တရုတ်၏ ပိုးလမ်းမ စီမံကိန်းများကို ဂျပန်ကုမ္ပဏီများပါ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်သွားမည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး နောက်တွင်
ဂျပန်တို့၏ နောက်ထပ် လှုပ်ရှားမှုများအဖြစ် လက်လီ အရောင်းဆိုင်ကြီး ဖြစ်သော အီရွန် နှင့် မစ်ဆူဘီရှီ ကားကုမ္ပဏီကြီးများမှ အရောင်းဆိုင်ကြီးနှင့် ကားထုတ်
လုပ်ရေး စက်ရုံများကို အသီးသီး တည်ဆောက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
အီရွန် ကုမ္ပဏီကြီးမှ ရန်ကုန်ရှိ ဒဂုံဆိပ်ကမ်း၌ ဒေါ်လာ သန်း ၁၈၀ ကုန်ကျမည့် ရှော့ပင်းမောကြီး တခု အား ၂၀၂၃ နှစ် တွင် ဖွင့်နိုင်ရန် ပြည်တွင်းရှိ ရွှေတောင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် အတူ ပူးတွဲတည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုသည်။ (ပုံတွင် ဒဂုံမြို့သစ်ဆိပ်ကမ်း ရှော့ပင်းမော ဒီဇိုင်း ပုံစံကို တွေ့နိုင်
ပေသည်)
အလားတူပင် မစ်ဆူဘီရှီ မှလည်း ကားထုတ်လုပ်ရေး စက်ရုံတခုအား မြန်မာပြည်တွင် တည်ဆောက်သွားမည်ဖြစ်သူ ကုမ္ပဏီ၏ အရှေ့တောင်အာရှ ဌာန အကြီးအကဲ တာကာအို ကာတိုက ထုတ်ဖေါ်ပြောကြားလိုက်သည်။
နောက်ထပ် သတင်းတခု အဖြစ် ထိုင်းတွင် အခြေစိုက် Avani ဟိုတယ်နှင့် အပန်းဖြေ ကုမ္ပဏီကြီးမှ ၂၀၂၄ တွင် ရန်ကုန်၌ အခန်း ၂၅၀ ပါ အပန်းဖြေ ဟိုတယ်ကြီး ဖွင့်လှစ်သွားမည်ဟု TTG Asia သတင်းတွင် ဖေါ်ပြထားသည်။ ကုမ္ပဏီ ရုံးခန်းများနှင့် စတိုးဆိုင်ကြီးများလည်း ပါဝင်သည်ဟုလည်း သတင်းတွင် ပါရှိသည်။
မြန်မာ အစိုးရ၏ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော နိုင်ငံခြား ကုမ္ပဏီများ ရင်းနှီးမြုပ်နှံရေး ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများများဖြင့် နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်နိုင်အောင် လမ်းခင်းပေးနိုင်ခဲ့ခြင်းလည်းကြောင့်လည်း ဖြစ်သည်။
မြန်မာသည် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး တိုးတက်မှု နှုန်းသည် ၂၀၁၉ ဘဏ္ဍာရေး နှစ်အတွင်း ၀.၅% အထိ ကျဆင်းသွားမည်ဖြစ်ပြီး ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်မူ ၇. ၂% အထိ ပြန်လည် ဦးမော့လာမည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။
ကိုးကား၊။ ၊ Nikkei Asia Review