ချေ ၏ ပြောက်ကျားစစ် လက်စွဲ(10)

by Hla Soewai - Oct 20 2025

ပျောက်ကြား တပ်ဖွဲ့တဖွဲ့၏ အရွယ်အစား သည် မြေပြင် အနေအထား ပေါ် မူတည်ပြီး လိုတိုးပိုလျော့ လုပ်နိုင်သည်။ ထောက်ပို့ ပစ္စည်းများ ရနိုင်မှု နည်းလမ်း၊ အခြားဒေသများမှ ဖိနှိပ်ခံရ၍ ထွက်ပြေးလာသူများ၊ လက်နက်များ ရနိုင်မှု၊ ဖွဲ့စည်းပုံ ပြည့်ရန် လိုအပ်လာမှု တို့ အပေါ် မူတည်သည်။ သို့သော် အခြေစိုက်စခန်း တခု တည်ဆောက်နိုင်ရေးသည် ပို၍ လက်တွေ့ကျသည်၊ ထိုသို့ ရှိထားပြီးမှသာ စစ်သည်များ၊ တိုက်ခိုက်ရေး အင်အားများ ချဲ့ထွင် နိုင်သည်။

 

ပြောက်ကျား တပ်ဖွဲ့၏ စစ်ပွဲ ဆင်နွှဲနိုင်သည့် အကွာအဝေးသည် အ‌ခြေအနေပေးသလောက် ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်ရမည် ဖြစ်သည်၊ သို့မဟုတ်ကလည်း အခြားတပ်ဖွဲ့များ၏ စစ်ဆင်ရေး နယ်‌ မြေ နှင့် တတ်နိုင်သလောက် ထိစပ်နေရမည် ဖြစ်သည်။ စစ်ဆင်ရေး အခြေအနေကို လုံခြုံရေး ဇုံကို ရောက်ရန် ကြာမည့် အချိန်ကို မှန်းပြီး ကန့်သတ်ထားရမည်။

 

ချီတက်မှုကို ညဘက်မှာသာ လုပ်ရမည်ဟု ယူဆထားသည့် အတွက် အမြင့်ဆုံး လုံခြုံရေးနေရာ (Secure Zone) မှ ငါးနာရီ၊ ခြောက်နာရီ ကျော်သွားရသည့် ပိုဝေးသော နေရာအထိ စစ်ဆင်နွှဲဖို့ မဖြစ်နိုင်။ နယ်မြေတစ်ခုတွင် ရန်သူ စဉ်ဆက်မပြတ် အားနည်းစေဖို့ အမြဲလိုလုပ်ဆောင်နေသည့် ပြောက်ကျားတပ်ဖွဲ့ငယ်လေး များသည် လုံခြုံရေးဇုန် (အခြေစိုက်စခန်း) ကနေ ပိုဝေးတဲ့နေရာတွေအထိ သွားရောက်နိုင်သည်။

 

ယခုလို စစ်ပွဲမျိုး တွင် ကျည်ဆံကို ချွေတာသည့် အနေဖြင့် တာဝေး သို့ ပစ်နိုင်သော လက်နက်မျိုးကို သုံးသင့်သည်။ ထို့အတွက် အော်တိုမက်တစ် သို့မဟုတ် ဆီမီး အော်တိုမက်တစ်များ ရှိသော အုပ်စု မှ ပံ့ပိုးပေးရပေမည်။ အ‌မေရိကန် ဈေးကွက်တွင် ရနိုင်သော ရိုင်ဖယ် နှင့် စက်သေနတ်များထဲတွင် ဂါရန်းဒ် ဟုလည်း ခေါ်သည့် M-1 သည် အကောင်းဆုံး ဖြစ်သည်။

 

ထိုကဲ့သို့ လက်နက်မျိုးသည် ကျည် အမြောက်အမြား သုံးပြီး ပစ်ရသည့် အတွက် အတွေ့အကြုံ ရှိထားပြီးသူများသာ သုံးသင့်သည်။ အတော်အသင့် လေးလံသည့် ဒေါက်သုံးထောက် ပါသည့် စက်သေနတ်မျိုးကို လက်နက် ကော၊ ကိုင်တွယ် ပစ်ခတ်မည့် လူများ ဘေးကင်းဖို့ မိမိအား မျက်နှာသာ ပေးနိုင်သည့် မြေအနေအထား တွင် သုံးရပေမည်။ ထိုလက်နက်မျိုးသည် ကာကွယ်ဖို့ အတွက်သာ ဖြစ်ပြီး တိုက်ခိုက်ဖို့ မဟုတ်ပေ။

