အရှေ့တောင်အာရှ တဝှမ်းရှိ ဆိုက်ဘာ ငွေလိမ်ဂိုဏ်း များကို နှိမ်နှင်းရန် Scam Center Strike Force ခေါ် ချေမှ့န်းရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထိုအဖွဲ့တွင် တရားရေး ဝန်ကြီးဌာနမှ ရှေ့နေများ၊ အက်ဖ်ဘီအိုင် အေးဂျင့်များ၊ Secret Service ခေါ် လျို့ဝှက် ဝန်ဆောင်မှု အဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အရာရှိကြီးများ ပါဝင်သည်။
အဆိုပါ တပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် အဆိုးရွားဆုံးသော ကျုးလွန်နေသော လိမ်လည်မှုစင်တာများနှင့် ၎င်းတို့၏ ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးမည်၊ အနှောင့်အယှက်ပေး ဖျက်ဆီးပစ်မည်၊ တရားစွဲဆိုမည် ဖြစ်ရာ၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဟု ကြေညာချက် တွင် ပါရှိသည်။
၂၀၂၄ အတွင်း အမေရိကန် နိုင်ငံသားများ ထံမှ ဒေါ်လာ ၁၀ ဘီလီယံ ခန့် လိမ်လည်ခဲ့ကြ၍ တသက်တာ စုဆောင်းထားငွေများ ဆုံးရှုံး ဘဝ ပျက်သွားသူ အများအပြား ရှိလာခဲ့၍ ယခုလို ပြတ်ပြတ်သားသား အရေးယူရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် အဆိုပါ ဂိုဏ်းများအား အကာအကွယ် ပေးနေသည့် DKBA အဖွဲ့ နှင့် ခေါင်းဆောင်များ အားလုံး၊ ပါဝင် ပတ်သက် နေသည့် ထိုင်း ကုမ္ပဏီ များ အားလုံး ကို ပထမအဆင့် အနေဖြင့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုများ ပြုလုပ် ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ကြေညာခဲ့သည်။
စက်တင်ဘာလ အတွင်းက စောချစ်သူ ၏ ကရင် အမျိုးသား တပ် ဆိုသည်ကိုလည်း အလားတူ ပိတ်ဆို့ ဒဏ်ခတ်လာခဲ့သည်။
လက်ထောက် ဘဏ္ဍာရေး ဝန်ကြီး ဂျွန် ဟားလ် လီ မှ ထိုငွေလိမ်ဂိုဏ်း များသည် မြန်မာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုပ်စွာ ကျုးလွန်နေသော ပြည်တွင်းစစ်ကြီး အားလည်း ကူညီ အားဖြည့်ပေးနေကြောင်း၊ အမေရိကန် သည်။ ဆိုက်ဘာရာဇ၀တ်ကောင်များ မည်သည့်နေရာတွင် လှုပ်ရှားနေစေကာမူ လိုက်လံဖမ်းဆီးရန်နှင့် အမေရိကန် မိသားစုများကို ၎င်းတို့၏ ခေါင်းပုံဖြတ်မှုများမှ ကာကွယ်ရန်အတွက် မိမိတို့ ပိုင်ဆိုင်သည့် ကိရိယာ အားလုံးကို ဆက်လက် အသုံးပြုသွားမည်ဖြစ် ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။
လိမ်လည် ၍ ရလာသော ငွေ အချို့သည် DKBA ထိန်းချုပ်ထားသည့် KK Park အတွင်းရှိ တိုက်ချန် ဟု အမည်ပေးထားသည့် ဌာနချုပ်သို့ ရောက်ရှိသွားသည်ဟု အမေရိကန်က ယုံကြည်လျက် ရှိသည်။
အမေရိကန်သည် အဆိုပါ ဂိုဏ်းများကို ဖြိုခွင်းရန် မြန်မာ စစ်အုပ်စုအား သွယ်ဝိုက် ဖိအားပေးခဲ့သော်လည်း ၎င်းတို့ဖက်က အပေါ်ယံ ဟန်ပြ လူကြားကောင်းအောင် လုပ်ပြပြီး လိမ်လည်လာခဲ့၍ အမေရိကန် မှ အုံ နှင့် ကျင်း နှင့် ပါဝင် ပတ်သက်ရန် ဆုံးဖြတ်လိုက်ပုံရသည်။
စစ်အုပ်စု၏ နိုင်ငံခြားရေး ဝန်ကြီး သန်း ဆွေ မှ ကြောက်လန့်တကြား ဖြင့် ရန်ကုန်ရှိ သံတမန်များကို ဖိတ်ခေါ်ပြီး KK Park ရှိ အဆောက်အဦးပေါင်း ၆၂၅ လုံး ရှိသည့်အနက် ၁၄၈ လုံး ကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ ဆက်၍ လည်း လုပ်သွားမည် ဆိုသည့် 'အခြေ အနေ အမှန်" ကို မိမိတို့ အစိုးရများထံ တင်ပြပေးကြပါဟု တောင်းဆိုသွားသည်။
