မင်းအောင်လှိုင်သည် တရုတ် တို့ ၂၀၀၁ တွင် စတင် ဦးဆောင်ဖွဲ့စည်း ထားသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ SCO ကို နိုင်ငံတကာက ဝိုင်း ပယ်ထားချိန်မှာ တက်ရောက်ခွင့် ရခဲ့သည်။ ယင်းသည် ရွေးကောက်ပွဲ မတိုင်မီ စစ်အုပ်စု ၏ နိုင်ငံရေး ဂုဏ်သိက္ခာ အား တိုက်ချွတ် ဆေးကြောပေးပြီး အရောင်တင်ပေးသည့် လုပ်ငန်း စဉ် ၏ တစိတ်တပိုင်း ပင် ဖြစ်သည်။ မင်းအောင်လှိုင် အဖို့ကား ပူတင်၊ မိုဒီ၊ ရှီကျင့်ပင် တို့ နှင့် အတူတကွ ထိုင်ခွင့်ရခဲ့ခြင်းကပင် ကြီးမားသော ဆုလဒ် ကြီးပင် ဖြစ်သည်။
တရုတ်သည် စစ်အုပ်စု၏ ရွေးကောက်ပွဲ ကို မည်သို့သော ပုံစံ မျိုး နှင့် ဖြစ်စေ ထောက်ခံသွားမည် ဆိုသည်ကို ကမ္ဘာအား အတိအလင်း အသိပေးလိုက်ခြင်းဖြင့် ကုလသမဂ္ဂ နှင့် အနောက်နိုင်ငံများ၏ မြန်မာ အပေါ် ထားရှိသည့် မူဝါဒများကို တန်ပြန်လိုက်ခြင်းပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်း၏ အိန္ဒိယ လုပ် အီလက်ထရောနစ် စက်များ ထောင်၍ လုပ်မည့် ရွေးကောက်ပွဲ အား အိမ်နီးခြင်း နိုင်ငံများ မှ ထောက်ခံယုံ မျှ နှင့် ကျေနပ်ရမည့် အနေအထား ဖြစ်လာသည်။
စစ်အုပ်စု ၏ ဘာလုပ်လို့ လုပ်ရမှန်း မသိ၊ ကိုယ့်ဖာသာ ပျက်စီးစေမည့် လမ်းကြောင်းကိုသာ လျှောက်လှမ်းနေသည့် အတွက် ရွေးကောက်ပွဲ သည်သာ ၎င်းတို့ သက်ဆိုးရှေ ရေး နောက်ဆုံး မျှော်လင့်ချက်ဟု ယူဆကာ လမ်းပြ ထောက်ခံလာခြင်း ဖြစ်သည်။
ယင်းသည် အနောက်လိုလားသည်ဟု ယူဆထားသော အမျိုးသား ညီညွတ်ရေး အစိုးရဖြင့် အစားထိုး နိုင်သည့် လမ်းကြောင်းကို ပယ်ချလိုက်ခြင်းပင် ဖြစ်သည်။
SCO အဖွဲ့ဝင်နိုင်ငံများသည် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများအား အလေးထားသည့် အတွက် စစ်အုပ်စု သည် စစ်ရေးအကူအညီ နှင့် လက်နက်များ ပိုမိုရရှိလာနိုင်သည်ဟု သုံးသပ်မှု တွေ ထွက်ပေါ်လာသည်။
သို့သော် ပါဝင်သည့် အဖွဲ့ဝင် နိုင်ငံများသည်
• တရုတ် (China)
• အိန္ဒိယ (India)
• အီရန် (Iran)
• ကာဇက်စတန် (Kazakhstan)
• ကာဂျစ္စတန် (Kyrgyzstan)
• ပါကစ္စတန် (Pakistan)
• ရုရှား (Russia)
• တာဂျစ်ကစ္စတန် (Tajikistan)
• ဘဲလာရုစ်
• ဥဇဘက်ကစ္စတန် (Uzbekistan) တို့ ဖြစ်နေပြန်၍ နကိုယ်ကတည်းက ၎င်းတို့ကို ထောက်ပံ့ ပေးနေသည့် နိုင်ငံများ ဖြစ်နေပြန်၍ အသိအမှတ်ပြုရေး ဖက် တွင်လည်း ပို၍ ထူးလာမည်တော့ မဟုတ်ပေ။
