စစ်အာဏာ သိမ်း မှု ကို လူထု ၏ မဆုပ်မနစ် ကန့်ကွက် တွန်းလှန်နေမှု များသည် လေးနှစ်ကျော် ငါး နှစ်ထဲ ဝင်ရောက်လာနေပြီ ဖြစ်သော်လည်း ယင်းအား ချေမှုန်းနေရသည့် အဆင့် ဖြစ်မလာပဲ ၎င်းတို့ ရပ်တည်ရာ ရပ်တည်ကြောင်း အတွက် လူထုကဲ့သို့ပင် ခုခံ တွန်းလှန်နေရည့် အဖြစ် ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
စစ် ခေါင်းဆောင်များ ဖက်က မာန် မလျော့သေးသော်လည်း အောက်လက်ငယ်သားများ၊ အလယ်အလတ် အဆင့် အရာရှိများကမူ ၎င်းတို့ ေရှေ့လျောက် ဘယ်သောင် ဘယ်ကမ်း ဆိုက် တော့ မည်နည်း ဟု မေးခွန်းများ ဖြင့် စိတ်ဓါတ်များ ပြိုဆင်းလာနေကြပြီ ဖြစ်သည်။ ငလျင်ကြီးကလည်း ထိုစိတ်ဓါတ်များ အား အောက်ဆုံးသို့ ရောက်အောင် ဆွဲချ ခဲ့ပြန်သည်။
ထိုသိူ့ စိတ်များ ရှူပ်ထွေးလာကြသည်မှာလည်း ၎င်းတို့ကို အပြစ်ဆို၍ မရ၊ ၂၀၂၄ ခုနှစ် အကုန် ဘီဘီစီ၏ ပြုစုထားသော စာရင်းဇယား များ အရ မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်ကြီးများ စိတ်ချလက်ချ သွားရဲသော နေရာများသည် ဝေဟင်တွင် ၁၀၀ ရာနှုန်း ရှိနေသော်လည်း မြေပြင်တွင်မူ နိုင်ငံ အကျယ်အဝန်း၏ ၂၁ ရာနှုန်းသာ ကျန် ရှိတော့သည်။
၂၀၂၃ အောက်တိုဘာ ထိုးစစ် ကြီး နောက်ပိုင်း စစ်တပ်၏ ကျဆုံးခန်း သည် ဆက်တိုက်ဆိုသလို အရှိန် ရလာခဲ့သည်ဟု လက်ရှိ ချုလာလောင်ကွန်း တက္ကသိုလ် တွင် သုတေသီ လုပ်နေသည့် ဂျေဆန် တာဝါက ပြောကြောင်း ဧပြီ ၁၈ ရက် နေ့ထုတ် အမေရိကန် ရှိ Christian Science monitor သတင်းစာကြီး တွင် ပါရှိလာခဲ့သည်။
နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျူ ၏ အရှေ့တောင် အာရှ ရေးရာ တာဝန်ခံ မော်ဂန် မိုက်ကယ် ကလည်း စစ်တပ်သည် ငလျင် အရေး ကို ဘေးချိတ်၍ ၎င်းတို့ အသက်ဆက်နိုင်ရေး အတွက် အာရုံ စိုက်နေရပြီး တော်လှန်ရေး အင်အားစု များ နှင့် ထောက်ခံ နေသော လူထု ကြီးကို နှိမ်နှင်းနေရဆဲဖြစ်သည်။ ထိုသို့ နှိမ်နှင်း ရာတွင် အရင်းအမြစ်များ ကို ချွေတာ သုံးနေရသည်ဟု ဆိုသည်။
စစ်တပ်သည် ၎င်းတို့အစဉ်အလာကို ချိုးဖောက်ကာ နိုင်ငံတကာ အကူ အညီများ ပေးရန် နေ့မဆိုင်းပဲ အကူ အညီ တောင်းလာသည်ကပင် ၎င်းတို့ အခြေအနေ ယိမ်းယိုင် ချိနဲ့နေပြီ ကို သိနေသောကြောင့် ဖြစ်သည်ဟု မစ္စတာ မိုက်ကယ်က ထောက်ပြခဲ့သည်။
စစ်ခေါင်းဆောင် များ အဖို့က "ငလျင်ဂရုဏာ" ကို အခွင့် ကောင်း ယူ၍ လူထု ၏ အမုန်းတရားများ ပြေလျော့သွားအောင် လုပ်နိုင်ခွင့် ရလာပါလျက် လူကြား မကောင်းအောင်ဆက်လက် ဗုံးကြဲ တိုက်ခိုက် နေရသည့် အဖြစ် ကို ကြည့်မည် ဆိုက၎င်းတို့ အနေအထားကို မည်သို့မျှ စိတ်မချ နိုင် ဖြစ်နေသည်မှာ ထင်ရှားနေသည် ဟု ကျွန်တော် အနေဖြင့် ယူဆမိသည်။
ငြိမ်းချမ်းရေး ရဖို့ အကောင်းဆုံး အလားအလာ သည် စစ်တပ် အား မရှုနိုင် မကယ်နိုင် ဖြစ်လာပြီး တော်လှန်ရေး အင်အားစုများ နှင့် စေ့ဆပ်ဆွေးနွေး ပါတော့မည်ဟု သဘောတူလာသည် အထိ လုပ်နိုင်မှ ဖြစ်မည်ဟု မြန်မာအ ရေး ကျွမ်းကျင်သူ များက ယူဆ နေသည်ဟု သတင်းစာတွင် ရေးသားထားသည်။
၎င်းတို့ အဖို့ အပေးအယူ မလုပ်၍ မဖြစ်တော့ဟူ သော အနေအထား ရောက်လာမှသာ နိုင်ငံရေး အရ ဖြေရှင်းချက် ပုံစံမျိုး ထွက်လာနိုင်သည်ဟု ဂျေဆင်တာဝါက ဆိုသည်။
