မြန်မာ ၏ အတုအယောင် ရွေးကောက်ပွဲ အား ပြတ်ပြတ်သားသား ပယ်ချရန် ဖိအား ပေးခံနေရသော မလေးရှား

by Hla Soewai - Oct 20 2025

အာဆီယံ နိုင်ငံများသည် ပို့ကုန် များ ကျဆင်းလာနေခြင်း၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ မှိုလို ပေါက်လာနေခြင်း၊ အဖွဲ့ဝင်နိုင်ငံ များ အကြားနယ်စပ်ပြဿနာ ဖြစ်ပွားလာနေခြင်း အစရှိသည့် တခုနှင့်တခု ဆက်စပ်လာနေသော ပြဿများ၏ အခက်အခဲ ဆုံး အခြေအနေ တွင် ရောက်ရှိနေသည်။

 

ထိုသို့ အမျိုးမျိုးသော ပြဿနာများ ကြားထဲတွင် ဗွေဖောက်နေသည့် မြန်မာ စစ်အုပ်စု အား ဘာလုပ်ကြမည်နည်း ဆိုသည်ကား နောက်အပတ် အကုန်တွင် ကွာလာလမ်ပူ တွင် ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ အစည်း အဝေး တွင် ခေါင်းအခဲရဆုံး ပြဿနာ ဖြစ်လာနေသည်ဟု အစချီကာ ဟောင်ကောင်ထုတ် South China Morning Post သတင်းစာကြီး တွင် ယခုလို ရေးသားလာခဲ့သည်။

 

မင်းအောင်လှိုင်သည် ၎င်းထိန်းချုပ်နိုင်သည့် နယ်မြေများတွင် ရွေးကောက်ပွဲ လုပ်မည်ဆိုကာ အခြေအနေ များကို ပို၍ တင်းမာအောင် ဖန်တီးလာခဲ့ပြီ ဖြစ်သည်။

 

ကိုယ့်ပြည်သူများကို ပြန်၍ အကြမ်းဖက် သတ်ဖြတ်နေမှု အဆုံးသတ်ရန် ဆိုသည့် အဖွဲ့ဝင် နိုင်ငံများ၏ သဘောတူညီချက်ကို အာခံနေသည်ကို ဒီအတိုင်း လွှတ်ထားမည် ဆိုက အာဆီယံသည် အဆံမပါ အခွံကြီး သက်သက်ဖြင့် အရေး မပါတော့သည့် အနေအထား ရောက်ရှိသွားနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးလာခဲ့သည်။

 

(NUG သည်လည်း ပြည်သူများ တောင့်တနေသော ထိုးစစ်ကြီးမျိုး ယခုနှစ်အတွင်း မဆင်နွှဲနိုင်ကလည်း အလားတူ အနေအထားမျိုး ရောက်သွားနိုင်ပေသည်။)

 

ထို့အတွက် လက်ရှိ အာဆီယံ ဥက္ကဌ ဖြစ်သူ မလေးရှားထံ ဖိအားပေးမှုများ စုပြုံကျရောက်လာနေပြီ ဖြစ်သည်။ ကြေညာချက်များ ထုတ်ပြန်ပြီး စစ်အုပ်စု ၏ ရွေးကောက်ပွဲ နှင့် ယင်းမှ တဆင့် ထွက်ပေါ်လာမည့် အစိုးရကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် တောင်းဆိုလာနေကြသည်။

 

အာဆီယံ အနေဖြင့် အတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ယုံတင်မက နောက်ပိုင်း ဖြစ်လာသည်များကို မည်သို့ မည်ပုံ ဆောင်ရွက်သွားမည် ဆိုသည်ကို ပါ ဆန်းစစ် ရတော့မည် ဖြစ်သည်ဟုလည်း ဆိုသည်။

 

‌ဝေဖန်သူများက စစ်အုပ်စုသည် နယ်မြေများကို ထိန်းချုပ် နိုင်စွမ်း မရှိသည့် အပြင် လူသန်းပေါင်းများစွာကိုလည်း ဖယ်ထုတ်ထားဦးမည့် ရွေးကောက်ပွဲ မျိုး ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။ လူနေဒေသများကို ဆက်၍ ‌ဗုံးကြဲ တိုက်ခိုက်နေသည့် အပြင် ငြိမ်းချမ်းရေး ‌‌ဆွေးနွေးပွဲ များ ဖြစ်မြောက်အောင် မယ်မယ်ရရ ကြိုးပမ်း အားထုတ်မှု မျိုး မတွေ့ရဟု ဆိုသည်။

 

၎င်းတို့ အပေါ် သစ္စာခံမှု များ၊ အကြောက်တရားများ နှင့် လုပ်မည့်‌ ရွေးကောက်ပွဲမျိုး ဖြစ်ပြီး နယ်မြေများ လက်လွှတ်နေသည့် ကြားမှ တရုတ်နှင့် ရုရှားတို့ မျက်နှာ မပျက် ရအောင် ဖန်တီး ပေးရသည့် ပွဲလည်း ဖြစ်သည်။

 

ယခုအပတ်ထဲမှာပင် မင်းအောင်လှိုင်က ၁၀၀ ရာနှုန်းပြည့် မလုပ်နိုင်ပါဟု ဝန်ခံသွားခဲ့ရသည်။

 

အီးယူ၏ လူ့အခွင့် အရေး အထူး သံတမန် မှလည်း စည်းဝိုင်းထဲ ဝင်လာပြီး စစ်အုပ်စု မှ စပွန်ဆာ လုပ်သည့် ရွေးကောက်ပွဲ သည် ရလဒ် တခုသာ ထွက်ပေါ်လာဖို့ ရှိသည်၊ ဆွေးနွေးညှိနှိုင်းခြင်းမျိုးလည်း မရှိ၊ ပါဝင်ခွင့်လည်း မရ၍ ယုံကြည်နိုင်စရာ မရှိသည့် ရလဒ်သာ ထွက်ပေါ်လာမည်ဟု ပြောဆိုသွားခဲ့သည်။