 

တပ်ဖွဲ့ဝင် ၂၅ ဦး ရှိသည့် ပြောက်ကျား တပ်ဖွဲ့ တဖွဲ့အတွက် ရှိသင့်သည်က တချက်ချင်း ပစ်၍ရသည့် ရိုင်ဖယ် ၁၀ လက်မှ ၁၅ လက်၊ အော်တိုမက်တစ် ဂါရန်းဒ် နှင့် လက်ကိုင် မရှင်းဂန်း တခုမဟုတ် တခု ဆယ်လက်ခန့် နှင့် အလွယ်တကူ သယ်ယူသွား၍ ရသည့် ဘရောင်နင် သို့မဟုတ် ပို၍ ခေတ်မီသည့် ဘယ်လ်ဂျီယံ လုပ် FAL၊ M-14 အော်တိုမက်တစ် ရိုင်ဖယ်များ ဖြစ်သည်။ ကိုးမမ ပစ္စတို သည်လည်း ကျည် ပိုသုံး၍ ရသည့် အကောင်းဆုံးသော သေနတ် အမျိုးအစားလည်း ဖြစ်သည်။

 

ဖြုတ်ရ တပ်ရ လွယ်ကူအောင် လုပ်ထားသည့် သေနတ် မျိုးက အလွယ်တကူ စပယ်ယာ ပတ်စ်များ လဲ၍ ရနိုင်သည့် အခွင့် အလန်း ပိုရှိသည်။

 

သို့သော်လည်း ရန်သူ သုံးသည့် လက်နက်မျိုး ပေါ် မူတည်နေသည်။ ထိုသေနတ်များ မိမိတို့ လက်ဝယ် ရောက်အောင် အရ ယူရဖို့ ရှိနေသော ကြောင့် ဖြစ်သည်။ လက်နက်ကြီးများက လက်တွေ့တွင် အသုံးပြုဖို့ မဖြစ်နိုင်။

 

ထိုကဲ့သို့သော နယ်မြေများတွင် လေယာဉ်ပျံမှ ဘာဆိုဘာမှ မြင်နိုင်မည် မဟုတ်၍ ရောက်လာကြတော့မည် မဟုတ်၊ တင့်ကားများ နှင့် အမြှောက်များလည်း ရှေ့သို့တက်နိုင်ရန် အခက်အခဲများ ရှိလာ၍ လုပ်နိုင်ခြေ များများစားစား မရှိ။

 

အရေးအကြီးဆုံး ထည့်သွင်းစဉ်းစားရမည်က ထောက်ပံ့ပေးပို့ နိုင်ရေးပင် ဖြစ်သည်။ ဝေးကွာသော အရပ်ဒေသများ တွင် ထိုပြဿနာ ရှိလာသည်။ လယ်သမား အနည်းငယ် နှင့် အိမ်မွေးတရိစ္ဆာန် မဆိုသလောက်သာ ရှိတတ်၍ အစားအသောက် ရှားပါးမှု မျိုး ရှိနေသည်။ ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း ပုံမှန် ရှိနေအောင် ထိန်းသိမ်းထားရမည်။ သို့မှသာ အကြောင်းမလှ၍ အရေးပေါ် အခြေအနေနှင့် ကြုံလာရလျင် ရနိုင်သမျှ စုဆောင်းသိုလှောင်ထားသည့် ရိက္ခာ ကို အားကိုး၍ ရမည် ဖြစ်သည်။

 

ထိုကဲ့သို့သော စစ်ဆင်ရေး ဇုံ နယ်မြေ အတွင်း ယေဘုယျ အားဖြင့် ကြီးကြီးမားမား ဖေါက်ခွဲ ဖျက်ဆီး နိုင်သည့် အနေအထားမျိုး မရှိလှ၊ သွားလာရ ခက်ခဲသည့် အတွက် ထိခိုက် ပျက်စီး နိုင်သည့် တပ်ဆင်ထားသော အဆောက်အအုံ၊ တယ်လီဖုန်းလိုင်းများ၊ ရေပိုက်လိုင်းများ ရှ်ိမနေသော ကြောင့် ဖြစ်သည်။