ဆယ်စင်း ရှိသွားပြီ

by Hla Soewai - Jun 18 2025

ပြည်သူ့ လွတ်မြောက်ရေး တပ်တော် (PLA) အထွေထွေ အတွင်း ရေးမှုး ဒေါ်နီနီကျော် မှ စစ်အုပ်စု ပိုင် ဂျက် တိုက်လေယာဉ် တစီးအား ပစ်ချ နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း ပုလဲ မြို့နယ် ရှိ စပါးစေ့ ကျေးရွာ ဘုန်းကြီးကျောင်း ထဲသို့ မီးလောင် ပျက်ကျ သွားသည်ဟု DVB သို့ အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

 

စစ်‌အုပ်စု ၏ "သတင်းမှန် ပြန်ကြားရေး အဖွဲ့" မှ ထုံးစံ အတိုင်းပင် လေကျင့်နေစဉ် အတွင်း "စက်ချို့ယွင်း၍ ဖြစ်သည်" ဟု ပြောလာခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ လက်အောက်ခံ PLA တပ်များသည် ဇွန်လ ၂ ရက် နေ့မှစ၍ ပုလဲ မြို့နယ် အတွင်းရှိ ကန် ဒေါင့် ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်လာ၍ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။ စစ်တပ်မှ တိုက်လေယာဉ်များ၊ Y-12 လေ‌ယာဉ်များ နှင့် ဗုံးကြဲ ပြီး အပြင်းအထန် ခုခံနေစဉ် ယခုလို ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

 

အာဏာ သိမ်းပြီးချိန်ကစ၍ "စက်ချို့ယွင်း၍" ဆိုကာ ပစ်ချ ခံခဲ့ရသော ‌စစ်လေယာဉ် ပေါင်း ဆယ်စင်း ရှိလာခဲ့ပြီ ဖြစ်သည်။ အမျိုးအစား အားဖြင့် ဂျက်တိုက်လေယာဉ် လေးစီး၊ ရဟတ်ယာဉ် ၅ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစီး တို့ ဖြစ်သည်။

 

တော်လှန်ရေး တပ်များက O.50 ကယ်လီဘာ M2 ဘရောင်နင် စက်သေနတ် သုံး၍ ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

 

မန္တလေး မြောက်ဖက် PDF များ ထိန်းချုပ်ထားသော မတ္တရာ မြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်များ နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

 

ထိုးစစ်ကို ရပ်လိုက် တိုက်လိုက် လုပ်နေမည် ဆိုက ရန်သူ အား အင်အားစုစည်းရန် အချိန်ပေးသလို ဖြစ်ပေတော့မည်၊ ယခုလည်း TNLA သည် နောင်ချိုကို လက်လွှတ်ရမတတ် ဖြစ်နေသည်။

 

တရုတ် နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထား မပြတ်သားမှု ကြောင့် လက်အောက်ခံ တပ်များ အကြား စိတ်ဓါတ်ကျဆင်းလာမှု နှင့် မယုံသင်္ကာ မှု များ နှင့် အတူ လူထု ထောက်ခံမှု လည်း ကျဆင်းလာနေခြင်း၏ ရလဒ်များပင် ဖြစ်သည်။

 

တော်လှန်‌ ရေး ကြီး အမြန် အောင်မြင်ဖို့ အရေးအကြီးဆုံး အချက်က ‌မြို့ပြ လူထု လှုပ်ရှားမှု နှင့် တော်လှန်ရေး ကို ဟန်ချက်ညီညီ လှုပ်ရှားနိုင်မှ ဖြစ်ပေမည်။

 

ကျူးဘား တော်လှန်ရေး ကို ကြည့်မည် ဆိုလည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ အမေရိကန်၏ ပံ့ပိုး‌ ပေးထားသည့် အာဏာရှင် ဘာစစ္စတာ အစိုးရလည်း ‌ကက်စထရို နှင့် ချေ တို့ ၏ ဇူလိုင် ၂၆ လှုပ်ရှားမှု တပ်များကို B-26 ဗုံးကြဲ လေယာဉ် ကြီးမျှ နှင့် တောလုံး ကျွတ်မျှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ သို့သော် ဆန်တီယာဂို တွင် ၁၉၅၇ ဇူလိုင် ၃၀ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော အလုပ်သမားများ၏ အထွေထွေ သပိတ်ကြီး သည် တော်လှန်ရေး ၏ အလှည့်အပြောင်းကြီး ဖြစ်လာခဲ့သည်။ ထိုနေ့ကို ယခုတိုင် တော်လှန်ရေး အာဇာနည်များ နေ့ဟု သတ်မှတ်ခဲ့သည်။

 

ယခုအခါ လူထု အဖို့ စားဝတ်နေရေး ကျပ်တည်းသည် ထက် ကျပ်တည်းလာနေပြီ ဖြစ်၍ မည်သူတဦး တယောက်၏ လှုံ့ဆော်မှု မပါဘဲ လူထု အုံကြွမှု ကြီးက အနှေး နှင့် အမြန် သူ့အလိုလို ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင် အပေါ် စိတ်ပျက်လာနေပြီ ဖြစ်သော ၎င်း၏ သစ္စာခံ တပ်များသည်လည်း လူထု၏ တရားမျှတစွာ ဆန့်ကျင် အုံကြွလာမှု ကို ပစ်ခတ် နှိမ်နှင်းဖို့ ငြင်းဆန်လာနိုင်သည်။

 

ထိုသို့ ငြင်းဆန်လာသည့် နေ့သည် မင်းအောင်လှိုင်တို့ မိသားစု ၎င်းတို့ ၏ ဖော်ကာ လေယာဉ် ကြီး ပေါ် တက်ပြေးရမည့် နေ့လည်း ဖြစ်ပေတော့သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!