JF-17 ပစ်ချ ခံရမှု နှင့် တရုတ်အ ပေါ် သက်ရောက်

by Hla Soewai - Jun 18 2025

ဝါရှင်တန် အခြေစိုက် နစ်ဆင် စင်တာ ၏ The National Interest အွန်လိုင်း မဂ္ဂဇင်း တွင် အမေရိကန် လုံခြုံရေး ဆိုင်ရာ သုတေသီ Brandon J. Weichert ရေးသားသော "‌What does the downing of Chinese JF-17 in Myanmar means for China's arm industry? ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။

 

မကြာမီ က ပြီးဆုံးသွားခဲ့သော အိန္ဒိယ-ပါကစ္စတန် လေးရက်ကြာ စစ်ပွဲအပြီး တွင် တော့ တရုတ် ကာကွယ် ရေး စက်မှု လုပ်ငန်းများ လက်ခမောင်း ခတ် ဝံ့ကြွား နိုင်ခဲ့ကြသည်။

 

လေကြောင်းစစ်ပွဲ တွင် အိန္ဒိယ လေတပ်မှ အလွယ်တကူ အသာစီးရမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ပါကစ္စတန် ရှိ တရုတ်လုပ် J-10C၊ JF-17 တို့မှ အိန္ဒိယ ၏ ပြင်သစ် နှင့် ရုရှားလုပပ် Dassault Rafale 4.5 တိုက်‌လေယာဉ် အများအပြား ပစ်ချနိုင်ခဲ့သည်။

 

တရုတ် တိုက်‌ လေယာဉ် များက ဈေးလည်း ကြီးပြီး အရည်အသွေး ညံ့ဖျင်းသည်ဟု ပြောဆို ခံ‌ နေရချိန် တွင် ထိုသို့ အနောက်နိုင်ငံ ထုတ် တိုက်လေယာဉ် များ အပေါ် အနိုင်ယူခဲ့မှု ကြောင့် တရုတ် မီဒီယာများမှ ကောင်းချီးပေး၍ မဆုံးမီမှာပင် မြန်မာတွင် တရုတ်တို့ အရှက်တကွဲ အဖြစ်နှင့် ကြုံခဲ့ရသည်။

 

မြန်မာ နိုင်ငံ မြောက်ပိုင်း တွင် JF-17 အား ပစ်ချလိုက်သည့် အခါတွင်တော့ တရုတ် ထုတ် တိုက်လေယာဉ်များ အား ယှဉ်လို့ မရဟု ယူဆနေမှု များ ပျောက်ကွယ်သွားခဲ့ရသည်။

 

ထိုလေယာဉ်အား ပုခုံးထမ်း MANPAD လောင်ချာ ဖြင့် ပစ်ချ ခဲ့ခြင်းလည်း ဖြစ်၍ တရုတ် ဈေးကွက်သို့ မျက်စိကျလာသူများအား ရပ်တန့်သွားစေခဲ့သည်။ MANPAD သည် တကယ်တမ်း တွင် တရုတ်ထုတ် FN-6 မြေပြင်မှ ဝေဟင်ပစ် ပုခုံးထမ်း လောင်ချာ ဖြစ်နေပြန်၍ တရုတ်တို့ ကိုယ်ရှူး ကိုယ်ပတ် ဖြစ်သွားခဲ့ရပြန်သည်။

 

၂၀၁၅ တွင် ဘီဂျင်းသည် စစ်အုပ်စု အား JF-17  ၁၁ စီး ရောင်းချခဲ့ပြီး ၂၀၁၈-၂၁ အတွင်း အပြီး ပို့ပေး နိုင်ခဲ့သည်။ ၎င်းတို့၏ JF-17 သည် နှစ်ယောက်စီး ဘက်စုံ သုံး၍ ရသော တိုက်လေယာဉ် အမျိုးအစား ဖြစ်၍ ကမ္ဘာဈေးကွက် တွင် ပြင်သစ်၊ အမေရိကား နှင့် ရုရှား တို့နှင့် ယှဉ် နိုင်လိမ့်မည်ဟု အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့သည်။

 

တရုတ်မှ ထိုသို့ ပံ့ပိုးပေးနေသော်လည်း တော်လှန်ရေး တပ်ဖွဲ့အသီးသီး ဆင်နွှဲနေသည့် စစ်မျက်နှာ များ တွင် နာလံ မထူနိုင် ဖြစ်နေသည်။ ယခုလည်း လေကြောင်း တိုက်ခိုက်မှု ကိုသာ အားကိုးနေရတဲ့ စစ်အုပ်စု အဖို့ မရှိမဲ့ ရှိမဲ့ လေယာဉ် များထဲက တစင်း ထပ် ဆုံးရှုံးသွားခြင်းသည် အတော်လေး အရေးပါလှသည် ဆုံးရှုံးမှု ကြီး ဖြစ်သည်ဟု ဆိုရပေမည်။

 

တရုတ်သည် လက်ရှိတွင် ပြည်တွင်း စစ်ကြီးကို မီး‌ မွှေးပေးနေပြီး နှစ်ဖက်စလုံးကို လက်နက်များ ရောင်းချ ပေးလျက် ရှိနေသည်။ JF-17 အား ပစ်ချ နိုင်ခဲ့သဖြင့် တော်လှန်ရေး တပ်များက တရုတ်တို့၏ MANPAD အား ထပ်မံဝယ်ယူ နိုင်ရန် ကြိုးစားလာဖွယ် ရှိပြီး စစ်အုပ်စု မှလည်း နောက်ထပ် လေယာဉ် ထပ်ဝယ်ဖို့ လိုအပ်လာသဖြင့် တရုတ်တို့ အတွက် တနည်းအားဖြင့် အကျိုးရှိဖို့ ဖြစ်လာနေသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

စစ်အုပ်စု အဆိုပါ လေယာဉ် ပစ်ချခံရခြင်းကို စက်ချို့ယွင်း၍ ဆိုကာ လိမ်လည် သတင်းထုတ်ပြန်ခဲ့သည့် အတွက် ဘီဂျင်း အဖို့ ထပ်၍ မျက်နှာပျက်စရာ ဖြစ်သွားခဲ့ရသည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!