 

အာဏာသိမ်းပြီး လေးနှစ်ခွဲကြာသည့်တိုင် ပြည်တွင်းစစ်၊ ငွေလိမ်ဂိုဏ်းဗဟိုဌာနများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု ရုတ်တရက် မြင့်တက်လာခြင်းနှင့် ငတ်မွတ်နေသော ရိုဟင်ဂျာမွတ်စလင်များအပါအဝင် သန်းပေါင်းများစွာသော လူများအား နိုင်ငံရပ်ခြားသို့ ထွက်ပြေးစေခဲ့သည့် ကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆင်းရဲဒုက္ခများ အပါအဝင် ဆက်တိုက်ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများ သည် ပို၍ပြင်းထန်လာပြီး အာဆီယံ၏ လုံခြုံရေးကို အန္တရာယ်သစ်များ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးလိုက်သည်။

 

အာဆီယံသည် ဒေသတွင်း တည်ငြိမ်မှု ကို အထူးဦးစားပေး ဆောင်ရွက်သော်လည်း ၎င်းတို့ ဖြစ်လာစေချင်သည်များက စစ်အုပ်စု ဆီမှ ထွက်ပေါ်လာမည်ကား မဟုတ်ဟု ဆိုသည်။ ယခုအချိန်အထိ ယုတ်လျော့သွားခြင်း မရှိသော ဒီမိုကရေစီ အရေး လှုပ်ရှားမှု များကို ပြတ်ပြတ်သားသား ထောက်ခံသွားဖို့သာ ရှိသည်။

 

အာဆီယံ အနေဖြင့် လိမ်လည်လှည့်ဖြားသည့် စီးပွားရေး ပေါ်ပေါက်လာခြင်း၏ ကုန်ကျစရိတ်နှင့် လိမ်လည်သော ရွေးကောက်ပွဲ တစ်ခုက ပဋိပက္ခကို မည်သို့မည်ပုံ အမြဲတစေ ဆက်လက်ဖြစ်ပွားစေမည်ကို အပြည့်အဝ နားမလည်သေးပေ။ ၎င်းတို့သည် မြန်မာပြည်တွင်း ခုခံတော်လှန်ရေး အခြေအနေများမှာ အခြေခံအားဖြင့် ကွဲပြားခြားနားနေသည်ကို သဘောမပေါက်ဘဲ၊ အတိတ်က အခြေအနေများသာ ပြန်ဖြစ်လိမ့်မည်ဟု တွေးထင်နေကြသည်ဟု မြန်မာ၊ အင်ဒိုနီရှား၊ စင်္ကာပူ နှင့် မလေးရှား နိုင်ငံရေးကို အထူးပြု လေ့လာနေသည့် မလေးရှားရှိ University of Nottingham မှ ဂုဏ်ထူးဆောင် သုတေသီ ဘရစ်ဂျစ် ဝဲလ်ရှ် က အထက်ပါ အတိုင်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

 

အကယ်၍ အာဆီယံ သည် အထက်တွင် ပြောခဲ့သည့် အတိုင်း ရွေးကောက်ပွဲ ကို ပြတ်ပြတ်သားသား ဆန့်ကျင်မည်ဆိုက စိတ်ဓါတ်များ ကျဆင်းကာ မင်းအောင်လှိုင် အပေါ် ယုံကြည်အားကိုးမှု များ ယုတ်လျော့ သွားမည် ဖြစ်ပြီး အားလုံးက အနာဂတ်တွင် ၎င်းတို့ ရပ်တည်ရာ ရပ်တည်ကြောင်းကို သုံးသပ်လာကြ‌မည်သာ ဖြစ်သည်ဟု မိမိ အနေဖြင့် ယူဆမိသည်။

 

နိုင်ငံတကာ ဖိအားပေးမှု များကို ဂရုမစိုက်ဆိုသော ၎င်းတို့ အစည်းအဝေး များ တွင် ခိုးကြောင်ခိုးဝှက် ပြောနေသော စကား သည်လည်း မင်းအောင်လှိုင် ပြာယာခတ်နေပုံကို ကြည့်၍ ၎င်းတို့ အချင်းချင်း အကြားတွင်ပင် အယုံအကြည် မရှိ ဖြစ်လာနေသည်။

 

မင်းအောင်လှိုင် တို့ အဖွဲ့ လက်ရှိတွင် မျက်စိစုံမှိတ် အားကိုး နေရသည့် တရုတ်သည် မြန်မာ ခေါင်းဆောင် အဆက်ဆက် ကို ဖိအားပေးနိုင်ရေး အတွက် ပြည်တွင်း ပဋိပက္ခများ လက်ရှိအနေအထား ထက် အရှိန်အဟုန် မြင့်မလာရေး နှင့် တဖက်မှာလည်း အလုံးစုံ ငြိမ်းချမ်းရေး ရရှိမသွား အောင် ထိန်းထားဖို့ ဆိုသည့် Neither hot war nor complete peace မျိုးသာ ဖြစ်၍ တကယ်တမ်း တိုင်းပြည် ငြိမ်းချမ်းအောင် လုပ်ပေးမည့် လူများ မဟုတ် ဖြစ်နေသည်။

 

အာဆီယံသာ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့လျင် မြန်မာ အား တရုတ် လက်အောက် ခံ အဖြစ် တွန်းပို့ လိုက်သည် နင့် အတူတူ ပင် ဖြစ်သည်။

 

ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!