နောက်ထပ် တစီး

by Hla Soewai - Jul 09 2025

ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့မှ ဖားဆောင်း မြို့ပေါ် ပျံဝဲလာသော စစ်အုပ်စု၏ တိုက်လေယာဉ် လေးစီး အနက် တစီး အား ပစ်ချ နိုင်ခဲ့သည်ဟု သတင်းဓါတ်ပုံ နှင့် တကွ ထုတ်ပြန်လာခဲ့သည်။

 

စစ်အုပ်စု ဖက်မှ ထုံးစံ အတိုင်း "ည အချိန်" လေ့ကျင် ပျံသန်းနေစဉ် စက်ချို့ယွင်း၍ ပျက်ကျသွားသည်ဟု ပြောဆိုလာသည်။

 

KNDF ရှေ့တန်းစစ်မျက်နှာ မှ ပွိုင့် ဖိုက်၊ ပွိုင့် အိပ် လက်နက်ကြီး များ ဖြင့် အသင့် စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး လေယာဉ် မှုး နှစ်ဦး၏ အ-‌ လောင်းများပါ တွေ့ရှိခဲ့သည် ဟု ပြောရေး‌ဆိုခွင့် ရှိသူ တာအယ်စိုး မှ မြန်မာနောင်းကို အတည်ပြုခဲ့သည်။

 

KNDF ယခု ထိ တိုက်လေယာဉ် သုံးစီး၊ ရဟတ်ယာဉ် တစီး ပစ်ချ နိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

 

စစ်အုပ်စု သည် ကရင်နီ စစ်မျက်နှာ တွင် မိုးဗြဲကို ပြန်သိမ်းပိုက် နိုင်လိုက်၍ လက်ခမောင်းခတ်နေသော်လည်း ယခုလို တိုက်လေယာဉ် တစီး လက်လွှတ်ခဲ့ရမှု အတွက် များစွာ ထိခိုက် နစ်နာသွားခဲ့ရသည်။ ယခု အခါ ပျမ်းမျှ တလ တစီး နှုန်း ပျက်ကျ နေပြီဟု တွက်ဆ‌၍ ရနေသည်။

 

၎င်းတို့ ‌ဆုံးရှူံး သွားခဲ့သော တရုတ်လုပ် ဒေါ်လာ ၈.၅ သန်း တန်‌ ကြေး ရှိ FTC-2000G အမျိုးအစား တိုက်လေယာဉ် ဖြစ်ပြီး ၂၀၂၂ မှစ၍ အသုံးပြုခဲ့သည့် အသစ် စက်စက် လေယာဉ်လည်း ဖြစ်သည်၊ ပစ်ချခံရတိုင်း စက်ချို့ယွင်း မှု ကြောင့် ဖြစ်ရသည်ဟု ကြေညာနေ၍ လေယာဉ် ကုမ္ပဏီများလည်း နိုင်ငံတကာ ဈေးကွက် တွင် နာမည်ပျက်နေကြရပြီ ဖြစ်သည်။

 

လေယာဉ် ပစ်ချခံရသည့် သတင်းအား AP မှ တဆင့် ကမ္ဘာသတင်းမီဒီယာ များသို့ ပျံ့နှံ့သွားခဲ့ပြီလည်း ဖြစ်သည်။

 

မိုးဗြဲကို သိမ်းပိုက် နိုင်ခဲ့ခြင်းသည် စစ်ရေး မဟာဗျူဟာ ကောင်း၍ မဟုတ်ဘဲ အတင်းအကျပ် စစ်ထဲ သွင်း ထားသည့် လူငယ်လေး များအား လူလှိုင်းလုံးတက် ဗျူဟာ ဖြင့် အတင်း ရှေ့မှ အသေခံ တက်ခိုင်းခဲ့သောကြောင့်ပင် ဖြစ်သည်။

 

ဤသည်ကို ကြည့်မည်ဆိုက ၎င်းတို့ စခန်းတခု သိမ်းပြီး တိုင်း မရေတွက် နိုင်သော တိုင်းပြည်၏ အနာဂတ် လူငယ် ကလေးများ အလဟသ ကြွေလွင့် ခဲ့ကြရပြီ ဆိုသည်ကို သိမြင်နိုင်ပေသည်။

 

တီမော လက်စလေ ၏ အာဆီယံ ဝင်ခွင့် အား စစ်အုပ်စု မှ ကန့်ကွက် ခဲ့မှု သည် လေထဲတွင် ပင် ပျောက်ကွယ်သွားရပြီး သမ္မတ ဟိုဆေး ရာမို့စ် ဟိုတာ အား "အရာမရောက် မသက်ဆိုင်" ဟု ဆိုကာ ပယ်ချပစ်လိုက်သည်။

 

