ယခုလ အတွင်း စစ်အုပ်စုသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်လာနေပြီး အိန္ဒိယ လုပ် အီလက်ထရောနစ် မဲပေး စက်များကို တင်သွင်းလာခဲ့သည်။
ရွေးကောက်ပွဲ စတင်မည့် နေသည့် ဒီဇင်ဘာ ၂၈ ရက်ဟု ကြေညာလာပြီ ဖြစ်သည်။
ထိုမဲပေးစက်များ မှ မည်သို့သော အစိုးရမျိုး ထွက်ပေါ် လာမည် ဆိုသည်ကို အထူးအထွေ စဉ်းစားနေစရာ မလိုဟု အစချီကာ ဆောင်းပါးရှင် ပရာဗင်း ဆွာမိ မှ The Print အွန်လိုင်း စာစောင်တွင် ရေးသားလာသည်ကို ကောက်နှုတ် တင်ပြသွားပါမည်။
အိန္ဒိယ အတွက်က ထိုရွေးကောက်ပွဲသည် စိန်ခေါ်မှု များ ထွက်ပေါ်လာတော့မည် ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေး တပ်များ တိုး၍ အောင်မြင်လာမှု များ နှင့် အတူ စစ်အုပ်စု ပြိုလဲသွားပါက နိုင်ငံ အရှေ့မြောက်ခြမ်းရှိ အိန္ဒိယ သူပုန် အဖွဲ့များ အတွက် နယ်မြေများ နှင့် အခြေခံ အဆောက်အအုံ ပိုင်း များ တွင် ခြေကုပ်များ ရရှိလာတော့မည် ဖြစ်သည်။ တရုတ်အဖို့က ၎င်းတို့ ဩဇာ သက်ရောက်မှု ရှိပြီးသား မြန်မာ မြောက်ပိုင်းရှိ တော်လှန်ရေး အဖွဲ့များကို အသုံးချ၍ ထွက်ပေါ်လာမည့် အစိုးရ အသစ် ဆိုသည် အပေါ် ဆက်၍ လည်မျိူ ညှစ်နိုင်ခွင့် ရရှိဖို့က သေချာနေပြီ ဖြစ်သည်။
အိန္ဒိယ အဖို့လည်း အလားတူ ဩဇာ သက်ရောက်နိုင်အောင် အစိုးရသစ် နှင့် သာမက နယ်ခြားတလျောက်ရှိ တော်လှန်ရေး အဖွဲ့များနှင့်ပါ ဆက်ဆံရေး ထိန်းသိမ်းထားနိုင်မှ ဖြစ်ပေတော့မည်။
စစ်တပ်၏ အုပ်ချုပ်မှု ခိုင်မာလာသည် နှင့် အမျှ အိန္ဒိယ အတွက် ဆိုးဝါးသော အကျိုးဆက်များ ထွက်ပေါ်လာဖို့သာ ရှိသည်။ ထိုအထဲတွင် ရန်ကုန်ရှိ အစိုးရသစ် ဆိုသည်အား တရုတ်တို့က ကြိုးကိုင်ထားပြီး ဖြစ်သည် ဆိုသည့် အချက်အား မဖြစ်မနေ ထည့်သွင်းစဉ်းစားရတော့မည် ဖြစ်သည်။
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်နိုင်စွမ်း မရှိ ဖြစ်လာ၍ မြန်မာ စစ်ဗိုလ်ချုပ်များကို မကျေမနပ် ဖြစ်လာသည်။ ထို့အတွက်ကြောင့်လည်း ၂၀၂၃ ဒီဇင်ဘာလ တွင် ချမှတ်ခဲ့သော လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို တရုတ် တို့ ပိတ်ဆို့ခြင်း မရှိဘဲ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုနှစ် အတွင်း မင်းအောင်လှိုင် အား ဘီဂျင်းသို့ ဖိတ်ခေါ်ဖို့ ရှိသည်ကိုပင် ချန်လှပ်ထားခဲ့သည်။
ထိုနှစ် အတွင်း မှာပင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ သောင်းကျန်းလာမှု ကို လျစ်လျု ရှူခဲ့ကြယုံမက ပါဝင် ပတ်သက်နေသည်ကို သိမြင်လာသည့် အခါတွင်တော့ စစ်ဗိုလ်ချုပ်များအား သင်ခန်းစာပေးရန် ညီနောင်သုံးဖေါ် အဖွဲ့ကို လွှတ်ပေးလိုက်သည်။
လားရှိုးကို သိမ်းပြီး မန္တလေး သို့ ဆက်ချီတက်မည့် အရေး မြင်လာသည့် အခါတွင်တော့ သင်ခန်းစာ ပေးယုံ မဟုတ်တော့ဘဲ ပြိုလဲတော့မည့် အရေး စိုးရိမ်လာပြီး ပါဝင် စွက်ဖက်လာခဲ့ရတော့သည်။ လားရှိုး နှင့် MNDAA ၏ နယ်မြေ ထိန်းချုပ်ပိုင်ခွင့် ကို အလဲအလှယ် လုပ်ပေးခဲ့သည်။
