CNN ဖွင့်ချ ပြလာ သည့် စစ်အုပ်စု၏ လူမဆန်သည့် လုပ်ရပ်များ

by Hla Soewai - Aug 21 2025

စစ် ခေါင်းဆောင်များသည် ၎င်းတို့ စိတ်ဝယ် လူထု၏ စိတ်နှလုံးအား ဆွဲဆောင်နိုင်ရန် မစဉ်းစားနိုင်တော့ပဲ ၎င်းတို့အား ခြိမ်းခြောက်လာနေသည့် အန္တရာယ်ကြီးကို အရက်စက်ဆုံး နည်းလမ်းများဖြင့် နှိမ်နှင်းနိုင်ရေး ကိုသာ စိတ်စွဲနေကြသည့် sadism ခေါ် စိတ္တဇ ရောဂါမျိုး ရလာနေပြီ ဖြစ်သည်။

 

CNN မှ စစ်အုပ်စုသည် ၎င်းတို့ကို ၎င်းတို့ တံဆိပ် ပြောင်းတပ်ပြီး ရွေးကောက်ပွဲ ဆိုကာ နိုင်ငံတကာ တွင် ဈေးဗန်းခင်းလာနေချိန်တွင် ကလေးသူငယ်များ ပါမကျန် ဖမ်းဆီးနှိပ်စက်မှု များ အပါအဝင် ကျုးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုပ်မှု များ အပေါ် သက်သေ အထောက်အထား များက တောင်ပုံရာပုံ ဖြစ်လာနေပြီဟု အစချီက ယခုလို ရေးသားလာခဲ့သည်။

 

၎င်းတို့၏ အပေါ်ယံ မိတ်ကပ် လိမ်းချယ်မှု သည် ကာလကြာမြင့်စွာ ကတည်းက လုပ်နေကျ အလုပ်မျိုးလည်း ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့၊ ၎င်းတို့ အုပ်ချုပ်ရေးတည်တံ့ခိုင်မြဲဖို့ ရွေးကောက်ပွဲ ဆိုကာ ကြိုးပမ်းလာနေချိန်တွင် တဖက်ကလည်း ၎င်းတို့ ၏ ဆိုးသွမ်းယုတ်မာသည့် လုပ်ရပ်များက တိုး၍ တိုး၍ လာနေမှူ အပေါ် ကုလသမဂ္ဂ စုံစမ်းရေးမှုးများက သက်သေ အထောက်အထားများ စုဆောင်းမိနေပြီ ဖြစ်သည်။

 

ထိုအထဲတွင် ဖမ်းဆီးရမိသော တဖက်လက်နက်ကိုင်များနှင့် သတင်းပေးဟု စွပ်စွဲခံရသူ များကို အကျဉ်းရုံး ကွပ်မျက်ခြင်း၊ မိဘများကို ဖမ်းမမိ၍ နှစ်နှစ်သား အရွယ် ကလေးများကို ဖမ်းခေါ်သွားခြင်း၊ ကျောင်းများ၊ လူနေအိမ်များကို ဗုံးကြဲ တိုက်ခိုက်ခြင်း အစရှိသည့် သက်သေ အထောက်အထားများ ပါဝင်နေသည်။

 

အမေရိကန် ပြည်ထောင်စု နှင့် အနောက်နိုင်ငံ အများစုက စစ်အုပ်စုအား မြန်မာ၏ တရားဝင် အစိုးရ အဖြစ် မည်သည့် အခါကမျှ အသိအမှတ် မပြုခဲ့ကြသလို ရွေးကောက်ပွဲ အားလည်း ဂျပန်၊ မလေးရှား အပါအဝင် ဒေသတွင်း နိုင်ငံများက ပြစ်တင် ရှူတ်ချ ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။

 

ရွေးကောက်ပွဲ ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်သူများ အားလုံးက လက်ရှိ အနေအထားတွင် မဖြစ်နိုင်ဟု ပူးတွဲကြေညာချက် ထုတ်ပြန်ကာ ပြောဆိုလာခဲ့ကြသည်။

 

နိုင်ငံသားများသည် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများ နှင့် လက်နက်ကိုင် စစ်သားများ မျက်စိ ရှေ့မှောက်တွင် မဲထည့်ရမည် အနေအထားမျိုး ကြုံလာရတော့မည် ဖြစ်သည်။ ၎င်းတို့ ထိန်းချုပ်နယ် မြေ များ တွင်လည်း အတင်းအကျပ် ခြိမ်း‌ ခြောက် မဲထည့်ခိုင်းကြ‌ ဖို့ ရှိ‌ နေသည်။ ယင်းသည် အကြမ်းဖက်မှု များ ပို၍ တိုးလာဖို့သာ ရှိသည်ဟု ထောက်ပြခဲ့ကြသည်။

