စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံ ပယ်ချ၊ မင်းအောင်လှိုင်၏ စာလေး တစောင်

by Hla Soewai - Jul 18 2025

စစ်အုပ်စု ပြုလုပ်မည့် ရွေးကောက်ပွဲ သည် ယခုလို အချိန်မျိုး တွင် ‌ဦးစားပေးရမည့် အရေး မဟုတ် ကြောင်း နှင့် မည်သို့သော ရွေးကောက်ပွဲ မျိုး မဆို အားလုံးပါဝင် ယှဉ်ပြိုင်ရမည် ဖြစ်သည်ဟု ဆိုကာ ကွာလာလမ်ပူ တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များက ဘုံ ရပ်တည်ချက် သဘောထား အဖြစ် ထုတ်ပြန်ပြီး ပယ်ချ လိုက်ယုံမက ရွေးကောက်ပွဲ မလုပ်ဖို့ပင် တောင်းဆိုလိုက်ပြီ ဖြစ်သည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆီရီ မိုဟာမက် ဟာဆန် က တဝက်တပျက် ရွေးကောက်ပွဲ မျိုးလုပ်၍ လည်း အကျိုးမထူး၊ ပြဿနာ ကို ဖြေရှင်း နိုင်မည် မဟုတ်သည့် အပြင် ပို၍ပင် ဆိုးဝါးသွား နိုင်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ယင်းအား အာဆီယံ အစည်းအဝေး ပြီး ဆက်လက် ပြုလုပ်သည့်အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

 

မိမိတို့ ရွေးကောက်ပွဲ လုပ်ပြီး၊ ဒီမိုကရေစီ အစိုးရ ဖြစ်လာပြီ ဟု ကမ္ဘာသို့ ပြောလိုယုံ သက်သက် လုပ်ခြင်းသာ ဖြစ်၍ မှန်ကန်မှု မရှိဟုလည်း ဆိုသည်။

 

အာဆီယံ ၏ ကမ္ဘာ အရေး နှင့် ပတ်သက်၍ အချက် ပေါင်း ၁၆၀ ပါ ကြေညာချက်တွင်လည်း စစ်အုပ်စု၏ အရပ်သား များ နှင့် အများ ပိုင် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေမှု များအားလည်း ရှုတ်ချလိုက်ကြသည်။

 

အာဆီယံ အဖွဲ့ မှ ရှုတ်ချနေမှု အား လားလားမျှ မမှုသည့် အနေဖြင့် စစ်ကိုင်း မြို့နယ် လင်တလူး ကျေးရွာ ရှိ စစ်ဘေးရှောင်များ ခိုလှုဲနေထိုင်ရာ ဘုန်းကြီး ကျောင်းအား ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ကလေးသူငယ် လေးဦး အပါအဝင် ၂၃ ဦး သေဆုံးသွားခဲ့သည့် သတင်းသည် AP သတင်းဌာနမှ တဆင့် နိုင်ငံတကာ သတင်းစာမျက်နှာ များ ပေါ် ရောက်ရှိသွားပြီ ဖြစ်သည်။

 

မလေးရှား၊ ဖိလစ်ပိုင် နှင့် ထိုင်း တို့ မှ နိုင်ငံခြားရေး ဝန်ကြီးများ နောက်လ အတွင်း နေပြည်တော်သို့ သွားပြီး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ အပစ်အခတ် ရပ်စဲရေး နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အနှောက်အယှက် မရှိ ပေးနိုင်ရေး အား အရင်လုပ်ရန် နားချဖို့ ရှိနေသည်။

 

မင်းအောင်လှိုင် အဖို့ကား ထရမ့်မှ ၎င်းအား နာမည် နှင့် ဘွဲ့ထူး ဂုဏ်ထူး ကို ထည့်‌ ရေး လိုက်သည့် စာတစောင် လက်ခံရလိုက်၍ ထီပေါက်သလောက် ဝမ်းသာ နေချိန်တွင် အာဆီယံ မှ ၎င်းလုပ်မည့် ရွေးကောက်ပွဲ ကို လက်မခံဟု ယတိပြတ် ကြေညာလိုက်ခြင်း‌ ကြောင့် အရှိုက်ထိုး ခံလိုက်ရခြင်းလည်း ဖြစ်သည်။