၎င်းတို့၏ အဓိက ရည်မှန်းချက် ဖြစ်သော စီးပွားရေး စင်္ကြန် လမ်းမကြီး ဖြင့် ကုန်းလမ်း၊ အမြန် ရထားလမ်းများ ဖြင့် အိန္ဒိယ သမုဒ္ဒရာ သို့ ထွက်ပေါက်ရရေး အတွက် ဖြတ်သန်းရမည့် အညာဒေသ နှင့် ရခိုင်ရှိ တော်လှန်ရေး တပ်ဖွဲ့များ နှင့် အပေးအယူ လုပ်ရဖို့ ရှိနေသည်။
အိန္ဒိယ အတွက် အဆိုးဆုံး အနေအထား ဖြစ်လာ နိုင်သည်က ရွေးကောက်ပွဲ အပြီး တွင် ထွက်ပေါ်လာမည့် အစိုးရ ဆိုသည်အား ကျားကန်ပေးထားမည့် စစ်အုပ်စု နှင့် ၎င်းတို့၏ လက်ဝေခံ ပါတီများ အပေါ် အိန္ဒိယ အစိုးရ မှ မည်သို့မျှ ပြောပိုင်ဆိုပိုင်ခွင့် မရှိတော့မည့် အရေးပင် ဖြစ်သည်။ ထို့ပြင် ယခင်က တရုတ်သည် ပါကစ္စတန် ရှိ အိန္ဒိယ ကို ပစ်မှတ်ထားနေသည့် သောင်းကျန်းမှု များကို မြှောက်ပင့် ပေးနေခြင်းမျိုး မြန်မာတွင် မလုပ်ခဲ့သော်လည်း ယခု အခါ ပြောင်းလဲလာပြီ ဖြစ်သည်။ တရုတ် ထောက်လှန်းရေး အရာရှိများ မြန်မာ ဖက်ခြမ်းရှိ တာဂါ စခန်းများသို့ ရောက်ရှိ လာပြီး အရှေ့မြောက်ဒေသ ရှိ အဖွဲ့အားလုံး စည်းလုံးညီညွတ်ကြဖို့ကိုပင် နားချသွားခဲ့ကြသည်။
တရုတ်သည် မနေ့က ဧရာဝတီ တွင် ဆောင်းပါးရှင် အသီနာ အွန် နော က မြန်မာ၏ အဓိက ဒေါက်တိုင်ကြီး သုံးခု ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် များ၊ အရပ်ဖက် အဖွဲ့အစည်းများ နှင့် စစ်တပ်ကို အခြေပြုထားသည့် ပုံစံသစ် တရပ် ဖန်တီးပြီး ၎င်းတို့ အပေါ် မှီခိုနေရသည့် အဖြစ်မျိုးနှင့် ဆက်၍ ထိန်းချုပ်ထားချုပ်ထားနိုင်ရန် ကြိုးပမ်းနေသည်ဟု ရေးသားထားခဲ့သည်။ ပုဂ္ဂလိက လုံခြုံရေး ကန်ထရိုက်တာများ ဆိုကာ ၎င်းတို့ အကျိုးစီးပွား ကာကွယ် နိုင်ရန် စစ်အင်အားကိုပါ ထည့်သွင်းလာနေသည်။
အိန္ဒိယ ဘယ်ရောက်နေသနည်း၊ လက်ထဲတွင်လည်း ဘာဖဲချပ် မှ မရှိ၊ အိန္ဒိယ ၏ ၂၀၂၇ တွင် ပြီးရမည် ဖြစ်သော ကုလားတန် မြစ် စီမံကိန်းသည်လည်း မရေရာတော့။
အိန္ဒိယ လုပ်သင့်လုပ်ထိုက်သည့် အကြောင်းများ ရှိနေပြီး ဖြစ်သည်။
ရခိုင် ပြည်နယ်တွင် အစာရေစာ ငတ်မွတ်မှု သည် ပို၍ ဆိုးလာနေပြီး ဒေသခံများ အဖို့ စစ်တပ်၏ ပိတ်ဆို့ နေမှု ကြောင့် အလျှံပါယ် ရှိထားပြီးသား သားငါး များ နှင့် အစားအသောက်များ မဝယ်နိုင် ဖြစ်နေသည်။ ဒေသခံ အမျိုးသမီးများ အားလည်း စစ်တွေ တွင် ပိတ်မိနေသော စစ်တပ် အတွက် လိင်ဖျော်ဖြေရေး အတင်းအကျပ် လုပ်ခိုင်းနေသည်ဟု သတင်းများ ထွက်ပေါ် နေသည်။ ထိုဒေသတဝိုက်တွင် ပြင်သစ်၊ ဆွစ် နှင့် တူရကီ မှ အင်ဂျီအို များ တွေ့နေရသော်လည်း အိန္ဒိယ မှ တဦးတလေ ကို မျှ မတွေ့ရပေ။
အိန္ဒိယ အစိုးရ အနေဖြင့် ရိုဟင်ဂျာ အရေးထက် အာရက္ခ တပ်တော်နှင့် ဆက်ဆံရေး ကို ပို၍ အရေးပေးသင့်သည်။
အိန္ဒိယ သည် လက်ရှိတွင် ဆယ်စုနှစ်ပေါင်း များစွာ ကတည်းက ကျင့်သုံးလာနေသော မြန်မာ စစ်ဗိုလ်ချုပ် များ နှင့် ဆက်ဆံရေးကိုသာ ထိန်းသိမ်းထားပြီး နိုင်ငံရေး အရ ရုန်းကန် တိုက်ပွဲဝင်နေမှု များ နှင့် ခပ်ကင်းကင်း နေ လာခဲ့သည်။
ယခုအခါ တွင် ထိုမူဝါဒ ကြောင့် နယူးဒေလီ သည် စည်းဝိုင်း အပြင်သို့ ရောက်အောင် တွန်းပို့ ခံရတော့မည့် အပြင် ဆိုးဝါးသည့် အကျိုးဆက်များ နှင့် ဒေသတွင်း အရှုံးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!