မလေးရှား မှ အဖွဲ့အသီးသီးကို ကွာလာလမ်ပူ သို့ ဖိတ်ပြီ

by Hla Soewai - Jun 07 2025

လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခ အတွက် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန် ဦးဆောင်ဦးရွက် ပြုလာသည့် သဘောဖြင့် မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မှ အဖွဲ့အသီးသီး အား ကွာလာလမ်ပူ သို့ လာရောက် ‌ဆွေးနွေးရန် ပြီးခဲ့သည့် လ ကပင် ဖိတ်ခေါ်လိုက်ပြီ ဖြစ်သည်ဟု ထုတ်ဖေါ်ပြောကြားလာခဲ့သည်။

 

စစ်အုပ်စုမှ တာဝန်ရှိသူများ၊ စစ်ဖက် ထောက်လှန်းရေး အရာရှိ များ လည်း လွှတ်ဖို့ တိုက်တွန်းကြောင်း ၎င်း၏ ရှန်ဂရီလား ဒိုင်ယာလော့ခ် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

 

မည်သည့် အဖွဲ့များကို ဖိတ်ခေါ်ထားသည် ဆိုသည်ကို တော့ မလေးရှား အစိုးရ သတင်းဌာန ဘာနာမား တွင် ဖေါ်ပြထားခြင်း မရှိသေးသည်ကို တွေ့ရသည်။

 

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး မေးမြန်းသည်များကို ဖြေကြားရာတွင် မြန်မာတွင် အရေး အကြီး‌ဆုံး ဦးစားပေး လုပ်ရမည်က ငြိမ်းချမ်းရေး၊ လုံခြုံမှု ရှိရေး နှင့် လူသားချင်း စာနာ ထောက်ထားသည့် အကူ အညီ များ ပေးနိုင်ရေး တို့ ဖြစ်သည်ဟု ဆိုသည်။

 

အကယ်၍ ရွေးကောက်ပွဲသည် တရားမျှတ မှု ရှိပြီး မည်သူကိုမျှ ဖယ်ထုတ်ထားခြင်း မရှိဘဲ အားလုံး ပါဝင်ခွင့် ရမည်ဆိုက အပြစ်အနာ အဆာ ရှိမည်ဆိုလျင်ပင် လက်ခံနိုင်စရာ ရှိသည်ဟု လည်း ပြောသွားခဲ့သည်။

 

ဤသည်ကပင် ၎င်း ပြောသည့် အချက်များ မရှိက မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ အာဆီယံ၏ မူဝါဒ ပိုင်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲ သွားမည် မဟုတ်ဆိုသည်ကို အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

 

အာဆီယံ ထိပ်သီး အစည်းအဝေး အပြီးတွင် အာဆီယံ နှင့် အထူးသဖြင့် အန်နဝါ အီဘရာဟင် အပေါ် ဝေဖန် မှု များ မြင့်တက်လာခဲ့သည်။ အာဆီယံ ၏ မလှုပ်မယှက် နှင့် ကိုယ်လိုရာ ဆွဲတွေးနေမှု များကြောင့် မြန်မာ အရေး တွင် ‌ဘေးရောက်သွားပြီး အခြား နိုင်ငံများက တက်တက်ကြွကြွ နှင့် စစ်အုပ်စု အကျိုးရှိရာ ရှိကြောင်း ဝင်ရောက်စွက်ဖက် နေကြသည်ဟု Frontier Myanmar ၏ အယ်ဒီတာ အာဘော် တွင် ရေးသားထားသည်။

 

အန်နဝါသည် ဒီပဲယင်း မြို့နယ် အတွင်းရှိ ကျေးရွာ စာသင်ကျောင်းအား ဗုံးကြဲ တိုက်ခိုက်ပြီး နောက်တွင်ပင် "သိသာ ထင်ရှားသော တိုးတက်မှု များ" ရှိလာပြီဟု ပင် ပြောဆိုခဲ့သူ ဖြစ်သည်။ မြန်မာ အရေးကို ဖြေရှင်းရန် တာဝန်ရှိနေသူ မှ ဆူးခင်းလမ်းကို ပန်းမွှေ့ယာ အလား ပြောဆိုနေခြင်းကပင် ၎င်းဦးဆောင်မှု အပေါ် အမှန်တကယ် ဖြစ်ပျက်နေမှု များ နှင့် စိုးရိမ် ဖွယ်ရာ ကောင်းလောက်အောင် ကင်းကွာ‌နေခြင်း ပင် ဖြစ်သည်။

 

ထို့ပြင် စစ်အုပ်စု၏ apologists ကာကွယ် ပြောဆိုနေသူများဟု လက်ခံထားကြသည့် သာစင် နှင့် ဟွန်ဆန် တို့ အားလည်း "အာဆီယံရေးရာ အလွတ်သဘော အကြံပေးများ" အဖြစ် အသုံးပြု‌နေပြန်သည်။

 

