ဝ တပ်ဖွဲ့မှ မြေရှား သတ္ထုတွင်းသစ်ကို ထိန်းချုပ်လိုက်ပြီ

by Hla Soewai - Jun 18 2025

တရုတ်မှ ကျောထောက် နောက်ခံ ပေးထားသည့် ဝ တပ်ဖွဲ့များသည် မြေရှား သတ္ထုတွင်း အသစ်ကို ထိန်းချုပ် နိုင်လိုက်ပြီ ဖြစ်၍ တရုတ် အဖို့ ထရမ့်၏ ကုန်သွယ်ရေး စစ်ပွဲ တွင် တဖြေးဖြေး နှင့် အသာစီး ရလာနေပြီ ဖြစ်သည်။

 

အမေရိကန် သည် ယခုအခါ တရုတ်မှ မြေရှားသတ္ထုများ တင်ပို့ နေခြင်းအား ကန့်သတ်ထားမှု ကို "ရပ်ဆိုင်းထားရန် သို့မဟုတ် ဖယ်ရှားပေးရန်" တောင်း ပန် ခယ နေရချိန်လည်း ဖြစ်သည်။

 

တရုတ်သည် အကြီးစား မြေရှား သတ္တု များကို လုံးဝ နီးပါး လက်ဝါးကြီး အုပ်နိုင်သည့် အနေအထား ရောက်ရှိလာပြီဖြစ်၍ လေအားသုံး တာဘိုင်များ၊ ဆေးပစ္စည်း ကရိယာများ နှင့် လျပ်စစ်ကားများ ထုတ်လုပ်ရေး တွင် လွန်စွာ အရေးပါသည့် သံလိုက် ပစ္စည်းများ အတွက် ဖြန့်ဖြူး နိုင်မည့် ကွင်းဆက်များကို ၎င်း တို့ အလိုရှိသလို စေစားနိုင်နေပြီ ဖြစ်သည်။

 

ထိုသို့ အနေအထားမျိုး ပိုင်ဆိုင်နိုင်ရန် မြန်မာ အပေါ် လုံးဝ မှီခိုနေရပြန်သည်။ တရုတ် အကောက်ခွန် စာရင်းဇယားများအရ ၂၀၂၅ ပထမ လေးလ ပတ် အတွင်း တရုတ်တို့ မြေရှားသတ္တု သန့်စင်ထုတ်လုပ်မှု အတွက် လိုအပ်သော ကုန်ကြမ်းများ တဝက်ခန့်သည် မြန်မာ မှ ဖြစ်သည်ဟု သိရသည်။

 

ပြီးခဲ့သည့် လများ အတွင်း နိုင်ငံ မြောက်ပိုင်း တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေသည့် အတွက် ဒစ်ပရိုဆီယမ် နှင့် တာဘီယံ သတ္တုများ တင်သွင်းမှု လျော့ကျသွားရ၍ ဈေးနှုန်းများ ၃၀ ရာနှုန်း နီးပါးခန့် မြင့်တက်သွားရသည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။ မြန်မာ တွင် စည်းကမ်းတကျ ထိန်းချုပ်နိုင်မှု လျော့ရဲနေသဖြင့် တရုတ် ကုမ္ပဏီများ အတွက် တူးဖေါ် ထုတ်လုပ်မှု စရိတ်သည် အခြား ဒေသများ နှင့် ယှဉ်လျင် ခုနှစ်ဆ ခန့် သက်သာနေသည်ဟု ‌ဆိုသည်။

 

ထို့အတွက် ကြောင့်လည်း တရုတ်သည် အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာ မှ မြေရှားသတ္တုများကို ယခင်ကထက် ငါးဆခန့် ပို၍ ထုတ်ယူနေကြသည်ဟု သိရသည်။

 

ယခုအခါ မိုင်းဆပ် နှင့် မုန်းယူး အကြားရှိ ဝ တို့ ထိန်းချုပ်ထား‌‌ သော နယ်မြေ များ အတွင်း တွင်းသစ်များ ရှာဖွေ တွေ့ရှိလာပြီ ဖြစ်သည်။ အနည်းဆုံး လူ တရာ ခန့် နေရော ညပါ ဓါတုပစ္စည်းများ သုံး၍ တူးဖေါ် ကာ ထရပ်ကားများဖြင့် သယ်ထုတ် နေကြပြီ ဟုလည်း သိရသည်။

 

