ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်‌ ရေး ဗြိတိန် လူးလွန့်လာ

by Hla Soewai - Jun 07 2025

မြန်မာ တွင် ဖြစ်ပေါ်နေသည့် "စကားအရာ နှင့် ပင် ဖေါ်ပြနိုင်စွမ်း မရှိ‌သော အဖြစ်ဆိုး" များ အတွက် ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် ဖြေရှင်းပေးရန် နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ နှင့် တွေ့ဆုံရန် ဗြိတိသျ ဝန်ကြီးချုပ် ဆာ ကီယာ စတားမာ အား တောင်းဆိုမှု များ ကျယ်လောင်စွာ ထွက်ပေါ်လာနေသည်ဟု လန်ဒန် တွင် ထုတ်ဝေသော အင်ဒီပင်ဒင့် သတင်းစာကြီး တွင် ရေးသားလာသည်။

 

ယင်းသည် ၂၀၂၀ ရွေးကောက်ပွဲ တွင် ပြည်သူတရပ်လုံး တခဲနက် ရွေးချယ် တင်မြှောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါရှိခြင်း မရှိသည်ကပင် မင်းအောင်လှိုင်၏ ခြေပြတ်လက်ပြတ် ဒုက္ခိတ ရွေးကောက်ပွဲ၏ လားရာ ကိုလည်း ရှင်းလင်းသိသာ လာစေသည်။

 

ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား ၂၂,၀၀၀ ၏ ရင်ဆိုင်နေရသော အခြေအနေများ ဖေါ်ပြထားသည့် အစီရင်ခံစာ ထွက်ပေါ်လာခြင်းကြောင့် ကာလကြာမြင့်စွာ အိပ်မော ကျနေသော ဗြိတိသျှ နိုင်ငံရေး သမား များ လူးလွန့်လာခြင်းပင် ဖြစ်သည်။

 

ထိုအစီရင်ခံစာသည် နိုင်ငံရေး အကျဉ်းသားများ ၏ ‌အခြေအနေများကိုသာမက အရပ်သားများ အား လေကြောင်း နှင့် မြေပြင် တိုက်ပွဲများ အတွင်း သတ်ဖြတ်ခဲ့မှုများကိုလည်း ကွက်ကွက်ကင်းကင်း ဖေါ်ပြထားသည်၊ ထိုအထဲတွင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ကွပ်မျက်ခြင်း၊ အဓမ္မပြုကျင့် ခံရခြင်းများ ပါဝင်နေသည်။

 

စစ်အုပ်စု၏ ရိုဟင်ဂျာ များ အပေါ် ကျုးလွန်ခဲ့သော အကြမ်းဖက်မှု များ အပေါ် ဆန့်ကျင် ရှုတ်ချခဲ့ခြင်း မရှိဟု ဆိုကာ နိုင်ငံတကာ တွင် သူ မ နှင့် ပတ်သက်၍ အငြင်းပွားစရာ ဖြစ်လာသည်။

 

ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်ပြီး ဒီဇင်ဘာလ အတွင်း ထွက်ပေါ်ခဲ့သော "Cancelled: The Rise and Fall of Aung San Suu Kyi" မှတ်တမ်း ရုပ်ရှင်တွင် "နိုင်ငံခေါင်းဆောင် တဦးကို ဝေဖန်ဖို့ဆိုတာ ဖြစ်နိုင်ပေမယ့် သူမ လွတ်မြောက်ရေး အတွက်လည်း ကျွန်တော်တို့ ကမ်ပိန်း တရပ် ဆင်နွှဲရန် လိုသည်ဟု ဝီလျဲ ဟိဂ် က ပြောလာသည်။ ဝီလျံ ဟိဂ်သည် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ လန်ဒန် သို့ ရောက်လာခဲ့စဉ်က ကြိုဆိုခဲ့သူ ဖြစ်သည်။

 

ယခုနှစ် အစောပိုင်း တွင် ဗြိတိန် နိုင်ငံခြား‌ရေး ဝန်ကြီး ဒေးဗစ် လမ်မီးသည် အင်ဒီပင်းဒင့် သတင်းစာ မှပင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်ခေါင်းဆောင် များအား တိုက်ရိုက် တောင်းဆိုခဲ့သည်။ ယင်းသည် နိုင်ငံခြား ရေး ဝန်ကြီး တဦး အနေဖြင့် ပထမဦးဆုံး အကြိမ် စိတ်အား ထက်သန်စွာ နှင့် သမိုင်းတွင်မည့် တောင်းဆိုချက်ကို ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ မြန်မာ ပြည်သူများအားလည်း ၎င်းတို့နှင့် ထိုက်တန်လှသည့် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ အရေး ကို ဖန်တီးပေးရန်လည်း ပန်ကြားခဲ့သည်။

 

