ယမန်နေ့က မြန်မာ အရေး ကျွမ်းကျင်သူများအား ဖိတ်ခေါ်၍ အထင်ကရ ပြုလုပ်ခဲ့သော အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာပွဲ ကို "မဆုံးနိုင်သော မြန်မာ အကျပ်အတည်းများ နှင့် အမေရိကန် ၏ ကန့်သတ်ထားသော ရွေးချယ်ပိုင်ခွင့်များ" ဟု ခေါင်းစဉ် တပ်ထားသော်လည်း တကယ်တမ်းတွင် လုပ်ပိုင်ခွင့် များစွာ ထွက်ပေါ်လာသည်ကို တွေ့လာရသည်ဟု သတင်းများက ဆိုသည်။
ကျွမ်းကျင်သူ များ ၏ တင်ပြချက် နှင့် ကွန်ဂရက် အမတ် များ၏ မေးခွန်းထုတ် ထောက်ပြ မှု များ ဖြေဆိုအပြီးတွင် ယခု လို ပါတီကြီး နှစ်ရပ်ပေါင်းက တညီတညွတ်တည်း ကောက်ချက်ချခဲ့ခြင်းလည်း ဖြစ်သည်။
တကယ်တမ်း တွင် အကန့်အသတ် ရှိနေခြင်းမျိုး မဟုတ်ဘဲ ပြဿနာ ကို နိုင်ငံရေး အရ ဖြေရှင်းရန် ဆန္ဒ ဆိုသည်အပေါ် အကျပ်ရိုက်နေခြင်း သာ ဖြစ်သည်ကို တွေ့လာကြသည်။
ထူးခြားချက် အဖြစ် ထွက်ပေါ်လာသည့် ရလဒ် သည်ကား ဘာမှ မလုပ်ဘဲ နေလိုသည့် အကြောင်းပြချက်များကို စနစ်တကျ ချေဖျက်ခဲ့ကြပြီး လျော့ပေါ့ ပေးထားမှု ကို အခြေမခံတော့ဘဲ ဖိအားပေးရန် လိုအပ်သည့် မဟာဗျူဟာ အသစ် တရပ် အရေးတကြီး လိုအပ်လာပြီ ဆိုသည်ကို သိရှိလာကြခြင်း ဖြစ်သည်။
အရေးကြီးဆုံး အဖြစ် စစ်အုပ်စု လော်ဘီများ ခင်းလာသည့် မြန်မာစစ်တပ်ကို အမေရိကန်၏ ထိတွေ့ဆက်ဆံမှု မှတစ်ဆင့် တရုတ်နိုင်ငံနှင့် "ဆွဲခွာနိုင်သည်" ဟူသော အယူအဆကို ချေဖျက် ပစ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ပါဝင်ဆွေးနွေး ခဲ့သည့် Stimson Center မှ စတီဗ် ရော့စ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း တရားဝင် စွပ်စွဲခံထားရပြီး၊ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုလုပ်ငန်းများမှ အကျိုးအမြတ် ရယူနေသူများ၊ ကျောင်းများနှင့် ဆေးရုံများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသည့် အဖွဲ့အစည်းသည် ညှိနှိုင်း၍ ရနိုင် သော ဆင်ခြင်တုံတရားရှိသည့် နိုင်ငံတော်အစိုးရတစ်ရပ် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုအဖွဲ့အစည်းသည် ၎င်း၏ ကိုယ်ပိုင်ရှင်သန်ရပ်တည်ရေးအတွက်သာ အာရုံစိုက်သည့် ရာဇဝတ်မှုလုပ်ငန်းစုတစ်ခုသာ ဖြစ်သည်ဟု တင်ပြခဲ့သည်။
ကွန်ဂရက် အမတ်များ နှင့် သက်သေထွက်ဆိုခဲ့သူများ အားလုံးက စစ်အုပ်စု၏ လူထု အပေါ် စနစ်တကျ ကျုးလွန်နေသော ရက်စက်ကြမ်းကြုပ်မှုများ၊ နိုင်ငံကို ဆိုက်ဘာ ရာဇဝတ်မှု များ ကျုးလွန်ရာ ဗဟိုချက်မ အဖြစ် အသွင်ပြောင်းခဲ့မှု များ ကို ပြင်းထန်သော စကားလုံးများ ဖြင့် ရှုတ်ချ ခဲ့ကြသည်။ ထို့အပြင် စစ်အုပ်စု၏ ရွေးကောက်ပွဲအားလည်း ၎င်းတို့၏ ပုံရိပ်ကို ခဝါချရန် ကြိုးပမ်းလာသည့် လိမ်ညာမှု အဖြစ် တညီတညွတ်တည်း ပယ်ချခဲ့ကြသည်။