 

သို့သော် မြန်မာ နိုင်ငံခြားရေး ဌာနမှ တတ်ကျွမ်းနားလည်သည့် သံတမန် များ မှ မူ ထရန့်သည် နိုင်ငံရေး ကို ဘာတခုမျှ ထည့်သွင်းစဉ်းစားသူ မဟုတ်၊ ငွေ မျက် နှာ တခုသာ ကြည့်၍ ကမ္ဘာအနှံ့ ဆက်ကြေး ပြန်ကောက်ရန် ကြိုးစားနေခြင်း သက်သက်သာ ဖြစ်သည်ကို သိရှိထားကြပြီး ၎င်းအကြိုက် ထရမ့်ကို မြှောက်ပင့်‌ ပေးထားသည့် စာကို စိတ်မပါလက်မပါ ဖြင့် ရေးသားလိုက်ခြင်း ဖြစ်သည်ကို အထင်အရှား တွေ့လာရသည်။

 

မင်းအောင်လှိုင်သည် တိုင်းပြည်အား ၄၀ ရာနှုန်း အခွန် တိုး လိုက်သည့် အရေးကိုပင် အမှု မထားဘဲ ထရမ့်မှ မြန်မာ မီဒီယာ များအား ရံပုံငွေ ထောက်ပံ့နေမှု ဖြတ်တောက်ပေး၍ ကျေးဇူးတင်ကြောင်း၊ ဘိုင်ဒင် တို့ ‌ရွေးကောက်ပွဲ မဲခိုး၍ ရှူံးရခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့ လည်း ၂၀၂၀ ရွေးကောက်ပွဲ တွင် အလားတူ အဖြစ်မျိုး နှင့် ကြုံခဲ့ရကြောင်း အစရှိသဖြင့် ပတ်ချွဲ နတ်ချွဲ ‌ဖြင့် စာအရှည်ကြီး ရေးသား တုန့်ပြန်လာသည်။

 

ထိုမျှ နှင့် အားမရသေး မိမိတို့ နိုင်ငံမှ ဝါရှင်တန်သို့ အဆင့်မြင် ကိုယ်စားလှယ် အဖွဲ့စေလွှတ်၍ ဆွေး‌ နွေး လိုပါသည် ဟု ပင် တောင်းဆိုလာခဲ့သည်၊ စာသွားစာလာ အရ အကယ်၍ ထရမ့်မှ လက်ခံမည် ဆိုလျင် ၎င်းကိုယ်တိုင် လာမည့် သဘောမျိုး သွယ်ဝိုက် ပြောဆိုလိုက်ခြင်း လည်း ဖြစ်သည်။

 

မင်းအောင်လှိုင်၏ စာသည် အခြား နိုင်ငံများ၏ တုန့်ပြန်မှု နှင့် ယှဉ်လျှင် မည်သို့မျှ ဆွဲဆောင်နိုင်မှု မရှိသည့် သာမန် အဆင့်မျိုးသာ ရှိသည်ဟု နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အုပ်စု ၏ မြန်မာ အရေး တာဝန်ခံ ရစ်ချတ် ဟိုဆေးက ထောက်ပြခဲ့သည်။

 

သို့သော် မင်းအောင်လှိုင်၏ စာအရှည်ကြီးကို ထရမ့် မှ ဖတ်မည် မဟုတ်သည့် အပြင် အိမ်ဖြူတော် ဝန်ထမ်း လက်ထောက်များက အဓိက အကြောင်းအရာ ဖြစ်သည့် အမေရိကန် ဖက်မှနောက်ထပ် ၁၀% သို့မဟုတ် ၂၀% ခန့် လျော့ချပေးဖို့၊ မိမိတို့မှလည်း ၁၀% မှ သုံည အထိ လျော့ပေးဖို့ အဆင်သင့် ရှိကြောင်း၊ ပိတ်ဆို့ထားမှု များ ပယ်ဖျက်ပေးပါ ဟု တောင်းဆို လာသည်များ ပါရှိလာသည် ကို brief သဘော အကျဉ်းချုပ် သာ တင်ပြမည်လည်း ဖြစ်သည်။

 

မြန်မာ မှ အသင့် ချုပ်လုပ်ပြီးသား အဝတ်အထည် များ နှင့် ရှူးဖိနပ်များကိုသာ အဓိက တင်ပို့နေခြင်း ဖြစ်သည်။