အောက်တိုဘာလ တွင် တရားဝင် ဝင်ရောက်ခွင့် ရတော့မည် ဖြစ်၍ အသေးစိတ် ပြင်ဆင်မှု များ ပြုလုပ်နေချိန်လည်း ဖြစ်သည်။

 

မြန်မာ စစ်အုပ်စု မှ တီမော၏ ကမ္ဘာတဝှမ်း ဒီမိုကရေစီ လှုပ်ရှားမှု များ သွေးစည်း ညီညွတ်စွာ ရပ်တည်သွား မည့် မူဝါဒ ကို တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ယခု အခါ အာဆီယံ သို့ တီမော ဝင်ရောက်လာမှု နှင့် အတူ ၂၀၂၆ တွင် တရုတ်အား ရဲရဲတောက် ဆန့်ကျင်နေသည့် ဖိလစ်ပိုင် မှ ဥက္ကဌ တာဝန် ယူလာတော့မည် ဖြစ်၍ ပွဲက ကြည့် ကောင်းလာမည် ဖြစ်သည်။

 

ဖိလစ်ပိုင်သည် မကြာသေးမီက ဝင်ရိုးတန်း အာဏာရှင် နိုင်ငံတို့အား (ရုရှား၊ အီရန်၊ တရုတ်၊ မြောက်ကိုရီယား) ဆန့်ကျင်နိုင်ရန် ဆိုကာ လစ်သူယေးနီယား နှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းရေး မဟာမိတ် စာချုပ် ကို လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်သည်။

 

ဝါရှင်တန် တွင် ပြုလုပ်ခဲ့သော Quad လေးနိုင်ငံ အုပ်စု အဖွဲ့မှ မြန်မာနိုင်ငံ အတွင်း အခြေအနေများ ဆိုးဝါးလာနေမှု ကြောင့် အပစ်အခတ် ရပ်စဲရေး ကို လိုက်နာရန် တိုက်တွန်းကြောင်း ပူးတွဲ ကြေညာချက် တွင် ပါရှိလာသည်။

 

ယင်းသည်က diplomatic niceties သာ ဖြစ်သော်လည်း ဆန်းနေသည်က ၎င်းတို့ လေးနိုင်ငံ ပေါင်း၍ Quad Critical Mineral Initiatives ထူ‌ထောင်လာခြင်းပင် ဖြစ်သည်။

 

ယင်းသည် ၎င်းတို့ အတွက် အရေးပါလာသော မြေရှား သတ္ထု များ တရုတ်မှ လက်ဝါးကြီး အုပ်နေမှု ကို တန်ပြန် နိုင်ရန် အတွက် ဖြစ်သည်ဆိုသည် မှာ အထင်အရှား တွေ့လာရသည်။

 

ဤသည်က မြန်မာသည် ကမ္ဘာတွင် မြေရှားသတ္တု တတိယ အများဆုံး ထုတ်လုပ်‌ နေသည့် နိုင်ငံ ဖြစ်‌ နေ၍ ပထဝီ နိုင်ငံရေး တွင် တင်းမာ မှု ဖြစ်ပွားလာတော့မည့် ‌သဘောပင် ဖြစ်သည်။ တရုတ်သည် လက်ရှိတွင် မြေရှားသတ္ထုများ ကို တင်သွင်းမှု ပမာဏ ၏ သုံးပုံ နှစ်ပုံခန့်ကို မြန်မာ မှ ထုတ်ယူ လျက် ရှိနေ၍ အကြီးမားဆုံး ဖေါက်သည် နိုင်ငံ ဖြစ်နေသည်။

 

အဘယ်ကြောင့်ဆိုသော QUAD နိုင်ငဲခြားရေး ဝန်ကြီးများ အစည်းအဝေး လုပ်နေစဉ် မှာပင် The Strategist မဟာဗျူဟာ စာစောင် တွင် မြေရှားသတ္တု များ တရုတ် မှ လက်ဝါးကြီး အုပ်နေမှု အား လျော့ချ နိုင်ရန် အိန္ဒိယ နှင့် ဩစတေးလျှ မှ ပူးပေါင်း၍ တာဝန်ယူ ရဖွယ် ရှိသည်ဟု စောင်းပါးရိပ်ခြေ ရေးသား ပြောဆိုမှု ထွက်ပေါ်လာသည်။

 

တိုက်ရိုက် ပါဝင် နိုင်စရာ မလိုသော်လည်း interim value-based arrangements အဖြစ်နှင့် ကြားကာလ တန်ဖိုး ဖြတ်မှု ပုံစံ ဖြင့် ဆောင်ရွက်နိုင်သည်ဟု ရေးသားထားသည်။

 

ယခုအခါ အိန္ဒိယ ကိုယ်စားလှယ်များ ကချင် ပြည်နယ် အတွင်းသို့ ခြေဆန့်နေပြီ ဆိုသော သတင်းများလည်း ထွက်ပေါ်နေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!