မင်းအောင်လှိုင်၏ ဒုတိယ အကြိမ် ကြေညာထားသော အပစ်ရပ်ရေးသည် ဗုဒ္ဓဟူး နေ့တွင် သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ထပ်မံ သက်တမ်း တိုး မည့် သဘောမျိုး မတွေ့ရသေးဟု နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသည်။
သို့သော်လည်း သံတမန် များ နှင့် သုတေသီ များကမူ အကယ်၍ တိုးလာခဲ့သည့် တိုင် ဘာမှ ထူးလာမည် မဟုတ် ဟု ပြောလာကြသည်။ လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်မှု များသည် ငလျင်မလှုပ်မီက လိုပင် အရှိန်ကျသွားခြင်း မရှိဟု ဆိုသည်။
မတ်လ ၂၈ နောက် ၂၅ ရက် အတွင်း လေကြောင်း တိုက်ခိုက်မှု ပေါင်း ၂၇၈ ကြိမ် ရှိခဲ့ရာ ငလျင် မလှုပ်မီ ၂၅ ရက် အတွင်း ၃၁၈ ကြိမ် ရှိခဲ့သဖြင်ု အကြိမ် ၄၀ ခန့်သာ မင်းအောင်လှိုင်က လျော့ချ ပေးခဲ့သည်။
ထိုသို့ လေကြောင်း တိုက်ခိုက်မှု မျိုးက စစ်တပ်မှသာ လုပ်နိုင်စွမ်း ရှိနေသဖြင့် မည်သူက ဖေါက်ဖျက်နေသည်ကို ငြင်း၍ မရသော သက်သေမျိုးလည်း ဖြစ်သည်။
မင်းအောင်လှိုင် အဖို့က ဂုဏ်သိက္ခာ ဆိုသည်က အသက် ထက် ပိုအရေးမကြီးဟု သဘောထားနေသော်လည်း ပြဿနာ ရှိလာနေသည်က မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ပင် ဖြစ်သည်။ ၎င်း အဖို့မင်းအောင်လှိုင် အား ခေါ် တွေ့ ရသည် သာ အဖတ်တင်သွားခဲ့သည်။
မလေးရှား ဖက်က အမျိုးသား ညီညွတ်ရေး အစိုးရ မှ စစ်တပ် သည် အပစ်အခတ် ရပ်စဲရေး ချိုးဖောက်နေသည် ဟု စွပ်စွဲ နေသော်လည်း ကြားမှ အတည်ပြုချက် မရသေးဟု ဆိုသည်၊ အကြိမ်ပေါင်း ၂၀၀ ကျော် ဗုံးကြဲ တိုက်ခိုက်ပြီး ခုနှစ် နှစ် သမီး နှင့် မွေးကင်းစ ကလေးငယ် တဦး အပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးသွားခဲ့ပြီး ဖြစ်သည်ကို အတည်ပြုချက် မရသေး ဟု ပြောလာခြင်းကပင် အန်နဝါ မျက် နှာ ပျက် ရမည့် အရေး ကာကွယ် ပြောနေခြင်းသာ ဖြစ်ပေမည်။
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးရုံးသို့ တိုက်ရိုက် ဆက်သွယ် အကြောင်းကြား နေခဲ့ပြီးဟု ပြောဆိုခဲ့သည်။ ၎င်းတို့ အပစ်ရပ်သည် ဆိုသည်ကလည်း စာရွက်ပေါ်က အာမခံ ချက်မျိုးသာ ဖြစ်ပြီး ဘာမှ အပြောင်းအလဲ မရှိဟု ဆိုသည်။
မလေးရှား အစိုးရ နှင့် နီးစပ်သော သတင်းရပ်ကွက်ကမူ တိုက်ရိုက် ဆက်သွယ် အကြောင်းကြားသည် ဆိုသည်မှာ အဓိပ္ပါယ် ကောက် လွဲခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့ သိရသမျှ NUG တွင် မလေးရှား အစိုးရ နှင့် တိုက်ရိုက် ဆက်သွယ်နိုင်သည့် hotline မျိုး မရှိသေးဟု ငြင်းချက် ထုတ်လာခဲ့သည်။
အင်္ဂါနေ့တွင်တော့ အန်နဝါမှ နှစ်ဖက်စလုံး ချိုးဖောက်နေသည် ဟူသော စွပ်စွဲချက်များ ရှိလာနေပြီဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ ထို့အတွက် အပစ်ရပ် ရေး ကို သက်တမ်းတိုးပေးကြပါရန် ထပ်၍ မေတ္တာ ရပ်ခံလိုသည်ဟု ဆိုသည်။
မလေးရှားသည် အပစ်အခတ် ရပ်စဲရေး ကို လေ့လာ စောင့်ကြည့်နေကြောင်း၊ ယင်းသည် လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ အား ခွဲခြားဆက်ဆံခြင်း မရှိဘဲ ပေးနိုင်ဖို့ လွန်စွာ အရေးပါလာနေ၍ ဖြစ်သည်ဟု လည်း ပြောခဲ့သည်။
