ခရုငယ်လေးများ

by Hla Soewai - Jul 18 2025

ယခုအခါ မိုးဗြဲ၊ နောင်ချို တို့တွင် စစ်အင်အား အလုံးအရင်း၊ လေကြောင်းပစ်ကူ များ ဖြင့် သာ ပြန်သိမ်း နိုင်လိုက်ပြီဟု ပြော၍ရသော်လည်း ထိုသို့ သိမ်း နိုင် အောင် လ ပေါင်းများစွာ တိုက်ယူခဲ့ကြရသည်၊ ယခုလို နှုန်း မျိုး ဖြင့် နောက်ထပ် မျြိ့ ပေါင်း ၉၃ မြို့ ကို သိမ်းပြီး တနိုင်ငံလုံး အတိုင်းအတာ နှင့် အောင်ပွဲခံ ဖို့ဆိုသည်ကား မည်သို့မျှ မဖြစ်နိုင်တော့ပေ။ 

 

တာဝန်ခံ စစ်တိုင်းမှုး များက မင်းအောင်လှိုင်၏ ကျောသပ်ရင်သပ် လုပ်ခြင်း ခံရဖို့ ရှိပြီး ပြုံးပန်း တဝေဝေ နှင့် ရှိနေကြမည် ဖြစ်သော်လည်း ထိုသို့ ဖြစ်အောင် အောက်‌ခြေ တွင်တော့ မုဆိုးမများ၊ မိဘမဲ့ ရင်သွေး များ မည်မျှ အထိ ဖြစ်ကျန် ခဲ့ကြရပြီ ဆိုသည်ကား မည်သို့မျှ သိနိုင်မည် မဟုတ်တော့ပေ။

 

တအာင်း လွတ်မြောက်ရေး တပ်များသည် သာ အရှိန်အဟုန် ကောင်းနေသော မိမိ စစ်ဦး ကို မိမိတို့ဖာသာ ရိုက်ချိုး ပြီး ခံစစ်အသွင် ပြောင်းလိုက်ခြင်း၏ အမှားကို ပေးဆပ်လိုက်ရခြင်းလည်း ဖြစ်ပေသည်။

 

မင်းအောင်လှိုင်သည် မိုက်ရူးရဲ ဆန်စွာဖြင့် ရေဆန်ကို ရှိသမျှ အားဖြင့် လှော်ခတ်နေဆဲ ဖြစ်သော်လည်း ပြည်ပ အစိုးရ များ နှင့် လူထု တရပ်လုံးက ဖြစ်ပေါ်လာနိုင်သည့် မြန်မာပြည်၏ အနာဂတ် သည် ကိုယ်မင်းကိုယ်ချင်း ဖြစ်လာမည်လော ဟု စိုးရိမ်တကြီး တွေးတော ‌နေကြပြီ ဖြစ်သည်။ နိုင်ငံ ပြိုကွဲ မသွားအောင် တိုင်းရင်းသား တပ်ဖွဲ့ များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ တို့အကြား ထိုအရေး ကို ဆွေးနွေး ဖြေရှင်းသွားနိုင်မည် လော ဆိုသည်အထိ စဉ်းစားလာကြသည်။

 

နိုင်ငံကို ဗြိတိသျှ တို့နည်းတူ ၆၃ နှစ် အုပ်ချုပ်လာခဲ့သော်လည်း ယခုအခါတွင် တော့ အချုပ်အခြာ အာဏာ တည်တံ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့ဆိုသည့် ဒို့တာဝန် အရေး သုံးပါးသည်ကား အငွေ့ပျံသွားသလို ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

 

ကချင်၊ ရခိုင်၊ ကယား၊ ချင်း၊ ရှမ်းမြောက်၊ ကရင်၊ မွန်၊ ပဲခူး၊ စစ်ကိုင်း မကွေး၊ တနင်္သာရီ တို့ တွင် တင်းပြည့်ကျပ် ပြေ့ မအုပ်ချုပ် နိုင်တော့သည့် အပြင် အချို့ကို လက်လွှတ်ရမတတ် ဖြစ်လာသည်။ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီးတလျောက်လည်း စစ်မြေပြင်ကဲ့သို့ ဖြစ်လာနေသည်။

 

မည်သို့ပင် ဆို‌ စေ လက်ရှိ အနေအထား တွင် စစ်တပ် အပေါ် သစ္စာခံခဲ့သူ များ၏ အနာဂတ်သည် မည်းမှောင်လာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင် အဖွဲ့ တနေ့နေ့ တချိန်ချိန် အောင်ပွဲ ခံနိုင်မည် ဟူသော မဖြစ်နိုင်‌ တော့သည်မျှော်လင့်ချက်ကိုသာ ဆုပ်ကိုင်ထားနေရသည်။

 

၎င်းတို့ အဖို့ကား နေပြည်တော်တွင် နေလို့ ရသရွေ့ တိုက်နေကြဦးမည်သာ ဖြစ်သည်၊ ရွေးကောက်ပွဲ ဆိုသည်အားလည်း တရုတ် ၏ မြှောက်ပင့် ပေးမှု ကို အဟုတ်ထင်ကာ ထွက်ပေါက်ရလို ရငြား ဧရာဝတီ၊ ရန်ကုန်၊ ရှမ်းပြည် အရှေ့ပိုင်း နှင့် တောင်ပိုင်း လောက်နှင့် ဟန်ပြလုပ်ကာ နိုင်ငံတကာကို ညာဖို့ ကြိုးစားကြပေဦးမည်၊ ယင်းသည် အကြမ်းဖက်မှု များ လက်ယပ်ခေါ်နေသလိုသာ ဖြစ်နေသည်။

