သမိုင်းဝင် အထင်ကရ ဂုတ်ထိပ် တံတားကြီး နှင့် ပတ်သက်၍ ပြည်ပ သတင်းဌာနများ၏ ရေးသားချက်များကို အရင်ဦးဆုံး ဖေါ်ပြလိုပါသည်။
ဂုတ်ထိပ်တံတားကြီးအား တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်တော် TNLA နှင့် ပြည်သူ့ကာကွယ် ရေး တပ်များက ဗုံးခွဲ ဖျက်ဆီးလိုက်၍ မီတာ ၂၀ ခန့် ရှည်သော အစိတ်အပိုင်း ပျက်စီးသွားသည်ဟု စစ်အုပ်စု ခြုံငြိမ်း၏ ပြောခွင့်ရ ဇော်မဲလုဲးက ဩဂုတ် ၂၄ ရက်နေ့တွင် မီဒီယာသို့ ဗီဒီယို ဖိုင် ပေးပို့၍ သတင်း ထုတ်ပြန်လာသည်။
နောက်ထပ် ထုတ်ပြန်သော ကြေညာချက်တွင် "မိုင်းခွဲ ဖျက်ဆီးလိုက်ခြင်း" ဖြစ်သည်ဟု ပါရှိလာသည်။
မြန်မာနိုင်ငံ၏ အမြင့်ဆုံးတံတားဖြစ်သော ဂုတ်ထိပ်တံတားသည် ချောက်ကမ်းပါးအထက် ၁၀၂ မီတာ (၃၃၄ ပေ) အမြင့်တွင် တည်ရှိသည်။ အဆိုပါတံတားသည် ဗြိတိသျှ ကိုလိုနီခေတ် ၁၉၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ထိုအချိန်က ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော မီးရထားလမ်း တံတားဖြစ်ခဲ့သည်။
ဆိုရှယ် မီဒီယာများ တွင် တွေ့ရသော ဓါတ်ပုံများအရ တံတား၏ တစိတ်တပိုင်း ပျက်စီးသွားခဲ့သည်ကို တွေ့ရသည်။
TNLA ပြောရေးဆိုခွင့်ရ လွေးရေဉီး မှ စစ်အုပ်စု ၏ စွပ်စွဲချက်များ ကို ပယ်ချလိုက်ပြီး ဗုံးကြဲခဲ့သည်မှာ စစ်အုပ်စုသာ ဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်စု တပ်များက ထိုနေ့မနက်တွင် မိမိတို့၏ စခန်းများကို ဒရုန်းများ နှင့် တိုက်ခိုက်ရာမှ တံတားကိုပါ ထိမှန်သွားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြောင်း ပြည်ပ သတင်းများ တွင် ပါရှိလာသည်။
ပျက်စီးသွားသော တံတား၏ အစိတ်အပိုင်းသည် စစ်အုပ်စု မှ ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီ ဆိုသော နောင်ချို မြို့ ဖက်ခြမ်း တွင် ဖြစ်နေသည်။
စစ်အုပ်စု သည် တရုတ် ကုန်သွယ်ရေး လမ်းကြောင်း တလျောက် ပြန်လည် ထိန်းချုပ်နိုင်ရန် ဂမူးရှူးထိုး ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။
၎င်းတို့အား ယခင် ထိုးစစ် အနေအထား မှ ခံစစ် အနေအထားသို့ ပြန်လည် လျှော့ချ လိုက်ရသော TNLA အား ပြည်တွင်း ပြည်ပ မှ အကြမ်းဖက် အဖွဲ့အဖြစ် ရှူမြင်လာစေရန် ကြိုးပမ်းမှု တရပ်သာ ဖြစ်ပေမည်။