တရုတ်မှ ၎င်းတို့အား ဆက်၍ ထောက်ခံ ပေး နေခြင်းကပင် ထိုသို့ အနေအထား မျိုး ရောက်မလာအောင် ဝင် ရောက် စွက်ဖက်ပြီး ဟန့်တား ပေးသလို ဖြစ်နေပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ဖြင့် တရုတ် တို့ အလိုကျ ဖြစ် စေ ရမည်ဟု အားမတန် မာန်လျော့လာရသည့် စစ်ခေါင်းဆောင်များ ပြိုလဲသွားမည့် အရေးကို ကာကွယ် နိုင်မှသာ ရှေ့လျောက် ၎င်းတို့ ကြိုးဆွဲရာ ကနိုင်မည့် အခွင့် အရေးကို တရုတ်တို့ လက်မလွှတ်နိုင် ဖြစ်လာနေသည်။
ဒေါ်အောင်ဆန်းစုကြည်အား ယခင်က ပြည်ပ အားကိုး ပုဆိန်ရိုးဟု ယောက်ျားကြီး များ တန်မဲ့ ကြွေးကြော်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများသည် ယခု တရုတ်၊ ရုရှားတို့ကို အဖေ ခေါ်နေကြရသည့် အဖြစ် ရောက်နေရရှာပြီ ဖြစ်သည်။
လားရှိုး အပါအဝင် ရှမ်းမြောက်ဒေသသည် တရုတ် တို့ ချယ်လှယ်ခြင်တိုင်း ချယ်လှယ် နိုင်ရန် ထိုးအပ်လိုက်ရပြီ ဖြစ်သည်။
လက်ရှိတွင်တော့ စစ်တပ် အား သိက္ခာဆယ်နိုင်အောင် သာ လားရှိုး မြို့ ကွက်ကွက်လေးသာ ထိုးအပ်ပြီး ၎င်းတို့ လှုပ်၍ မရအောင် ပတ်ဝန်းကျင် နယ်မြေများကို MNDAA က ထိန်းချုပ်ထားမည်ဟု သိရသည်။
ရုရှားသွားခဲ့သည့် ခရီးစဉ် အား ယခုထိ တီဗီ မှ လွှင့်၍ မပြီး နိုင် မစီးနိုင် ဖြစ်နေသည်။ ဤသည်ကလည်း ပူတင်က မားမားမတ်မတ် ရပ်ပေးနေသယောင် ၎င်းတို့ အပေါ် အယုံ အကြည် မဲ့လာနေသည့်အောက်လက်ငယ်သားများ အားတက်လာအောင် စိတ်ဓါတ် မြှင့် တင် ပေးနေခြင်း ပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် သာစင် လောက် အဆင့်က လှမ်းခေါ်လည်း ဘန်ကောက်သို့ အပြေးကလေး သွားရပြန်သည်။ အန်နဝါ နှင့် သာစင် တို့ တောင်းဆိုထားသည့် အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးဖို့ သဘောတူခဲ့သည် ဆိုသော်လည်း ယခုထိ တုတ်တုတ်မျှ မလှုပ်သေးပေ။
မင်းအောင်လှိုင် သည် အန်နဝါ နှင့် ဘန်ကောက်တွင် တွေ့ပြီး နောက်တရက် တွင် ပင် ၎င်း၏ တိုက်လေယာဉ် များက သပိတ်ကျင်း မြို့နယ်ရှိ လိပ်ကျ ရွာ ကို ပေါင် ၃၀၀ ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိ သွားခဲ့ပြီ ဖြစ်သည်။ စနေနေ့ တွင် ထိုရွာသို့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြန်၍ ၁၃ ဦး ထပ်မံ သေဆုံးသွားခဲ့ရပြန်သည်။
စဉ့်ကူ၊ ဘီးလင်း၊ ညောင်လေးပင်၊ ဘီးလင်း နှင့် ရခိုင် ပြည်နယ် ကျောက်တော် မြို့နယ် များ အတွင်းရှိ လူနေဒေသများကို ပါ ဆက်လက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြပြန်သည်။
အန်နဝါ အဖို့က ၎င်းအား ခေါ်၍ အသိအမှတ် ပြုလိုက်ခြင်းသာ အဖတ်တင်ကျန်ခဲ့မည့် အရေး၊ သကြား ကျွေးခံရပြန်ပြီ ဟု လူနုံ လူအ ကြီး အဖြစ် စွပ်စွဲခံရမည့် အ ရေး၊ လူပေါင်း မှားပြီလား ဟူသော အတွေး များဖြင့် စိုးရိမ်နေလောက်ပြီ ဖြစ်သည်။
လူထု အပေါ် အကြမ်းဖက်သည့် နည်းလမ်းမျိုး ဖြင့် အာဏာ ကို ယီးလေးခို နေရသော စစ်ခေါင်းဆောင်များကတော့ ယခုအခါ သေနတ်ကို ပင် တသက်နှင့် တကိုယ် အနီးကပင် မြင်ဘူးခဲ့ခြင်း မရှိသော လူငယ်များ၏ ဒလစပ် တိုက်ခိုက်ခြင်း ခံလာရ၍ ဘယ်သောင်ဘယ်ကမ်း ဆိုက်မည် မသိ ဖြစ်လာနေချိန်မျိုး တွင် အပစ်ရပ်ဖို့ အရေး အဘယ်သို့ များ ခေါင်းထဲ ထည့် နိုင်ကြပေမည်နည်း။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!