 

အချုပ်အခြာ အာဏာ ဆိုသည့် အကောင်အထည် ပြ၍ မရသော စိတ္တဇ နာမ် နောက်လိုက်ရင်း တိုင်းပြည် ဆိုသည့် အဆောက်အဦးကြီးသည် အခွံချည်းသာ ကျန်တော့ပြီး ခေါင််မိုးများ လန်၊ နံရံများ ပ်ပြိုအက်ကာ အထဲတွင် ပရိဘောဂများ ယို့ယွင်း ပျက်စီးပြီး နေချင်စဖွယ် မရှိတော့၊ ရှိသမျှ ထုတ်ရောင်း စားသောက်နေသည့် အိမ်ပျက်ကြီး သာသာ ဖြစ်လာနေသည်။

 

ဤသည်ကလည်း ၎င်းတို့ ကျွမ်းကျင်ရာ နိုင်ငံ တည်တံ့ ခိုင်မြဲရေး ကိုသာ ကာကွယ်နိုင်ခဲ့သည်ဟု ပြော၍ ရသော်လည်း နိုင်ငံရေး၊ စီးပွား‌ ရေး၊ လူမှုရေး ဖက်တွင် ၎င်းတို့ နကန်းတလုံးမျှ နားမလည်ခဲ့၍ ဖြစ်သည်ကို အထင်အရှား ပြဆိုနေပေသည်။

 

၎င်းတို့ ရှေ့လျောက် ဖျက်ဆီးသွားမည့် အ‌ ရေး စိုးရိမ်လာ၍ စစ်တပ် နှင့် အာဏာခွဲဝေ အုပ်ချုပ်သွားရန် လက်ခံသည် ဆိုစေဦး မင်းအောင်လှိုင် အား မည်သို့ လုပ်ရမည် ဆိုသည် ပြဿနာကို ‌ဖြေရှင်းရတော့မည် ဖြစ်သည်။ ၎င်း ကျုးလွန်ခဲ့သော ရာဇဝတ်မှု များ ကြောင့် သန်းရွှေကဲ့သို့ ထား၍ မရတော့ဆိုသည်ကို အားလုံးက လက်ခံထားကြပြီး ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ခေါင်းဆောင်များက သင်ပုန်းချေ မည် ဆိုလျှင်ပင် လူထု ဖက်က လိုလိုလားလား ရှိကြမည် မဟုတ်ပေ။ လက်ခံမည် ဆိုလျင်ပင် ၎င်းတို့ မိသားစု အဖို့က တသက်လုံး အထိတ်တလန့် နှင့် နေသွားကြရမည်သာ ဖြစ်သည်။

 

စစ်ကို အနိုင်တိုက်နိုင်ရန် ဆိုကာ လူမဆန်သော ရက်စက်မှု မျိုးစုံ ကျူးလွန်ခဲ့ကြခြင်းကြောင့် အစိုးရ တရပ် အနေဖြင့် တရားဝင် ရပ်တည်နိုင်ခွင့် အပြီးအပိုင် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

 

ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်သည် ယခင် အာဏာရှင် အဆက်ဆက် ရှိခဲ့သော ရန်သူများ ပေါင်းလျှင်ပင် ၎င်းကို မှီမည် မဟုတ်ဟု ဆိုရမည် အထိ များပြားလှသည်။ ၎င်း၏ အစွမ်းအစ ဖြင့် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခု တလေနှင့် မျှ အပစ်အခတ် ရပ်စဲအောင် မလုပ်နိုင်ခဲ့။

 

သန်းပေါင်းများစွာသော လူများအား ဒုက္ခသုက္ခ အမျိုး မျိုး‌ ပေး ခဲ့ယုံမက နိုင်ငံ သမိုင်းတွင် အဆိုးဝါးဆုံးဟု ဆိုရမည့် အကျပ် အတည်း ကြီး ဖန်တီးခဲ့သူ တယောက်အား ပြစ်ဒဏ် စီရင်နိုင်မှသာ လူထု နှင့် အခြား သက်ဆိုင် ပတ်သက်နေကြသည့် stakeholders များ အားလုံး အကြား ညီညွတ်မှု ကို ဖေါ်ဆောင် နိုင်ပြီး လက်ရှိ ပဋိပက္ခကြီး ကို အဆုံးသတ်‌ ပေးနိုင်မည် ဖြစ်သည်။

 

စစ်ခေါင်းဆောင်များ၊ အရာရှိ အရာခံ အကြပ်တပ်သားများ အနေဖြင့် မိမိတို့ ရပ်တည်ရာ ကို ရွေးချယ်ကြဖို့ အချိန်တန်နေပြီ ဖြစ်သည်။ မိမိတို့ ၏ ခေါင်းဆောင်သည် တိုင်းပြည်နှင့် လူမျိုး တိုးတက်ရာ တိုးတက်ကြောင်း ဦးဆောင်နိုင်မှုဟု ယုံကြည်နေခြင်းသည် အသိညဏ် အမျှော်အမြင် ခေါင်းပါးရား ကျမနေပေဖူးလော၊ မိမိတို့ အထဲ တွင် အတော်ဆုံး အတတ်ဆုံး ဖြစ်နေ၍သာ ဟု လူထုက ထင်စရာ ဖြစ်မ‌ နေဘူး‌ လော၊ မင်းအောင်လှိုင် အနေနှင့် တော့ ပြေးဖို့ မလိုမချင်းလက်အောက်ငယ်သားများ၏ အသက်များ သုံး၍ နေ့စဉ် လက်လီ ဝယ်ယူ ရပ်တည်သွားမည့်လူမျိုးသာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!