တရုတ်၏ အနိုင်ကျင့်မှု မှ လွတ်မြောက်တော့မည့် ကေအိုင်အေ

by Hla Soewai - Sep 26 2025

ကချင်လွတ်လပ်ရေး တပ်တော် ကေအိုင်အေ သည် နိုင်ငံမြောက်ပိုင်း ရှိ မြေရှားသတ္ထုတွင်းများ ထွက်ရှိရာ ဒေသများကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက သိမ်းပိုက် နိုင်ခဲ့ခြင်း ကြောင့် စစ်အုပ်စု ထက် ပင် တရုတ်ကို ပို၍ အထိနာ သွားစေခဲ့သည်။

 

ထိုသတ္တုတွင်း များသည် ကမ္ဘာမြေရှား သတ္ထု များ၏ တဝက် ကျော် ထွက်ရှိနေ၍ ကေအိုင်အေ သည် ထုတ်လုပ်မှု ကို ကြိုက်သလို လိုတိုး ပိုလျော့ လုပ်နိုင်သည့် အနေအထားကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ ထိုပြဿနာ အတွက် အကျပ်ရိုက်လာသည်က အကြီးအကျယ် ရင်းနှီး မြုပ်နှံထားသည့် တရုတ်ပင် ဖြစ်သည်။ ဖေဖေါ်ဝါရီ လ မှာပင် ယမန် နှစ် က နှင့် ယှဉ်လျင် တရုတ်တို့ ထုတ်ယူသွားနိုင်မည်ဟု ၃၁၁ မက်ထရစ် တန်အထိ ကျဆင်းသွားသည်။

 

ကေအိုင်အေ သည် တရုတ် နှင့် စစ်အုပ်စု အကြား သပ်လျို နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး တရုတ် တို့ နှင့် ရှေ့လျောက် ဆွေးနွေးပွဲ များ တွင် အပေါ်စီးနေရာယူနိုင်သွားပြီဟု ကချင် လူမှု နိုင်ငံရေး ပြဿနာ ကို လေ့လာနေသည့် ကချင်မြေ သုတေသန စင်တာ မှ အမှုဆောင် ဒါရိုက်တာ ဒန်ဆိုင်းလွန်းက ပြောသည်။

 

ကေအိုင်အေ သည် ယခုအခါ ၎င်းတို့ နယ်မြေ များ အတွင်း မြေရှား သတ္ထုများ လာရောက် ထုတ်ယူ နေသည့် တရုတ် ကုမ္ပဏီ များကို အခွန်အခများ ကြီးလေးစွာ သတ်မှတ် ကောက်ခံနေပြီ ဖြစ်သည်။

 

ကချင်ပြည်နယ်တွင် အများဆုံး စုဝေးနေသည့် တာဘီယမ်အောက်ဆိုဒ် (terbium oxide) သည် တရုတ်နိုင်ငံ ဈေးကွက်ပေါက်ဈေးတွင် စက်တင်ဘာလနှောင်းပိုင်းမှစ၍ မတ်လ ၂၄ ရက်နေ့အထိ တစ်ကီလိုဂရမ်ကို ယွမ် ၆,၅၅၀ အထိ ရောက်ရှိခဲ့ပြီး ၂၁.၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု Shanghai Metals Market ရဲ့ အချက်အလက်များ တွင် တွေ့လာရသည်။

 

ဒီပရိုစီယမ်သည် အဝယ် သိပ်မလိုက်၍ တစ်ကီလို ကို ၁,၆၆၅ ယွမ် သာ ရှိနေသေးသည်။

 

ဘီဂျင်း မှ ၎င်းတို့ နိုင်ငံ အတွင်း ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြောင့် စည်းမျဉ်း စည်းကမ်းများ တင်းကျပ်လာသည့် ၂၀၁၀ နောက်ပိုင်းမှစ၍ တရုတ် ကုမ္ပဏီများ မြန်မာဖက်သို့ စုပြုံ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီး နောက် တွင်တော့ ၎င်းတို့ မသိချင်ယောင် ဆောင်နေမှု ကြောင့် ဒလကြမ်း ထုတ်လုပ်လာခဲ့ကြသည်။

 

