လူသား ကွန်ယက်(27)

by Hla Soewai - Jun 07 2025

ကောင်းမြတ်သော လိမ်လည်မှု

 

ပုံဝတ္ထု ဇာတ်လမ်းများ၏ အဓိက အားပြုထားမှု သည် ကျွနုပ်တို့ မျိုးနွယ်စု များ၏ စွမ်းပကား ကို သာ အခြေခံ ဖေါ်ပြခဲ့ခြင်း ကြောင့် အသိလိမ္မာတရား ဆိုသည် နှင့် အမြဲလို တွဲယှက် ပါမလာရခြင်း လည်း ဖြစ်သည်။ သတင်းအချက်အလက်များကို ရိုးအစွာ ရှုမြင်ခဲ့သူများက ၎င်းတို့သည် အမှန်တရားကို ဦးတည်နေသည်၊ အမှန်တရားကို သိမြင်လာခြင်းဖြင့် လူများ ကို စွမ်းအား နှင့် အသိလိမ္မာတရားများ ရလာအောင် ပံ့ပိုးပေးနိုင်ခဲ့သည်ဟု ပြောကြသည်။

 

ထိုသို့သော အပြောများသည် စိတ်အေး သက်သာ ဖြစ်စေသည်ကတော့ အမှန်ပင် ဖြစ်သည်။ တကယ်တမ်း တွင် ၎င်းတို့ ‌ဆိုလို ချင်သည်က အမှန်တရားကို လျစ်လျု ရှုခဲ့သူများသည် စွမ်းအား များကို ရရှိကြမည် မဟုတ်၊ အမှန်တရားကို လေးစားမှု ရှိသူများသာ ရရှိကြလိမ့်မည် ဟူ၍ ဖြစ်သည်။ ရရှိလာသည့် စွမ်းအား များကို ဉာဏ်ပညာက ထိန်းချုပ်ထားလိမ့်မည်။

 

ဥပမာ ဆိုရက ဇီဝဗေဒ ကို လျစ်လျူ ရှူခဲ့သူများသည် လူမျိုးရေး မုန်းတီးမှု ကို ဖြစ်စေသည့် ဒဏ္ဍာရီ များကို ယုံကြည်ကောင်း ယုံကြည်ကြပေလိမ့်မည်။ သို့သော် အစွမ်းထက်သော ဆေးဝါးများ၊ ဇီဝ လက်နက်များ ထုတ်လုပ်နိုင်စွမ်း ရှိလာကြ မည် မဟုတ်၊ တဖက်တွင်လည်း ဇီဝဗေဒ ကို နားလည် ကြသူများသည်လည်း စွမ်းအားများ ရှိနေကြမည် ဖြစ်သော်လည်း လူမျိုးရေး ခွဲခြားမှု သဘောတရားများ နောက် လိုက်နေပါက အသုံးပြုနိုင် ကြလိမ့်မည် မဟုတ်ပေ။

 

ထိုသို့ ဖြစ်‌နေမည် ဆိုက ကျွနုပ်တို့၏ သမ္မတများ၊ ဘုန်းတော်ကြီးများ၊ စီအီးအို များကို ယုံကြည်မှု နှင့် စိတ်အေးလက်အေး အိပ် နိုင် ကြ ပေမည်။ နိုင်ငံရေးသမားတစ်ဦး၊ လှုပ်ရှားမှုတစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံသည် လိမ်ညာမှုများနှင့် လှည့်ဖြားမှုများဖြင့် နေရာတကာတွင် အောင်မြင်နိုင်သော်လည်း ရေရှည်တွင်မူ ယင်းသည် မိမိကိုယ်ကို အလဲထိုးမည့် နည်းဗျူဟာ သာ ဖြစ်လိမ့်မည်။

 