 

နိင်ငံ အားလုံးက ထိုလုပ်ရပ် အပေါ် "စိတ်မကောင်း ဖြစ်ရကြောင်း" ၊ အချို့ကလည်း မိမိတို့၏ အချုပ်အခြာ အာဏာ ကို ဝင် ရောက် စွက်ဖက်မှု အဖြစ်ပြောဆိုကြသော်လည်း မင်းအောင်လှိုင်၏ စာထဲတွင် မူ ထိုကဲ့သို့ စကားလုံးများ တလုံးတလေ မျှ မပါရှိသည့် အပြင် ထရမ့်အား ခိုင်မာသော ဦးဆောင်မှု ပေးနိုင်သည့် ခေါင်းဆောင်ကြီး၊ ကမ္ဘာငြိမ်းချမ်းရေး အတွက် ဆက်လက် ကြိုးပမ်းနေမှု များ အတွက် ချီးကြူးပါကြောင်း ရေးသားထားသည်။

 

ထရမ့်သည် ၎င်းမှ အခွန် တိုးမြှင့်ကြောင်း အကြောင်းကြားစာ ကို တုန့်ပြန်ရာ တွင် ကျေးဇူး တင်ကြောင်း အပြင် ၎င်းအားလည်း ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီးအဖြစ် ချီးကြူး ရေးသားထားသည့် စာကို ၎င်းတဦးတည်းထံမှ ရရှိခဲ့၍ စိတ်မှ နှံ့သေးရဲ့လားဟု ပင် ယူဆသွားနိုင်ပေသည်။

 

မင်းအောင်လှိုင် ၏ အရူးဘုံမြှောက် ချေးခြောက်ကောက်စား လုပ်ရပ် အတွက် ဘီဂျင်း တွင် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံ များ ဆူညံစွာ ထွက် ပေါ်လာမည်ကား အသေအချာပင် ဖြစ်သည်။

 

ယခုလို အခွန်တိုး မြှင့်‌ ကြောင်း လုပ်ထုံးလုပ်နည်း အတိုင်း အကြောင်းကြားစာ ကို လက်ခံရရှိ ယုံမျှဖြင့် ဤမျှ အထိ အူမြူးနေသည် အဖြစ်က အလားအလာ မကောင်းလှဟု သုံးသပ်ကြမည်လည်း ဖြစ်သည်။

 

စစ်အုပ်စုသည် အမေရိကန် မှ လူရာ အသွင်း မခံရ၍ ငြိမ်နေခြင်းသာ ဖြစ်ပြီး ယခုလို ထရမ့် မှ "ဟ" ပေးလိုက်သည် နှင့် အူယားဖားယား ရွှေလမ်းငွေလမ်း ဖေါက်ဖို့ ကြံစည်နေပြီဟု သဘောပေါက်သွားပြီ ဖြစ်သည်။

 

သိန်းစိန် လက်ထက် တွင်လည်း တခါ ခံခဲ့ရပြီး ဖြစ်သည်။ အကယ်၍ ထရမ့် မှ အသိအမှတ် ပြုသယောင် လုပ်ကာ ထူးထူးခြားခြား ပေးပို့ လိုက်သော စာ ဖြင့် မိမိတို့ အကြား သပ်လျိုကာ ၎င်းတို့ နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်မည် ဆိုလျင် စစ်အုပ်စုမှ လက်ခံဖို့ ရှိလာနိုင်ပြီး မိမိတို့ စီမံကိန်းများကိုပင် ရပ်ဆိုင်းပစ်နိုင်ပေသည်ဟု တွေးလာကြမည် ဖြစ်သည်။ နကိုယ်ကတည်းက ၎င်းတို့ အပေါ် မယုံကြည် ဖြစ်နေမှု များလည်း ပို၍ ခိုင်မာသွားနိုင်ပေသည်။

 

မည်သို့ တုန့်ပြန်လာမည်ကား စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

 

Nothing is more despicable than respect based on fear.

 

ကြောက်ရွံ့လို့ လေးစားရတာထက် ပိုပြီး ရွံစရာ ကောင်းတာ မရှိဘူး။

 

Albert Camus 

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!