ကွန်ဂရက် အမတ်များက အချက် လေးချက် ကို ဒေါက်တိုင် အဖြစ်ထား၍ အမေရိကန်၏ မဟာဗျူဟာ ကို ပြန်လည် အားဖြည့်ရန် ရှင်းလင်း ပြတ်သားသည့် လုပ်ပိုင်ခွင့် အာဏာ ချမှတ်ဖို့လည်း တစုတဝေး တည်း ဖြစ်လာကြသည်။
(၁) စစ်အုပ်စု၏ ဘဏ္ဍာရေး အသက်သွေးကြောများကို ဖြတ်တောက်ပစ်ခြင်းဖြင့် ၎င်းတို့၏ စစ်ယန္တရား ကြီး ရပ်တန့်သွားရန်။
ထိုအတွက် မြန်မာ့ စီးပွားရေး ဘဏ် နှင့် မြန်မာ ရေနံ လုပ်ငန်း အား ပိတ်ဆို့ဒဏ်ခတ်ဖို့ လို ကြောင်း ကွန်ဂရက် အမတ်များက တင်ပြလာပြီ ဖြစ်၍ မကျက်တကျက် လုပ်ထားသော စီးပွားရေး ဒဏ်ခတ်မှု ခေတ် ကုန်ဆုံးတော့မည် ဖြစ်သည်။
(၂) မြန်မာ အတွက် အဆင့်မြင့် အထူးကိုယ်စားလှယ် ခန့်ထားရန်၊ ၎င်းအား ကြိုးနီ စနစ်များ ဖယ်ရှားနိုင်ရန် နှင့် အာဆီယံ အပေါ် အလွန် အကျွံ မှီ နေမှု များ အဆုံးသတ်နိုင်သည့် လုပ်ပိုင်ခွင့် များ ပြဋ္ဌာန်းပေးရန်။
(၃) အမေရိကန်သည် တော်လှန်ရေး ကို အားဖြည့် ပေးနိုင်မည့် BURMA ACT ကို အပြည့်အဝ အကောင်အထည် ဖေါ်ရန်၊ လူ့ အသက် ကို အန္တရာယ် မပေးနိုင်သည့် အကူအညီများဖြင့် NUG အား ပံ့ပိုးပေးသွားရန်၊ ထိုအထဲတွင် လွတ် မြောက် နယ် မြေ များအား လုံ ခြုံ စိတ်ချစွာ စီမံ ခန့်ခွဲ နိုင် ရေး အတွက် အုပ်ချုပ်ရေး နှင် ဆက်သွယ်ရေး နည်းပညာ များ ဖြင့် အကူ အညီ ပေးရန် တို့ ပါရှိသည်။
(၄) အမေရိကန် နိုင်ငံသားများအား တိုက်ရိုက် ခြိမ်းခြောက်လာနေမှု ကို ရင်ဆိုင် ဖြေရှင်းရန်၊
စစ်အုပ်စု လက်အောက်တွင် ရှင်သန် ကြီးထွားလာ နေသော အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် အဝေး တွင် ရှိနေသည့် ပြဿနာမျိုး မဟုတ်ဘဲ နိုင်ငံ လုံခြုံရေး ကို တိုက်ရိုက် ခြိမ်းခြောက် လာမှုဟု ယူဆလာကြသည်။
ရိုဟင်ဂျာ ကိစ္စ ကို လည်း ဆက်လက် ဆွေးနွေး ခဲ့သည်။
ထိုကြားနာပွဲ၏ နောက်ဆုံးရ အနှစ်ချုပ် အဖြစ် အားလုံး သဘောပေါက် လာကြသည်က ခေါင်းစဉ်တွင် ပါဝင်သော "အကန့်အသတ်ရှိသည့် ရွေးချယ်စရာများ" ဆိုသည်မှာ မှားယွင်းသည့် အခြေခံယူဆချက်တစ်ခုဖြစ်သည် ဟူ၍ ဖြစ်သည်။ ရွေးချယ်စရာများမှာ ရှိနေပြီးဖြစ်သည်။ ထိတွေ့ဆက်ဆံရေးခြင်းဖြင့် အန္တရာယ်ရှိသည် ကို သိလာပြီး စစ်အုပ်စု လော်ဘီများ ၏ တရုတ် နှင့် ခွဲထုတ်နိုင်သည် ဆိုသော ဝါဒဖြန့်ချီမှုကို ပယ်ချ လိုက်ကြသည်။ ထိုအစား ပြတ်သားသော ဖိအားပေးမှု မဟာဗျူဟာကို လက်ခံကျင့်သုံးရမည်။ ကွန်ဂရက်သည် အစိုးရအား နောက်ဆုံးတွင် ဦးဆောင်နိုင်စေရန်အတွက် တာဝန် နှင့် လုပ်ပိုင်ခွင် ကို ပေးအပ်လာသည် ဟူ၍ အဆိုပါ ကြားနာပွဲ ကို အ သေး စိတ် လေ့လာခဲ့သည့် Jame Shwe ၏ DVB တွင် ဖေါ်ပြထားသည့် ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!