ကံမကောင်း အကြောင်းမလှ ဖြစ်နေသည်က ကျွနူပ်တို့ နေထိုင်ရာ ကမ္ဘာကြီးသည် ထိုသို့ မဟုတ် ဖြစ်နေသည်။ သမိုင်းစဉ်တွင် စွမ်းအားသည် အမှန်တရားကို သိခြင်း မှ တစိတ်တပိုင်းမျှသာ ထွက်‌ပေါ်လာခဲ့သည်။ လူများ အကြားတွင် ငြိမ်းချမ်းမှု နှင့် တည်ငြိမ်မှု ရှိရေး ဆိုသည့် စနစ်တခုကို ထိန်းသိမ်းနိုင်စွမ်း ရှိမှု မှလည်း ထွက်ပေါ်လာတတ်သည်။ အနုမြူ ဗုံးတလုံး တည်ဆောက်ခြင် သည် ဆိုပါစို့၊ အောင်မြင်ရန် အတွက်မူ ရူပဗေဒ သဘောတရားကို တိတိကျကျ ပိုင်ပိုင်နိုင်နိုင် သိထားဖို့ လိုသည်က လူတိုင်း အသိပင် ဖြစ်သည်။ ယူရေနီယံ သတ္ထုရိုင်းများ တူးဖေါ် ထုတ်ယူရန်၊ နျူကလီယား ဓါတ်ပေါင်းဖို တည်ဆောက်ရန်၊ ဆောက်လုပ်ရေး အလုပ်သမား များ အတွက် အစားအသောက် ထောက်ပံ့ပေးနိုင်ရန် အတွက်လည်း လူအများအပြား လိုအပ်နေသည်။

 

ဂျပန် အတွက် အနုမြူ ဗုံးကို တည်ဆောက်ခဲ့သည် မက်ဟက်တန် ပရိုဂျက် အတွက် လူပေါင်း ၁၃၀,၀၀၀ ခန့် အသုံးပြုခဲ့ရသည်။ ထိုသို့ လုပ်နိုင်ရန် လူသန်းနှင့် ချီ၍ နောက်ကွယ်မှ ပံ့ပိုးပေးခဲ့ရသည်။

 

ရောဘတ် အိုဟင်ဟိန်မား သည် ၎င်း၏ ညီမျှခြင်း တွက်ကိန်းများကို အာရုံစိုက်နိုင်ရန် ထောင်ပေါင်းများစွာသော သတ္ထုတွင်း တူး လုပ်သားများသည် ကနေဒါ မြောက်ပိုင်းရှိ အယ်ဒိုရာဒို သတ္ထုတွင်း၊ ဘဲလ်ဂျီယံ ပိုင် ကွန်ဂိုရှိ ရှင်ကိုလော့ဝီ သတ္ထုတွင်း များမှ ယူရေနီယံများ တူးဖေါ် ထုတ်လုပ်ပေးခဲ့ရသည်၊ ဤနေရာ တွင် ၎င်းတို့ စားဖို့ အာလူးများ စိုက်ပေးခဲ့ရသည့် လယ်သမား များ ကိုလည်း ထည့်သွင်း ရေတွက်ရမည် ဖြစ်သည်။ ထို့အတွက် အနုမြူ ဗုံးတလုံး တည်ဆောက်ချင်သည် ဆိုက သန်း‌ပေါင်းများစွာသော လူများ၏ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်လာသည်။

 

အနုမြူဗုံးသာမက လူသား တို့ တာဝန်ယူ ဆောင်ရွက်ရမည့် အခြားသော ပရိုဂျက်များ အတွက်လည်း အလားတူ ပင် ဖြစ်သည်။ ကျောက်ခေတ် တွင် တောရိုင်း တရိစ္ဆာန်ကြီးများကို အမဲလိုက် ထွက်မည့် လူသားများသည် ၎င်းတို့ လိုက်မည့် သားကောင် အကြောင်းနှင့် ပတ်သက်၍ အချက်အလက် အချို့ကို သိထားဖို့ လိုအပ်သည်။ အကယ်၍ ၎င်းတို့သိထားသည်က တောရိုင်း သတ္တဝါကြီးများကို စိတ်ညို့ပြီး သတ်ဖြတ် နိုင်မည်ဟု ဖြစ်ပါက ၎င်းတို့၏ အမဲလိုက်မည့် အရေးသည် ပျက်ပြားသွားမည်သာ ဖြစ်သည်။