ထိုသို့ အထိမ်းအကွပ် မရှိ စည်းကမ်းမဲ့ တရားမဝင် တူးဖေါ်နေမှု ကြောင့် ထိုင်းဖက်ခြမ်းရှိ ကော့ မြစ်ထဲသို့ အာဆင်းနစ် ဓါတု အဆိပ်များ စီးဝင်လာပြီး မဲခေါင် မြစ်ကြောင်း ကို အန္တရာယ် ပြုလာနေပြီ ဖြစ်သည်။

 

စစ်အုပ်စု အတွက် နှစ်သိမ့်ဆု အဖြစ် နေပြည်တော် တွင် ကျပ်ငွေ သန်း နှစ်ထောင်ခန့် အကုန်အကျ ခံ၍ အထပ်မြင့် ဝန်ထမ်း အိမ်ယာများ ဆောက်လုပ်ပေးမည် ဟု ပြောလာခဲ့သည်။

 

ကမ္ဘာဘဏ် ခန့်မှန်းချက်

 

မြန်မာ၏ စီးပွားရေးသည် ၂၀၂၄-၂၆ ဘဏ္ဍာရေး နှစ် အတွင်း ၂.၅ ရာနှုန်းအထိ ထပ်မံ ကျဆင်းသွားဖွယ် ရှိသည်ဟု ဇွန်လ ၁၂ ရက် တွင် ထုတ်ပြန် သော အစီရင်ခံစာတွင် ပါရှိလာခဲ့သည်။

 

ငလျှင်ဒဏ် ကြောင့် အိုးအိမ် နှင့် အခြေခံ အဆောက်အအုံများ တိုက်ရိုက်ထိခိုက် ပျက်စီးမှု တန်ဘိုး ‌ဒေါ်လာ ၁၁ ဘီလီယံ ရှိသည်ဟု ခန့်မှန်းထားသည်။ ထိုပမာဏ သည် တိုင်းပြည် စုစုပေါင်း ထုတ်ကုန် တန်ဘိုး၏ ၁၄ ရာနှုန်း နှင့် ညီမျှသည်ဟု ဆိုသည်။ လူသန်းပေါင်း ၁၇ သန်း ကျော် အပေါ် သက်ရောက်မှု ရှိခဲ့ပြီး ထိုအထဲတွင် ၉ သန်းကျော်သည် ဆိုးဆိုးရွားရွား ခံခဲ့ရသည်။

 

နကိုယ် ကတည်းက အကျပ်အတည်း ကျ နေသောစီးပွားရေး သည် ပို၍ ဆိုးဝါးလာမည် ဖြစ်၍ မြန်မာ ပြည်သူတို့၏ ခံနိုင်ရေ အားကို ထပ်မံ စမ်းသပ်စရာဖြစ် လာပေမည်ဟု ထိုင်း၊ မြန်မာ ဆိုင်ရာ ကမ္ဘာဘဏ် ဌာနခွဲ အကြီးအကဲ မယ်လင်ဒါ ဂွတ်က ပြောခဲ့သည်။

 

နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှု နှုန်းသည်လည်း နောက်ထပ် ၂.၈ ရာနှုန်း မြင့်တက်လာဦးမည် ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ ၂၀၂၄ တွင် ကောက်ယူခဲ့သော စစ်တမ်းများအရ ဆင်းရဲမှု နှုန်းသည် ၃၁ ရာနှုန်း ရှိနေပြီး ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါ အကျပ်အတည်း များ စုပြုံလာမှု ကြောင့် အိမ်ထောင်စုများ၏ ရင်ဆိုင်ဖြေရှင်း နိုင်စွမ်းကို ဆိုးဝါးစွာ ဖိအား ပေးလာနေပြီဟု ထိုင်း၊ မြန်မာ ဆိုင်ရာ ကမ္ဘာ့ဘဏ်၏ စီးပွားရေး ပညာရှင် ကင် အက်ဒွပ်က ပြောခဲ့သည်။

 

ထိုကဲ့သို့ လူတို့၏ ကြီးပွား တိုးတက်ရေး ကို အသာထားဘိဦး နိုင်ငံတွင်းရှိ ခုနှစ်ရက် သားသမီး များကို ဒုက္ခပေးနေသူ များအား ဖယ်ရှားနိုင်ရေး အတွက် မည်သည့် နည်းလမ်းမဆို တရားမျှတ နေ မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!