မာရီယာ ကော်နီကာ မာချာဒို နိုဘဲလ် ငြိမ်းချမ်းရေးဆု ဆွတ်ခူး

by Hla Soewai - Oct 13 2025

ဗင်နီဇွဲလား အာဏာရှင် နီကိုလပ်စ် မာရူဒိုအား ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်နေသည့် မာချာဒိုအား "ဗင်နီဇွဲလား ပြည်သူ များ အတွက် ဒီမိုကရေစီ အခွင့် အလန်း များ မြှင့်တင်ပေးနေမှု အတွက်" ဆိုကာ ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို ချီးမြှင့်လိုက်ပြီ ဖြစ်သည်။

 

မစ္စက် မာချာဒိုသည် နိုင်ငံတွင်း ပုန်းအောင်းနေရသူ ဖြစ်သည်။

 

ဒေါ်နယ် ထရမ့် က ၎င်း ရသင့်သည်ဟု ပြောဆိုနေသည့် ကြားမှ သူမ ရရှိသွားခြင်း ဖြစ်သည်။

 

သို့သော် ဂါဇာ ငြိမ်းချမ်းရေး သဘောတူညီချက် တည်မြဲနေမည် ဆိုလျင် ၂၀၂၆ တွင် ၎င်း ရဖို့ အခွင့်အလန်း များ သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။

 

နိုဘဲလ် ငြိမ်းချမ်းရေး ကော်မတီမှ ဒီမိုကရေစီ တိုးတက် ပြန့်ပွားရေး ကို အလေးထားကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။