ထိုင်း ဝန်ကြီးချုပ် ဟောင်း သာစင် မှ နယ်ခြား ဖြတ်ကျော် မူးယစ်ကုန်ကူး နေသော ဝ အဖွဲကို ပြတ်ပြတ်သားသား အရေးယူရန် ၎င်း၏ အစိုးရ အား တိုက်တွန်းလိုက်သည်၊ မြန်မာ စစ်အုပ်စု မှ ရှမ်းမြောက်အား ထိန်းချုပ် နိုင်စွမ်း မရှိ ဖြစ်နေ၍ ကိုင်တွယ် ဖြေရှင်း နိုင်မည် မဟုတ်လျင် မိမိတို့ အတွက် ရန်သူ ဖြစ်လာ နေသော ဝ အုပ်စု အား ကိုယ့်နည်း ကိုယ့်ဟန် ဖြင့် လုပ်ရတော့မည်ဟု ဆိုသည်။
ထိုင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ မှ ပြုလုပ်သော ဟောပြောပွဲတွင် အထက်ပါ အတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။ သာစင်သည် လူမြင်ကွင်း မှ နှစ်ပတ်နီးပါး ပျောက်ကွယ်နေ၍ တိုင်းပြည်မှ ထွက်ပြေးသွားပြီဟု ကောလဟသ များ ပျံ့နှံ့ လာနေချိန်တွင် ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုင်း အနေဖြင့် ရန်သူ ဖြစ်လာနေသော ဝ အဖွဲ့ကို ညှာနေ၍ မဖြစ်တော့ဟုလည်း ဆိုသည်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မာရိစ် ဆမ်ဂီရမ်ပွန်ဆာ မှ ထိုအရေး အတွက် အိမ်နီးချင်း နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု ရရှိရေး အတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရသည်။
၎င်းတို့ အနေဖြင့် မူးယစ်ဆေးဝါးများ ဆက်၍ ထုတ်နေမည် ဆိုက ထိုင်း နိုင်ငံ၏ ရန်သူ အဖြစ် သတ်မှတ်ရမည်ဟုလည်း သာစင်က ထည့်ပြောသွားခဲ့သည်။
တရုတ်၏ ငယ်မွေးခြံပေါက် တပည့်သားမြေးများအလား အမှုတော် ထမ်းနေမှန်း သိသိကြီးနှင့် သာစင်က ထိုင်း၏ ရန်သူဟု သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။
သာစင်၏ အပြောအပေါ် ဝ အဖွဲ့ ပြောခွင့်ရ ဦးညီယန်း မှ မိမိတို့မှ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက် နေ၍ သက် သေ အထောက်အထား အခိုင်အမာ မပြနိုင်ဘဲ စွပ်စွဲခြင်း သက်သက်သာ ဖြစ်သည်ဟု ဧရာဝတီ၏ အမေးကို တုန့်ပြန်လာသည်။
သာစင်က လက်ရှိ မူးယစ်ဆေး ပြဿနာကြောင့် ၎င်းတို့၏ ကလေးများ အသက်ဆုံးရှုံး နေရသည်၊ ၎င်းအနေဖြင့် ကူညီချင်သော်လည်း ခရီးသွားခွင့် ပိတ်ပင်ခံထားရ၍ မတတ်နိုင် ဖြစ်နေသည်ဟုလည်း ဆိုသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု ရုံး၏ အစီရင်ခံစာလည်း အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။ ထိုအစီရင်ခံစာတွင် ၂၀၂၄ အတွင်း အရှေ့ နှင့် အရှေ့တောင် အာရှတွင် မက်သ် ဆေးပြားများ သိမ်းဆည်းရရှိမှူ သည် ၂၃၆ တန် ရှိ၍ ၂၀၂၃ ထက် စာလျင် ၂၄ ရာ နှုန်း မြင့်တက်လာသည်ဟု ပါရှိသည်။
ထိုပမာဏ သည် သိမ်းဆည်းရမိသော အရည်အတွက် ဖြစ်၍ တကယ်တမ်းတွင် ထုတ်လုပ်မှု နှင့် ဈေးကွက်သို့ ရောက်ရှိမှု ပမာဏ သည် ပို၍ များမည်သာ ဖြစ်မည်ဟု ဆိုသည်။
ကုလ အရာရှိများက မူ မြန်မာ တွင် အာဏာသိမ်းပြီး နောက်ပိုင်း မကြုံစဖူး အောင် မြင့်မားလာသည်ဟု ဆိုသည်။ မူးယစ်ကုန်သွယ် လမ်းကြောင်းသည် လာအို ကို ဖြတ်၍ ကမ္ဘောဒီယား အထိ ဆက်သွယ်ထားသည်ဟု လည်း သိရသည်။ မလေးရှား၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင်သို့လည်း ရေကြောင်းမှ တဆင့် တင်ပို့လျက် ရှိသည်ဟု ဆိုသည်။
စစ်အုပ်စု သည် သာစင်၏ အပြောကို မည်သို့ တုန့်ပြန်မည် ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!