတို့၏ ရွေးကောက်ပွဲ အား လွတ်လပ်ပြီး တရားမျှတမှု ရှိလိမ့်မည်ဟု မည်သူမျှ ယုံကြည်ကြမည် မဟုတ်ဟု ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီ ဂူတားရက်စ်က ပြတ်ပြတ်သားသား ပင် ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။
၎င်းတို့၏ တရားမဝင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အာဏာရှင်အုပ်ချုပ်မှုဘက်သို့ နက်ရှိုင်းစွာ ဆင်းသက်သွားစေရန်သာ အားပေးလိမ့်မည် ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch က မှတ်ချက် ချခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတေးလျှ နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ပင်နီ ဝေါင် နှင့် ကင်ဘာရာ ရှိ ရုံးခန်း တွင် နိုဝင်ဘာ ၁၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု NUG က သတင်းထုတ်ပြန်ခဲ့သည်။ (ပုံတွင် ရှု)
စစ်အုပ်စု ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း က ထိုနိုင်ငံ အနေဖြင့် (အမေရိကန်ကို ရည်ရွယ်ခြင်း ဖြစ်သည်) အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ချေမှုန်းရန် တိုက်ခိုက်ရေး အဖွဲ့ ဖွဲ့စည်းလာခြင်း သည် တကယ်တမ်း "ဖုံးကွယ်ထားသော အစီအမံများ" ရှိ မည်ဟု လူထု ကို အားပေးစကား ပြောဆိုသွားခဲ့ပြန်သည်။
ယနေ့တွင် အမေရိကန် အောက်လွှတ်တော် မှ မြန်မာ အရေး ကျွမ်းကျင်သူ ပညာရှင်များကို ဖိတ်ခေါ်၍ "မဆုံးနိုင်သော မြန်မာ အကျပ်အတည်းများ နှင့် အမေရိကန် ၏ ကန့်သတ်ထားသော ရွေးချယ်ပိုင်ခွင့်များ" ခေါင်းစဉ် ဖြင့် ကြားနာ စစ်ဆေးပွဲ ပြုလုပ်ခဲ့သည်ဟု သိရ၍ ဇော်မင်းထွန်း၏ စကားများ မှန်နေမလားဟုပင် အတွေးပေါက်မိသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!