ထင်တိုင်း မပေါက် ဖြစ်လာသော စစ်အုပ်စု၏ တန်ပြန်ထိုးစစ်

by Hla Soewai - Nov 17 2025

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် နှင့် တပ်ကုန်း မြို့အကြား စစ်တပ် စခန်းကို PLA က ၀င်ရောက်စီးနင်းပြီး နေပြည်တော်ဝန်းကျင်အထိ PLA က ရောက်ရှိနေရာယူထားသည်ဟု ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် - PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က အတည်ပြုလာခဲ့သည်။

 

စစ်အုပ်စု တပ်များ အဖို့ ရှေ့တန်း ဆို၍ ဝေးဝေးလံလဲ သွားစရာ မလိုတော့ လက်တကမ်း အကွာသို့ ရောက်ရှိလာပြီ ဖြစ်သည်။

 

ယခုအခါ ကေအင်ယူ နှင့် ပူးပေါင်း တပ်ဖွဲ့များသည် တနင်္သာရီ တိုင်း အတွင်း ရှိ နယ်ခြားမြို့ ဖြစ်သော မောတောင် ကို လေးရက်ကြာ ထိုးစစ် ဆင်ပြီး သိမ်းယူနိုင်ခဲ့သဖြင့် စစ်သုံ့ပန်း အမြောက်အမြား နှင့် လက်နက်ခဲယမ်း များ ကို တောင်ပုံရာပုံ ရရှိသွားခဲ့သည်။ (ပုံတွင် ရှု)

 

ထိုတိုက်ပွဲ တွင် ယာယီ တပ်ရင်းမှု နှင့် အုပ်ချုပ်ရေး ဝန်ထမ်းများ စုစုပေါင်း ၆၀ ခန့် ထိုင်းဖက်သို့ ကိုယ်လွတ်ရုံး ထွက်ပြေးသွားခဲ့သည်။

 

မောတောင်သည် ယခင် မြိတ်ခရိုင် ကေအင်ယူ ဌာနချုပ် အဖြစ် တည်ရှိခဲ့ရာမှ ၁၉၉၀ တွင် လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ နယ်စပ် ကုန်သွယ်ရေး အတွက်သာမက ဗျူဟာ အရ အရေးသော မြို့လည်း ဖြစ်သည်။

 

နိုင်ငံ အလယ်ပိုင်း တွင် လည်း ကန့်ဘလူ နှင့် ခင်ဦး အကြား စစ်ကြောင်းထိုးရန် ဝင်ရောက်လာသော အင်အား ၁၀၀ ခန့်ရှိ စစ်အုပ်စု ၏ တပ်များကို ပြည်သူ့ကာကွယ်ရေး တပ်များ က ကြားဖြတ် တိုက်ခိုက်ရာ စစ်ကြောင်းမှုး အပါအဝင် ၅၀ ခန့် သေဆုံးပြီး ဖရိုဖရဲ နှင့် တပ်ပျက် ဆုတ်ခွာ သွားကြရပြန်သည်။

 

အဆိုပါ သတင်းများသည် စစ်အုပ်စု များ အသာ ရသွား နိုင်သလောဟု ယူဆလာနေကြသော ပြည်သူများ အတွက် အားတက်ဖွယ် သတင်းများ ဖြစ်လာရသည်။

 

စစ်အုပ်စုသည် တရုတ်၏ ကျေးဇူးဖြင့် ရှမ်းမြောက် ဒေသတွင် အသက်ရှု ချောင်သွားပြီး ရခိုင် နှင့် နိုင်ငံ အလယ်ပိုင်းတွင် တန်ပြန် ထိုးစစ် ဆင်ရန် တပ်များကို ထုတ်နှုတ် အသုံးပြုခွင့် ရသွားသော်လည်း ယခုထိ ၎င်းတို့၏ ထိုးစစ်သည် မည်သို့မျှ ထိရောက်မှု မရှိဘဲ၊ အချို့ နေရာ များ တွင် ရိုက်ချိုး ခံရသည် အထိ ဖြစ်လာနေသည်ကို တွေ့ရသည်ဟု မြန်မာ နောင်းက သုံးသပ်ထားသည်။ 

 

မိုးကုတ်ကို ဝိုင်းပတ်ထားသည့် မတ္တရာ၊ သပိတ်ကျင်း နှင့် စဉ့်ကူ မြိုနယ်များကို အဓိက ဦးတည်လာနေသည်။ ယခုအခါ မတ္တရာ မြို့နယ် တဝက်ကျော်ကျော်ကို စစ်အုပ်စု က ထိန်းချုပ် နိုင်ခဲ့သည်။ ၎င်းတို့ ရှေ့တိုး မလာနိုင်ရန် ပြည်သူ့ ကာကွယ်ရေး တပ်များက အစွမ်းကုန် ခုခံလျက် ရှိနေသည်။

 

ရွေးကောက်ပွဲ မတိုင်မီ မန္တလေး တိုင်း အတွင်းရှိ အနည်းဆုံး မြို့ ဆယ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် လေကြောင်း ပစ်ကူ ဖြင့် ကြိုးပမ်းလာခြင်း ဖြစ်သည်။

 