မလေးရှား စစ်တပ်မှ စစ်မြေပြင် သုံး ဆေးရုံ ကို စစ်ကိုင်း တွင် ဖွင့်လှစ်ပေးထားခဲ့ပြီး ပြင်ပလူနာ ၅၀၀ ကျော်ကို ကုသပေးနိုင်ခဲ့၍ နောက်ထပ် တလ ခန့် ဆက်ထားသွားမည်ဟု မလေးရှား စစ်ဦးစီးချုပ်က ထုတ်ဖေါ် ပြောဆိုခဲ့သည်။
မလေးရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိတ်တန်း ပုဂ္ဂိုလ် များက လက်ရှိ အပစ်အခတ် ရပ်စဲရေး အပါအဝင် မြေပြင် အခြေ အနေများကို လေ့လာ စောင့်ကြည့် သုံးသပ်နေသည်ဟု သတင်းအရင်းအမြစ် များက အသိပေးလာခဲ့သည်။
ရန်ကုန် ရှိ သံတမန်များကမူ မလေးရှား ၏ သံတမန်ရေး ကြိုးပမ်းမှု များကို အားရစရာ မရှိဟု ယူဆထားပြီး ဖြစ်သည်။ မင်းအောင်လှိုင် နှင့် အန်နဝါ တို့ တွေ့ဆုံပြီး ၄၈ နာရီ အတွင်းမှာပင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လာသည်ကပင် ၎င်းတို့၏ သဘောထား အတော်ပင် သိသာ သွားခဲ့ရသည်ဟု ထောက်ပြလာကြသည်။ ၎င်းတို့ တိုက်ခိုက်လာသော ဒေသများသည် ငလျင် ဗဟိုချက် ဖြစ်သည့် မန္တလေး နှင့် စစ်ကိုင်း တိုင်း အတွင်းရှိ ဒေသအများ အပြား ပါဝင်နေသည်ဟု ဆိုသည်။ အဆိုပါ ၄၈ နာရီ အတွင်း စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ အိမ် အများအပြား ပျက်စီးသွားပြီး အရပ်သား ၂၀ ခန့် သေဆုံးသွားရသည်။
ထို့အတွက် အပစ်အခတ် ရပ်စဲရေး လေ့လာစောင့်ကြည့် မည့် နိုင်ငံတကာ ယန္တရား တရပ် ရှိနေဖို့ လိုအပ်လာသည်။ မင်းအောင်လှိုင်သည် နိုင်ငံ တဝက် ကျော်မျှပင် အုပ်ချုပ်နိုင်စွမ်း မရှိတော့သော်လည်း လွယ်လွယ် နှင့် အလျော့ပေးမည့် လူမျိုး မဟုတ်သည့် အတွက် အန်နဝါ အဖို့ လိုအပ်သလို ဖိအားပေးနိုင်ရန် သေချာပေါက် အခက်အခဲ များ ဖြစ်လာရသည်ဟု လေ့လာသူများက ဆိုသည်။
ကုလ သမဂ္ဂ၏ တနင်္လာနေ့ တွင် ထုတ်ပြန်သော နောက်ဆုံး ရ အစီရင်ခံစာတွင် ငလျင် ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသများ ရှိ လူဦးရေ ၆.၃ သန်းသည် အကူအညီများ လိုအပ်နေပြီး ကုလ အနေဖြင့် ဒေါ်လာ ၂၇၅ သန်း လိုအပ်နေသည်ဟု နိုင်ငံတကာ သို့ ပန်ကြားထားသော်လည်း ယခုထိ ၃၃.၈ သန်းသာ ရရှိသေးသည်ဟု ပါရှိသည်။
ငလျင်ဒဏ် မခံရမီကပင် နိုင်ငံ လူဦးရေ ၏ သုံးပုံ တပုံ ဖြစ်သော ၁၈.၆ သန်း ခန့်ရှိ လူများ အတွက် အသက် ကယ် ဆယ် ပေးနိုင်မည့် အကူအညီများ လိုအပ်နေခဲ့သည် ဟုလည်း ဖေါ်ပြထားသည်။
ထွက်ပေါ်လာသော သတင်းများအရ အားရစရာ မကောင်းသော်လည်း အကူအညီ အချို့ ဝင်ရောက်လာနေပြီး၊ လူဦးရေ ထူထပ်သည့် ငလျင် ဖြစ်ပွားရာ ဒေသများသည် ပဋိပက္ခ ဖြစ်ပွားရာ နှင့် အလှမ်းဝေး နေသည့် အတွက် အကူအညီများ ပံ့ပိုး နိုင်ရန် ဖြစ်နိုင်ခြေ ရှိနေသည်ဟု ကမ္ဘာကြက်ခြေ နီ နှင့် လခြမ်းနီ အသင်းကြီး၏ တာဝန်ခံ က ပြောခဲ့သည်။
အီကောနော်မစ် မဂ္ဂဇင်းကြီး တွင် ဧပြီ ၂၉ သန်းကောင်ယံ ၌ မြန်မာ စစ်အာဏာသိမ်း အဖွဲ့၏ အတုအယောင် အပစ်အခတ် ရပ်စဲရေး အဆုံးသတ်သွားပြီ ဟူသော ခေါင်းစဉ် ဖြင့် သတင်းတို တပုဒ် ပါရှိလာခဲ့သည်။
ပြည်သူတို့၏ ခုခံ စစ် မု ချ အောင်ရမည်!!!