လက်ရှိ ထွက်ပေါ်လာသော အစီရင်ခံစာ ကို ပြုစုခဲ့သူ ယခင် ဝန်ကြီးဟောင်း နှင့် ကွန်ဆာဗေးတစ် ပါတီ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဖြစ်သူ တင် လာတန် မှ ၎င်းတို့ စုံစမ်း ‌တွေ့ရှိခဲ့မှု များသည် ငလျှင် ကြီး နှင့် အတူ မြန်မာ ပြည်တွင် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသော လူ အခွင့် အရေး အကျပ်အတည်းကြီးကို အရေးယူ ဆောင်ရွက်ရန်လှုပ်နှိုး ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

၎င်း၏ အစီရင်ခံစာ အားလည်း ကုလ လူ့အခွင့်အရေး ကော်မရှင် နာ မင်းကြီး ပြောခဲ့သည့်"စကားအရာ နှင့်ပင် ပြော၍မရသော အဖြစ်ဆိုးကြီး" ဟု ခေါင်းစဉ် တပ်ထားခဲ့သည်။

 

ကုလ မင်းကြီး မှ "ဘယ်တော့မှ မပြီးဆုံးနိုင်သော အိပ်မက်ဆိုး' ဟုလည်း ခေါ်ဆိုခဲ့ပြီး၊ ၎င်းသည် 'အဆိုးဆုံးပုံစံဖြင့် လူမဆန်မှုများ' ကို တွေ့ကြုံခဲ့ရသဖြင့် 'မခံမရပ်နိုင်အောင် ဒုက္ခရောက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းများ' ကို ဖြစ်ပေါ်စေသည်ဟုလည်း ဆိုသည်။

 

ယခုအခါ ဗြိတိန်မှ ဦးဆောင်ပြီး နိုင်ငံတကာမှ အဆိုပါ အိမ်မက် ဆိုးကြီးကို အဆုံးသတ် သွားအောင် အရှိန်မြှင် ကြိုးပမ်းရမည့် အချိန်ကျလာပြီဟု ဆိုသည်၊ လူမဆန်စွာ ရက်ရက်စက်စက် ကျုးလွန်ခဲ့သူ များ ၎င်းတို့၏ ရာဇဝတ်မှု မကင်းသော လုပ်ရပ်များ အတွက် တာဝန်ခံလာအောင် လုပ်ရမည်ဟု လည်း ထည့် ပြောသွားခဲ့သည်။

 

ကွန်ဆာဗေးတစ် ပါတီ ကော်မရှင် ရှေ့မှောက်တွင် ထွက်ဆိုခဲ့သူသည် ‌ဒေါ်အောင်ဆန်းစုကြည်၏ သား ဖြစ်သူ ကင် အဲရစ် (ကိုထိန်လင်း)၊ စီးပွားရေး အကြံပေး ပါမောက္ခ ရှောင် တန်နဲလ်၊ ကုလ လူ့အခွင့် အရေး တာဝန်ခံ တွန် အင်ဒရူး တို့ ဖြစ်သည်။

 

မြန်မာ တွင် ပြောမပြနိုင်အောင် ကြေကွဲဖွယ် ကံဆိုးမိုးမှောင်ကျနေသည့်အဖြစ်ဆိုးကြီး နှင့် ရင်ဆိုင် နေရချိန်တွင် မြန်မာ ပြည်သူများ အတွက် ရှေ့မှ‌ဦးဆောင်ပြီး ပို၍ ပြင်းပြင်းထန်ထန် ပြောဆို ရပ်တည်ပေးသွားရန် လည်း ဗြိတိန် အစိုးရအား တိုက်တွန်းထားသည်။

 

နိုင်ငံတကာ အနေဖြင့် လက်နက် ရောင်းချမှု ပိတ်ပင်ရန် နှင့် ဘဏ္ဍာရေး အရ ရရှိနေမှု များ ဖြတ်တောက်ပစ်ရန်လည်း တောင်းဆိုထားသည်။ မြန်မာ အရေး အတွက် ဗြိတိန်မှ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူ ‌ပေးရန်လည်း အစီရင်ခံစာ တွင် ပါရှိလာသည်။

 

လမ်မီး မတိုင်မီ လော့ဒ် ဟိဂ် အပါအဝင် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဟောင်း သုံးဦး က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုခဲ့ပြီး ဖြစ်သည်။ လော့ဒ် ဟိဂ်မှ ‌ဒေါ်အောင်ဆန်းစုကြည် သည် ဒီမိုကရေစီ အတွက် အင်အားတရပ် ဖြစ်ခဲ့၍ သူမအား လုပ်ကြံ စွပ်စွဲထားသည့် အမှု များ နှင့် အကျဉ်းချထားခြင်း ဖြစ်သည်ဟု ဖေါ်ပြခဲ့သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ ‌အောင်ရမည်!!!