စစ်အုပ်စု သည် ချင်းပြည်နယ် တွင်လည်း ဟားခါး နှင့် တီးတိန် မြို့များသာ ထိန်းချုပ်ထားနိုင်သည့် အတွက် ယခုအခါ ထန်တလန်၊ တွန်းဇံ၊ ဖလမ်း တို့ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။ ကရင်နီ တွင်လည်း မိုးဗြဲ၊ ဖယ်ခုံ တဝိုက် တန်ပြန် ထိုးစစ်များ ဆင်နွှဲလျက် ရှိသည်။

 

အကယ်၍ မြိုရွာများကို ပြန်သိမ်း နိုင်သည် ဆိုစေဦး မဲပေးမည့် လူထုက ထွက်ပြေး တိမ်းရှောင်နေကြရ၍ ရှာမရ ဖြစ်နေသည့် ပြဿနာ နှင့် ရင်ဆိုင်လာရသည်။

 

ရခိုင် ပြည်နယ် ရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းယူထားပြီး ဖြစ်သော အာရက္ခ တပ်ဖွဲ့များသည် ဧရာဝတီ၊ မကွေး၊ ပဲခူး နယ်စပ်များတွင် ဆက်၍ အပြင်းအထန် ထိုးစစ်ဆင်လျက် ရှိသည်။ အတင်းအဓမ္မ စစ်ထဲ သွင်းခံရသူ များလည်း အခွင့်ရသည်နှင့် ထွက်ပြေး နေကြရသည်။

 

ထို့အတွက် ကြောင့်လည်း လေကြောင်းမှ မည်မျှပင် စစ်ကူ ပေးနေသော်လည်း မြေပြင် တပ်များက ရှေ့မတိုးနိုင် ဖြစ်နေ၍ ထင်တိုင်း မပေါက် ဖြစ်နေသည်။

 

စစ်အုပ်စု၏ စစ်ရေး ချဲ့ထွင်လာမှုသည် တော်လှန်ရေး တပ်များ၏ ထိန်းချုပ် နယ်မြေ အနေအထား ပြ မြေပုံ ကို ယခုထိ သိသိသာသာ ပြောင်းလဲ နိုင်ခြင်း မရှိဘဲ သိမ်းယူ နိုင်ခဲ့သော မြို့များ တွင်လည်း တပ်များ အခြေစိုက်ရာ စခန်း အပြင် ကို သိပ်ပြီး ထွက်နိုင်ခြင်းမျိုး မရှိဟု နိုင်ငံ အနှံ့ ရှိ တော်လှန်ရေး တပ်များက တညီတညွတ် တည်း မှတ်ချက်ချခဲ့သည်။ ၎င်းတို့ နေရာအနှံ့ ဖြန့်ကျက်၍ စစ်ကြောင်းထိုးလာခြင်းသည် တော်လှန်ရေး တပ်များအား မည်သို့မျှ သက်ရောက်မှု မရှိဘဲ အရပ်သားများသာ ဒုက္ခ ပင်လယ်ဝေပြီး အသက် အန္တရာယ် ထိခိုက် နေကြရသည်ဟု မြန်မာ နောင်းက ‌ဆိုသည်။ 

 

စစ်ပွဲ များသည် နယ်မြေ သိမ်းပိုက် နိုင်ဖို့ထက် ဇွဲမာန် နှင့် ခံနိုင်ရည်ကို စမ်းသပ် ယှဉ်ပြိုင်ရမည့် အဆင့် ကူးပြောင်းလာနေသည်။ ထိုပွဲ တွင်တော့ စစ်အုပ်စုသည် ရေရှည်တွင် ပြည်သူ့ဘက်တော်သားများကို မည်သို့မျှ ယှဉ် နိုင်မည် မဟုတ်ပေ။

 

မင်းအောင်လှိုင်သည် ယခုအခါ ဘားအံ မြို့ သို့ ရောက်ရှိလာရာ စောချစ်သူ နှင့် လျိုဝှက် တွေ့ဆုံပြီး ၎င်းတို့ထံ လာရောက် ခို လှုံ ဖို့ နားချ မည် ဟု ယူဆရသည်၊ အကယ်၍ အမေရိကန် ၏ Burma Team မှ ဖမ်းဆီးရမိသွားပါက ကျားဖြန့် နှင့် စစ်အုပ်စု တို့ မည်မျှ အတိုင်းအတာ အထိ ပတ်သက်နေမည် ဆိုသည်ကာ ဗူးပေါ်သလို ပေါ်သွားနိုင်ပြီး ဗင်နီဇွဲလား သမ္မတ ကဲ့သို့ပင် ထရမ့်မှ ဆုကြေးများ ထုတ်လာသည် အထိ ကျော်မကောင်း ကြားမကောင်း ဖြစ်ချေတော့မည်။

 

အမေရိကန် ခရိုင်တရားသူကြီး မိုက်ကယ် ဟာဗေးကလည်း ဘုရားသုံးဆူ နယ်မြေ အတွင်း ရှိ စတားလင့်ခ် ဂြိုလ်တု နှင့် ဆက်သွယ်ရာ ဗဟိုချက် ကိုးခု အား သိမ်းဆည်းရန် ဝရမ်း ထုတ်ပြန်ပေးခဲ့သည်။

 

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှလည်း မင်းအောင်လှိုင် ကို ဖမ်းဝရမ်း အမြန် ထုတ်ပေးရန် အိုင်စီစီ အား တောင်းဆို ကြောင်း နိုဝင်ဘာ ၁၁ ရက် ကုလ အထွေထွေ ညီလာခံတွင် ပြောဆိုသွားခဲ့သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!