မင်းအောင်လှိုင်သည် အစည်းအဝေး လုပ်မည် တရုတ် နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ ထျန်ကျင်း ရှိ အစိုးရ ဧည့်ဂေဟာ တွင် ရှီကျင့်ပင် က လက်ခံ တွေ့ ဆုံခဲ့ပြီး နှစ်ဖက် ဆွေးနွေးခဲ့ကြသည်ဟု လန်ဒန် နှင့် ဝါရှင်တန်ရှိ တရုတ်သံရုံးများက ဓါတ်ပုံ နှင့် တကွ သတင်းထုတ်ပြန်ခဲ့သော်လည်း တရုတ်၏ ပြည်တွင်း အထင်ကရ သတင်းဌာနကြီး ဖြစ်သည့် CGTN နှင့် ဆင်ဟွာ ကတော့ ဓါတ်ပုံ ထုတ်ပြန်ခြင်း မရှိဘဲ နှစ်ကြောင်း သာ ပါသည့် သတင်းတိုလေး အဖြစ်သာ ဖေါ်ပြထားသည်က ထူးခြားမှု တခုပင် ဖြစ်သည်။
၎င်းတို့အား မဖြစ်၍သာ ထောက်ခံနေရသော်လည်း ခပ်အုပ်အုပ်သာ ဖြစ်စေချင်ပုံရသည်။
တရုတ် နှင့် ရုရှား တို့မှ စစ်အုပ်စု ကို ထောက်ခံမှု ပေးနေခြင်းကြောင့် မြန်မာ ပြည်တွင်း ပဋိပက္ခ ဖြေရှင်းရေး တွင် ပို၍ ရှုပ်ထွေးလာအောင် ဖန်တီးနေခြင်းပင် ဖြစ်သည်။
ဝမ်ယီ ကတော့ စစ်အုပ်စု အနေဖြင့် လုပ်မည်လည်း မဟုတ်၊ လုပ်နိုင်စွမ်းလည်း မရှိသည့် တရုတ်တို့ ဖက်က ထောက်ခံမှု ပေးရသည့် ရည်မှန်းချက် သုံးရပ်ကို လူကြားကောင်းအောင် ချပြထားပြီး ဖြစ်သည်။
(၁) ရန်လိုမှု များ ရပ်ဆိုင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ပြီး ပြည်သူများ၏ ဆန္ဒ နှင့် အညီ ဖြစ်မည့် အစိုးရ ပေါ်ထွက်ရေး။
(၂) အမျိုးသား ပြန်လည် သင့်မြတ်စည်းလုံးလာရေး
(၃) လူမှု သဟဇာတ ဖြစ်ရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး တို့ ဖြစ်သည်။
စစ်အုပ်စုသည်လည်း ၎င်းတို့၏ ရွေးကောက်ပွဲအား နိုင်ငံတကာက ထောက်ခံလာလေဟန်ဖြင့် ပြီးလျင် တခုခု ဖြစ်လာနိုင်သည်ဟု စိတ်ဓါတ်ကျဆင်းနေသော တပ်များကို မျှော်လင့်ချက် ပေးထားနိုင်သည်။
စစ်အုပ်စု မှ ဘီဂျင်း ခရီးစဉ် မတိုင်မီ အမေရိကန် နှင့် ဆက်ဆံရေး ကောင်းမွန်ရန် လော်ဘီ ကုမ္ပဏီများ ငှားလာသည်ကိုလည်း တရုတ်က သတိမပြုမိပဲ နေမည်တော့ မဟုတ်ပေ။
မင်းအောင်လှိုင်သည် ဘီဂျင်းသို့ သွားရောက်ပြီး ဂျပန်ကို အောင်ပွဲ ခံခဲ့သည့် နှစ် ၈၀ မြောက် စစ် ရေးပြ အခမ်းအနား ကို တက်ရောက်မည် ဖြစ်သည်။ ၎င်း အဖို့ အာဏာသိမ်းပြီးနောက် ဘီဂျင်းသို့ ပထမဆုံး ခြေချခွင့်ရသွားခဲ့ခြင်းလည်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!