ထို့အတွက် ကြီးလေးတဲ့ ဆိုးကျိုးများ နှင့် ပေးဆပ်ခဲ့ရသည်။ မျက်မြင်သက်သေများ၏ ပြောပြချက်နှင့် ဂြိုဟ်တုဓာတ်ပုံများ အရ ကချင်ပြည်နယ် အတွင်း ကျောက်‌ ပေါက်မာ များ နှင့် တောင်ကုန်းများ၊အဆိပ်အတောက်များ စိမ့်ထွက်နေသည့် ရေအိုင် များ နှင့် ပွန်းပဲ့ပျက်စီးနေသည်ဟု သိရသည်။

 

ယခုအခါ ကေအိုင်အေ မှ အခွန်ကို ၂၀ ရာနှုန်းအထိ တိုးမြှင့် ကောက်ခံလာ၍ ပြည်တွင်း ကုမ္ပဏီ များ အဖို့ တွက်ခြေ မကိုက် ဖြစ်လာရသည်။ 

 

ကေအိုင်အေ သည် ၎င်းတို့ အပေါ် စစ်အုပ်စု နှင့် ‌ဆွေးနွေးရန် တရုတ်ဖက်မှ ဖိအားပေးနေမှု များ ရပ်စေချင်ပြီး နယ်ခြားဒေသအား ၎င်းတို့ အပြည့်အဝ ထိန်းချုပ်ထား မှု များ ကို အသိအမှတ် ပြုလာစေချင်သည်။ ပြီးခဲ့သည့် လ များ အတွင်း ၎င်းတို့ နှစ်ဖွဲ့ တလ လျင် နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့သည်ဟု ဒန် ဆိုင်းလွန်း က ဆိုသည်။

 

မြေရှားသတ္ထုများ သည် ကေအိုင်အေ အတွက် ဘဏ္ဍာရေး အရ အသက်သွေးကြောကြီး ဖြစ်လာသည်။ Global Witness ၏ စာရင်းဇယားများ အရ ၂၀၂၃ အတွင်း ကုန်သွယ်ရေး ပမာဏ သည့် အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ ရှိသည်ဟု သိရသည်။

 

ကေအိုင်အေ မှ လက်ရှိ ထုတ်လုပ်ပြီးသား မြေရှား သတ္ထု လက်ကျန် များကို တရုတ်ပြည်သို့ တင်ခွင့် ပြုလိုက်သည်ဟု ရိုက်တာ သတင်းတွင် ပါရှိလာသည်။

 

ထုတ်လုပ်မှု များ အပြည့်အဝ ပြန်လည် စတင်ရန် နည်းပညာနှင့် ကျွမ်းကျင်လုပ်သား ထောင်ပေါင်းများစွာရှိသည့် တရုတ်နိုင်ငံနှင့် သဘောတူညီမှု ရယူဖို့ လိုအပ်‌ နေသည်။

 

အိန္ဒိယ ဖက်ကလည်း မြေသား သတ္ထုများ ရရှိရန် လိုအပ်နေ ၍ ကချင်တွင် နက်နက် ရှိုင်း ရှိုင်းဩဇာသက်ရောက် မှု ရရှိရန် ကြိုးစားလာသည်။ ကချင်ကလည်း တရုတ် နှင့် မပတ်သက်ချင်နေ၍ အိန္ဒိယ နှင့် ကေအိုင်‌ အေ နှင့် ဆွေးနွေးဖို့ ဖြစ်လာရခြင်း ဖြစ်သည်ဟု အိန္ဒိယ သတင်း အရင်းအမြစ်များက ဆိုသည်။ အိန္ဒိယ ဖက်ကလည်း တရုတ်ထက် ဈေးပိုပေးရန် ဆန္ဒရှိနေသည်ဟု ဒန် ဆိုင်းလွန်းက ပြောပြခဲ့သည်။

 

သို့သော် လက်နက်ကိုင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ လှုပ်ရှားနေသည့် ဒေသများ တွင် လုပ်ကိုင်ဆောင်ရွက်ဖို့ အိန္ဒိယအာဏာပိုင်များ အကြား သဘောထား ကွဲလွဲမှုများ ရှိနေသည်။

 

ဘီဂျင်းသည် ပြောင်းလဲလာနေသည့် အာဏာချိန်ခွင်လျှာကို အသိအမှတ်မပြုဘူးဆိုက KIA အနေနှင့် တခြားရွေးချယ်စရာ လမ်းကြောင်းများကို ရှာဖွေရလိမ့်မည် ဟု ဒန်ဆိုင်းလွန်းက ပြောသည်။

 

ကိုးကား - REUTERS 

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!