ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင် အဲရစ် ခေါ် ကိုထိန်လင်း သည် စက်တင်ဘာ ၁၄ တွင်အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ၊ စက်တင်ဘာ ၆ တွင် အာရက္ခ တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် တို့ နှင့် အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု DVB သတင်း တွင် ဖေါ်ပြထားသည်။
"သွေးစည်းညီညွတ်ကြမှသာ အားလုံး အတွက် လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာ နှင့် တရားမျှတမှု တို ရရှိ နိုင်မည်" ဟု ကိုထိန်လင်းက ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာ တွင် ရေးသားထားသည်။
ကိုထိန်လင်းမှ တော်လှန်ရေး ခေါင်းဆောင် နှစ်ဦး နှင့် တွေ့ဆုံရာတွင် ပြည်တွင်းစစ် ဒဏ် ကြောင့် အတိဒုက္ခ ရောက်နေကြသော ပြည်သူများ အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အရေးတကြီး လိုအပ်နေသည်များကို ဆွေးနွေးသွားခဲ့သည်။
ပြီးခဲ့သည့် လ များ အတွင်းက တော်လှန်ရေး တွင် ပြုပြင် ပြောင်းလဲရန် တောင်းဆိုမှု များ ရှိလာသည့် အတွက် NUG နှင့် AA အား ယခုထက် ပို၍ တာဝန် ခံယူ မှု ရှိဖို့ လည်း ထည့်သွင်း ပြောဆိုခဲ့သည်။
ထိုသို့ မတွေ့ဆုံမီ စက်တင်ဘာ ၄ ရက်တွင် ကိုထိန်လင်းသည် မိခင်ဖြစ်သူ၏ ကျန်းမာရေး သိသိသာသာ ယို့ ယွင်းလာနေသည်ဟူသော သတင်းများ ကြောင့် အရေးပေါ် ပန်ကြားချက် ထုတ်ပြန်ခဲ့သည်။
NUG မှ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားစဉ် ကတည်းက လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မပြုခဲ့ကြောင်း၊ နိုင်ငံတကာ အနေဖြင့် ထိုအရေး အတွက် နေပြည်တော်ရှိ စစ်အုပ်စု အား တာဝန်ခံစေရမည်ဟု ဆိုသည်။
စစ်အုပ်စု၏ ပြောခွင့်ရ ဇော်မင်းထွန်းမှ ဒေါ်အောင်ဆန်းစုကြည် "ကျန်းမာရေး ကောင်းမွန်ကြောင်း" ၎င်းတို့ အား လိုလားသော မီဒီယာများ ကို ပြောခဲ့မှု နှင့် စပ်လျှင်း၍ အသက် ၈၀ ရှိပြီ ဖြစ်သော မိခင်ကြီးသည် အဖမ်းခံထားရသည့် လေးနှစ် အတွင်း ကျန်းမာရေး ချို့ယွင်းလာသည်ဟု ထပ်မံ ပြောဆိုသွားခဲ့သည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရကြောင်း ပြောဆိုခဲ့ပြီး၊ သူမ နှင့် အဖမ်းဆီးခံ နိုင်ငံ ရေး အကျဉ်းသား ၂၂,၀၀၀ အား လွှတ်မပေးက ယုံကြည်မှု လည်း ရှိမည် မဟုတ်၊ စစ်မှန်သော ငြိမ်းချမ်းရေးလည်း ဖြစ်ထွန်းလာမည် မဟုတ်ဟု ဆိုသည်။
၎င်း နှင့် ကိုထိန်လင်း တို့ နှစ်ဦးစလုံး က စစ်အုပ်ချုပ်ရေး မှ လွတ်ကင်းသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး ကို သဘောတူကြသည်ဟု ပြောခဲ့သည်။
အာရက္ခ တပ်တော်သည် မကွေးတိုင်း ငဖဲမြို့အနီး တွင် စစ်အုပ်စု ၏ တန်ပြန် ထိုးစစ်ဆင်လာမှု ရိုက်ချိုး နိုင်လိုက်သည်ဟု သတင်းများက ဆိုသည်။
စစ်အုပ်စု အဖို့ ဒေါ်အောင်ဆန်းစုကြည် အရေးကို မဖြေရှင်း နိုင်သရွေ့ လူထု ရှေ့မှောက်တွင် လူလူသူသူ ရပ်တည်သွားနိုင်ခွင့် ရှိတော့မည် မဟုတ်ပေ၊ အသက် ၈၀ ရှိ ပြီ ဖြစ်သော နိုင်ငံ ခေါင်းဆောင်အမျိုးသမီးကြီးတဦးအား မတရား ဖမ်းဆီးချုပ်နှောင်ကာ တိုင်းပြည်အား လက်နက်အားကိုးဖြင့် အဓမ္မ ဖိနှိပ် အုပ်ချုပ်နေကြသူများ အဆင့် မှ မည်သို့မျှ တက်လာတော့မည်လည်း မဟုတ်တော့ပဲ သမိုင်းတရားခံ များ အဖြစ် သာ တွင်ကျန်ရစ်တော့မည် ဖြစ်သည်။
အာရက္ခ တပ်တော်၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ ရက္ခိုင့် အမျိုးသား အဖွဲ့ချုပ်မှ ကျောက်တော် မြို့နယ် အတွင်းရှိ အလွတ်ပညာသင် ကျောင်း နှစ်ကျောင်းအား ဗုံးကြဲ တိုက်ခိုက်မှု ကို စစ်ရာဇဝတ်မှု အဖြစ် ကြေညာလိုက်သည်။ အာရက္ခ တပ်တော် သတင်းပြန်ကြားရေး ဌာနမှလည်း သေဆုံးသွားသည့် ကျောင်းသား နှစ်ဆယ်၏ ဓါတ်ပုံများပါ ထုတ်ပြန်လာခဲ့သည်။
အကြမ်းဖက် စစ်အုပ်စု ၏ လက်ချက်ကြောင့် ၂၀၂၃ ဇန်နဝါရီ မှ ၂၀၂၅ ဩဂုတ်လ အတွင်း စာသင်ကျောင်း ၂၈၉ ကျောင်း၊ ဆေးရုံ ဆေးပေးခန်း ၁၁၂ ခု နှင့် ဘာသာရေး အဆောက်အအုံပေါင်း ၅၁၂ ခု ကို ဖျက်ဆီးခဲ့ကြပြီး ကလေးငယ် ၅၄၆ ဦး အပါအဝင် လူပေါင်း ၃,၆၈၉ ဦး အသက်ဆုံးရှူံးခဲ့ရပြီး ဖြစ်သည် ဟု သိရသည်။
ထို့အတွက် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့သာ အရေးနိမ့်သွားက စစ်ရာဇဝတ်ကောင်များ အဖြစ် ခုံရုံးတင် ခံကြရတော့မည်ကို ကောင်းစွာ သိရှိထားပြီးဖြစ်၍ လက်အောက်ငယ်သား များ အသက်ကို စတေးက ခုခံသွားကြမည့် လူများလည်း ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က နယူးယောက်တွင် ကိုလင်းလင်း နှင့် ချစ်စုဝေ တို့မှ ဂီတ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပြီး ပရိသတ် များ နှင့် အတူ ဒေါ်အောင်ဆန်းစုကြည် အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ဖျော်ဖြေပွဲ မှ တော်လှန်ရေး ရံပုံငွေ အဖြစ် ဒေါ်လာ ၁၃၀,၀၀၀ ရရှိခဲ့သည်ဟုလည်း သိရသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!