စစ်အုပ်စုသည် ဖျက်ဆီးမှုများအား ဟန်ပြသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တရုတ် ဂိုဏ်းခေါင်းဆောင်များ ထိခိုက်ခြင်းမရှိဘဲ လွတ်မြောက်သွားကြောင်းနှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် နယ်ခြားစောင့်တပ် (BGF) မှတစ်ဆင့်ဒေါ်လာဘီလျံပေါင်းများစွာ အကျိုးအမြတ်ရရှိနေကြောင်းနှင့် စောချစ်သူ အား အဘယ်ကြောင့် အရေးမယူဘဲ လွှတ်ထားရသနည်း ဟူသော ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာမှုများကို ဖြေရှင်းပေးနိုင်နိုင်ခဲ့ခြင်း မရှိဟု ဧရာဝတီ သတင်းက သုံးသပ်ထားသည်။
အမေရိကန်သည် မြန်မာအား ဗင်နီဇွဲလား ကဲ့သို့ လုပ်မလာဟု မည်သူမျှ တပ်အပ်သေချာ မပြောနိုင်၊ ထို့ပြင် တရုတ်တို့ ရွှေလို အုကာ အရိပ်တကြည့်ကြည့် လုပ်နေသော မြန်မာ စစ်အုပ်စု သည်လည်း အမေရိကန်၏ ခေါင်းစဉ် ပြောင်းတပ်လာသော ဖြေရှင်းမှု နှင့် ရင်ဆိုင်လာရဖို့ ရှိနေသည်။
၎င်းတို့ နိုင်ငံသားများ လိမ်လည်ခံနေရသည့် အတွက် တရုတ် အစိုးရ မှ ရှမ်းမြောက်ဒေသတခုလုံးကို စစ် ရေး အရ ထိန်းချုပ်ပြီး အဆိုပါ ဂိုဏ်းများကို နှင်ထုတ်လိုက်၍ ထိုင်း-မြန်မာ နယ်စပ် သို့ ပြောင်းရွှေ့ လာခြင်း ဖြစ်ရာ၊ အမေရိကန် ဖက်မှလည်း မိမိတို့ကော အဘယ်ကြောင့် ထိုသို့ လုပ်၍ မရနိုင် ရသနည်း ဟု မေးခွန်းထုတ် လာပုံ ရသည်။
တနှစ် အတွင်း ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးနေမှုသည် ငွေမျက်နှာသာ ကြည့် တတ်သော ဒေါ်နယ် ထရမ့် အဖို့ မျက်လုံး ပြူးစရာ ဖြစ်လာရသည်။
ထို့အတွက် စောချစ်သူ သည် အနှေး နှင့် အမြန် ဆိုသလို အမေရိကန် တို့ မူးယစ်ကုန်ကူးမှု နှင့် အလို ရှိနေသော ပနားမား စစ်ခေါင်းဆောင် နော်ရီဂါးကဲ့သို့ ကြမ္မာဆိုး နှင့် အနှေး နှင့် အမြန် ဆိုသလို ကြုံလာရဖို့ ရှိနေသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ထိုင်း နိုင်ငံကလည်း ရွှေကုက္ကိုလ် ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်း များကို ကြိုးကိုင်နေသော ရှဲ ကျစ်ကျန်းအား တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။
ဧရာဝတီ ကမူ ယခုအခါ တရုတ် အာဏာပိုင် များ သည် ရှီ ကျစ်ကျန်း မှ တဆင့် စောချစ်သူ မည်မျှ အတိုင်းအတာ အထိ ပါဝင် ပတ်သက်နေသည်ကို အတိအကျ သိရှိတော့မည် ဖြစ်၍ စောချစ်သူ အား အမေရိကန် တို့ထက် ပင် တရုတ်ဖက်က အရင် လက်ဦး မှု ရယူ နိုင်သည်ဟု ရေးသားထားသည်။
ထိုသို့ အရေးများ ကို ရိပ်စားမိပုံရသော BGF ခေါင်းဆောင် စောချစ်သူသည် ၎င်း၏ လုပ်ဖေါ်ကိုင်ဖက်ကြီး လွတ်မြောက်ရာ လွတ်မြောက်ကြောင်း၊ ကျန်းမာ စေကြောင်း ဆုတောင်းပွဲကိုပင် အခမ်းအနား နှင့် ပြုလုပ်ပြီး နှုတ်ဆိတ်ထားရန် သွယ်ဝိုက် တောင်းဆိုခဲ့ပြီး ဖြစ်သည်။
မင်းအောင်လှိုင် အဖို့လည်း ရွေးကောက်ပွဲ ဇတ်ထုတ်ဖြင့် လိမ်ဖို့ပင် စိတ်အေးလက်အေး လုပ်၍မရ ဖြစ်လာနေသည်။
၎င်းတို့ အုပ်စုသည် ထိုသို့ အလိမ်အညာများ၊ ပြည်ပ အားကိုး ဖြင့် တသက်လုံး လုပ်စားသွား၍ ရမည်ဟု ယူဆနေခြင်းကပင် အံ့ဩစရာ ဖြစ်နေရသည်။
Photo credit .. Irrawaddy News
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!