TNLA ကဲ့သို့ တော်လှန်ရေး အဖွဲ့များသည် ပြည်သူ့ ထောက်ခံမှု နှင့် ရပ်တည်နေကြသူများ ဖြစ်၍ ထိုကဲ့သို့ လုပ်ရပ်မျိုး ကို မိမိအတွက်လည်း အကျိုးမရှိ၍ အဘယ်အတွက် ဖေါက်ခွဲဖျက်စီးပေမည်နည်း၊ တော်လှန်ရေး ကြီး ပြီးဆုံးသွားပါက ဂုတ်ထိပ်တံတား သို့ ရောက်လာကြမည့် ပြည်ပ ခရီးသွားများ ထံမှလည်း ဝင်ငွေ များ သဲ့ယူ သလို ရမည့် နေရာမျိုးလည်း ဖြစ်နေသည်။
စစ်အုပ်စုသည် တော်လှန်ရေး အဖွဲ့ ဆိုသည်များသည် အကြမ်းဖက်သမား များသာ ဖြစ်ပြီး အားကိုး၍ မရ ၎င်းတို့သာ ရွေးကောက်ပွဲ အလွန်တွင် တရားဝင် အုပ်ချုပ် ပိုင်ခွင့် ရှိသူများ အဖြစ် ပုံဖေါ်လာခြင်း ဖြစ်သည်၊ ထို့အတွက်ကြောင့် ဝါရှင်တန် ရှိ လော်ဘီ ဂရုကို ငှားရမ်းပြီး သံတမန် ထိုးစစ် ဆင်လာခြင်း ဖြစ်သည်၊ အမေရိကန် ကို စည်းရုံးနိုင်လျင် အနောက်အုပ်စု မှလည်း ပါလာမည်ဟု ယူဆထားသည်
သို့သော် ဩဂုတ် ၂၄ ရက်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ "မြန်မာ ရှိ အကြမ်းဖက်မှုများ" ခေါင်းစဉ် ဖြင့် ကြေညာချက် တရပ်ကို ကောက်ကာ ငင်ကာ ထုတ်ပြန်လာသည်။
အမေရိကန် ပြည်ထောင်စု သည် မြန်မာ နိုင်ငံတွင်း အကြမ်းဖက် ခံနေရပြီး အိုးအိမ်စွန့်ခွာ ထွက် ပြေး နေကြရသော ရိုဟင်ဂျာများ၊ အခြား တိုင်းရင်းသား များ အပါအဝင် မြန်မာ ပြည်သူ များ အား ထောက်ခံပါကြောင်း၊ ရိုဟင်ဂျာများကို ခိုလှုံမှု ပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် မြန်မာ ပြည်မှ ထွက်လာသော ဒုက္ခသည်များကို လက်ခံပေးခဲ့သည့် ဒေသတွင်းရှိ အခြား နိုင်ငံများကိုလည်း ကျွနုပ်တို့မှ ချီးကြူး ဂုဏ်ပြု ပါသည်ဟု သတင်းထုတ်ပြန်ချက် တွင် ပါရှိလာခဲ့သည်။
ဤသည်ကို ကြည့်မည် ဆိုက ၎င်းတို့၏ ဒေါ်လာ သုံးသန်းလည်း ပလုံသွားပြီဟု ယူဆနိုင်ပေသည်။
စစ်ခေါင်းဆောင်များသည် ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့သည့် လူမဆန်သည့် လုပ်ရပ်များ၊ အာဏာ သိမ်းပြီး ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး များကို ကုန်းကောက်စရာ မရှိအောင် လုပ်ခဲ့မှုများကို ရွေးကောက်ပွဲ ဆိုသည် ဖြင့် သင်ပုန်းခြေပြီး လူ့အသိုက်အဝန်းထဲ ပြန်ဝင်ရန် ကြိုးပမ်း၍ ရနိုင်ဦးမည်လော၊ ၎င်းတို့အဖို့က ကံ ကောင်း ပါမှ တရုတ်ဩဇာခံ ရုပ်သေး အဖွဲ့မျိုး အဖြစ်သာ ရပ်တည်သွားနိုင်မည် ဖြစ်သည်။
ပြည်သူတို့၏ တရား သော ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!