 

စစ်အုပ်စုသည် ၎င်းတို့ ထိန်းချုပ် နိုင်စွမ်း မရှိသော ‌ဒေသများသို့ စစ်အင်အား တိုးချဲ့၍ ထိုးဖောက်နိုင်ရန် ပြင်ဆင်လာ‌နေသည့် လက္ခဏာများလည်း တွေ့လာရသည်။ သို့သော် ရွေးကောက်ပွဲ မတိုင်မီ လိုချင်သလောက် ခရီးပေါက်ဖို့က မဖြစ်နိုင်သလောက် နီးပါးဟု ဝါရှင်တန် အခြေစိုက် အရှေ့တောင်အာရှ ငြိမ်းချမ်းရေး အင်စတီကျု မှ ဦးရဲမျိုးဟိန်းက ထောက်ပြခဲ့သည်။ ထိုသို့ မရေရာသော အနေအထားတွင် ရွေးကောက်ပွဲ လုပ်မည်ဆိုက အကြမ်းဖက်မှုများ ပို၍ ကြီးမားလာဖို့ ရှိပြီး ပဋိပက္ခများ နိုင်ငံ အနှံ့ ကျယ်ပြန့်လာဖို့သာ ရှိသည်ဟု ဆိုသည်။

 

သို့သော် စစ်အုပ်စုကတော့ ‌၎င်းတို့အပေါ် ဆန့်ကျင်လာမည့် အရေးကို နှိမ်နှင်းရန် စတင်လှုပ်ရှားလာပြီ ဖြစ်သည်။

 

ရွေးကောက်ပွဲ အား ဖျက်လိုဖျက်ဆီး လုပ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ဝေဖန် ပြောဆိုခြင်းများကို ထောင်သွင်း အကျဉ်းချ နိုင်မည့် ဥပဒေများ ထုတ်ပြန်လာသည်။ ဆိုက်ဘာ ဥပ‌ဒေ သစ်ဖြင့် အွန်လိုင်းမှ ထောက်လှန်း နိုင်ရေး တိုးချဲ့လာသည်။

 

မင်းအောင်လှိုင်သည် ယခင် နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ အစား အမျိုးသား လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင် ဟု ပြောင်းလဲ အမည်ပေး လာခဲ့သည်။ အဆိုပါ အဖွဲ့တွင် ၎င်းကပင် ဥက္ကဌ နေရာ ယူလာပြီး နောက်ထပ် ရာ ထူး များ ဖြစ်သည့် ယာယီ သမ္မတ၊ ကာချုပ် သည်လည်း ၎င်းပင် ဖြစ်နေပြန်သည်။ နောက်ထပ်လည်း ၎င်းအပေါ် သစ္စာရှိမည့် လူများ၊ စစ်အရာရှိကြီးများ ပါ ထည့်သွင်းလာသည်။

 

မင်းအောင်လှိုင်သည် ဒရိုင်ဘာ ခုံတွင် အခိုင်အမာ ရှိ‌ နေ၍ ပုလင်း အသစ်ထဲသို့ ဝိုင်အရက်ဟောင်းများ လောင်းထည့်သည့် လုပ်ရပ်မျိုးသာ ဖြစ်သည်ဟု ဦးရဲမျိုးဟိန်းက CNN သို့ ပြောပြခဲ့သည်။

 

CNN သည် ၎င်းတို့ လုပ်ရပ်များကို နိုင်ငံတကာ မှ သိရှိစေရန် အသေးစိတ် ဖေါ်ပြထားသည့် ‌ဆောင်းပါးရှည်ကြီး ဖြစ်ပြီး မြန်မာ ပြည်သူများ သိရှိထားပြီး ဖြစ်သည့် အချက်များ ကို မူ စာရှည်မည် စိုး၍ ချန်လှပ်ထားခဲ့ပါသည်၊ ၎င်းတို့ အကြောင်း တလုံးတပါဒ မျှ မသိခဲ့သူပင် ထိုဆောင်းပါးကို ဖတ်က တထိုင်တည်း နှင့် နားလည်သဘောပေါက် နိုင်ပြီး ထိုသို့ ဆိုးသွမ်း ယုတ်မာသော လူများ ဤကမ္ဘာကြီး တွင် ရှိနေသေးပါလားဟု တအံ့တသြ ဖြစ်လာကြပေမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!