 

အမဲလိုက်သူများဖက်ကလည်း အသက်အန္တရာယ်ကို မမှုဘဲ သတ္တိဗျတ္တိလည်း ပြနိုင်ဖို့ လိုသည်။ အကယ်၍ သေသွားခဲ့လျင် နောက်ဘဝ ကူး ကောင်းဖို့ အဆောင်လက်ဖွဲ့များ ရှိထားဖို့ သာ လိုသည်ဟု ယုံကြည်ထားခဲ့လျင် အမဲလိုက်ရာတွင် အောင်မြင်နိုင်မည့် အခွင့်အလန်း ပိုများသွားမည် ဖြစ်သည်။ ထိုသို့ မယုံကြည်ခဲ့လျင်ပင် သတ္တိ နှင့် အချင်းချင်း သွေးစည်း ညီညွတ်မှု ရှိ‌ နေ သည်က အမဲလိုက် လုပ်ငန်း အတွက် လွန်စွာ အရေးပါသော အကြောင်းချင်းရာ များ ဖြစ်လာသည်။

 

ဗုံးတလုံးကို တည်ဆောက်ချင်သော်လည်း ရူပဗေဒ အချက်အလက်များကို လျစ်လျု ရှုထားမည် ဆိုက ဗုံးသည် ပေါက်ကွဲသည့် အဆင့်အထိ ရောက်လာမည် မဟုတ်ပေ။ သို့သော် သ‌ဘောတရား တရပ်ကို တည်ဆောက်ချင်ပြီး အချက်အလက်များကို လျစ်လျူ ရှုထားမည် ဆိုလျင်လည်း အဆိုပါ သဘောတရားသည် ပေါက်ကွဲသည့် အဖြစ် သို့ ရောက်နိုင်သည်။

 

အာဏာ သည် အမှန်တရား နှင့် စည်းစနစ် နှစ်ခု စလုံး ပေါ် မူတည်နေသော်လည်း ဗုံးကို မည်သို့ လုပ်ရမည်၊ တောရိုင်း သတ္တဝါကြီးများကို မည်သို့ အမဲလိုက်ရမည် ဆိုသည်တို့ကို သိသူများက သဘောတရားများ တည်ဆောက်ပြီး စည်းစနစ်ကို ထိန်းသိမ်း တတ်သူများက ထုံးစံအားဖြင့် ၎င်းတို့ကဲ့သို့ သိမထားသူ များကို ညွှန်ကြားလေ့ရှိသည်။

 

သို့ သော် ရောဘတ် အိုပင်ဟိန်မားသည် ဖရန်ကလင် ဒီ ရုစဘဲ စကားကို နာခံသည်။ အလားတူပင် ဝါနာ ဟိုင်စင်ဘတ်ခ် (ဂျာမန် ရူပဗေဒ ပညာရှင်) သည် ဟစ်တလာ စကားကို ၎င်း၊ အီဂေါ ကာချက်တော့ဗ်(ဆိုဗီယက် ရူပ‌ ဗေဒ ပညာရှင်) သည် ဂျိုးစက် စတာလင် စကားကို၎င်း အသီးသီး တသွေမတိမ်း နာခံခဲ့ကြသည်။ ယခုခေတ်တွင် အီရန် ရှိ ကျွမ်းကျင် ပညာရှင်များသည်လည်း ရှီးယိုက် ဂိုဏ်းချုပ်ဝင် ဘုန်းတော်ကြီးများ၏ စကားကို လိုက်နာ အကောင်အထည် ဖေါ်နေကြသည် မဟုတ်ပါလား။