ခြောက်လ ကျော်လာခဲ့ပြီ ဖြစ်သော်လည်း အန်နဝါ အဖို့ စာရွက်ပေါ်တွင်သာ ရှိခဲ့သည့် အပစ်အခတ် ရပ်စဲရေး မှ လွဲ၍ ဘာတခု မှ မယ်မယ်ရရ ထုတ်ပြ နိုင်ခြင်း မရှိခဲ့၊ မင်းအောင်လှိုင် နှင့် ပင် ကိုယ်တိုင် ကိုယ်ကျ စကားပြောပြီး ဖြစ်ပါလျက် ဘာမှ ဖြစ်မလာပဲ ၎င်း ပြောသမျှ ခေါင်းငြိမ့်နေရသည့် နောက်လိုက် နောက်ပါ များကို ကွာလာ လမ်ပူ သို့ ဖိတ်ခေါ်သော်လည်း မည်သို့များ အကြောင်းထူး ပေမည်နည်း။

 

အားလုံး မျှော်လင့်ထားသည့် အန်နဝါသည် ရလာသည့် အခွင့် အရေး ကို လက်လွှတ်ခဲ့ရသူ အဖြစ် ဝေဖန်ခံနေရ၍ ၎င်း လုပ်ပေးနိုင်တာ တခု ကောက်လုပ်လာခြင်းလည်း ဖြစ်ပေသည်။

 

စိတ်ဖေါက်ပြန်မှု insanity ဆိုသည့် အဓိပ္ပါယ်ကား အရာတခုတည်း ကို ထပ်တလဲလဲ လုပ်နေရင်း ကွဲပြားသော ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်နေခြင်းဟု ပင် အယ်ဒီတာ က ရေးသားထားသည်။

 

ထိုသို့ ထပ်တလဲလဲ မလုပ်ဘဲ လုပ်ချင်ရာ လုပ်နေကြသည့် စစ်ဗိုလ်ချုပ် ဆိုသူများကို ကော မည်သို့ ကင်ပွန်းတပ်ရ ပေမည်နည်း၊ schizophrenia ဟုပင် ဆိုရတော့မည် ဖြစ်သည်။

 

အိမ်နီးချင်း နိုင်ငံများက ကုန်သွယ်ရေး စစ်ပွဲကြီး ဖြစ်လာနေ၍ ၎င်းတို့ နိုင်ငံ အရှိန်မပျက် ဖွံ့ဖြိုး တိုး တက်အောင် မည်သို့ လုပ်ရမည်နည်းဟု အစီအမံ များ ချကာ ရုန်းကန် နေကြချိန်တွင် မြန်မာ စစ်ဗိုလ်ချုပ် များကတော့ ၎င်းတို့ ဝင်ငွေရရာ ရကြောင်း ကုန်စည် များ ပို့ဆောင် တင်သွင်းနေမှု ကို တရားမဝင် ပစ္စည်း များ အဖြစ် ဖမ်းဆီးပြီး လေလံ တင်ရောင်းချရန် ကြံနေကြသည့် အတွေး အခေါ် မျိုးသာ ရှိနေဆဲ ဖြစ်သည်။

 

အာဏာ သာ သေနတ်ပြ၍ အလွယ်တကူ သိမ်းလိုက်ကြသော်လည်း တိုင်းပြည် စီးပွား ‌တိုးတက်‌ အောင် မည်သို့ လုပ်ရမည်ကို ခေါင်းထဲ မရှိကြ၊ ရှိပြန်လည်းမလုပ်တတ်သည့် အပြင် ယခင် ရှိထားပြီးသား များကိုပင် ဖြိုဖျက် ပစ်ခဲ့ကြသည်။

 

ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်လတ်၊ ဗိုလ်ချုပ်‌ ပေါက်စ ၊ ဗိုလ်ချုပ်‌ ဟောင်းများပါ မကျန်၊ မင်းအောင်လှိုင် အာဏာသိမ်းသည်ကို မထောက်ခံသူဟူ၍ မရှိ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောက်တွင် အနေအစား ကျပ်လာကြ၍ လည်း ဖြစ်သည်၊ မင်းအောင်လှိုင် ကိုယ်တိုင်ပင် ၎င်း၏ မိသားစု အရေး စိုးရိမ်ကြောင့်ကြလာပြီး ဩဇာ သက်ရောက်မှုလည်း ရှိတော့မည် မဟုတ်၍ အလွယ်ကလေး လုပ်လိုက်ချင်းသာ ဖြစ်သည်။

 

ယခု မင်းအောင်လှိုင်ကို ကွယ်ရာတွင် အပြစ်ဆိုနေကြသည်က အာဏာသိမ်းခဲ့၍ မဟုတ်၊ စစ်ကို နိုင်အောင် တိုက်နိုင်သည့် အရည်အချင်း မရှိသော ကြောင့်ပင် ဖြစ်သည်။ ယခု တပ်မမှုး အဆင့်ပင် ထွက် တိုက်နေကြရသည် အထိ အခြေအနေ ဆိုးဝါးလာနေပြီ ဖြစ်သည်။ အဖမ်းခံရသူ ခံရ၊ လက်နက်ချသူချ၊ သေသူသေ ဖြစ်ကုန်ကြသည်။

 

၎င်းတို့အဖို့က ယခင် လက်ဆွဲအိပ်လေးများ ဆွဲကာ လွှတ်တော် ခမ်းမထဲ ထိုင်နေရသည့် အဖြစ်ကို လွမ်းဆွတ်နေကြတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

None of us can know what we are capable of until we are tested

 

Elizabeth Blackwell