မင်းအောင်လှိုင်၏ မြင်းလေးကောင် လွှတ်သည့်ပွဲ

by Hla Soewai - Apr 28 2025

နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသော ဆောင်းပါး ဖြစ်သည်၊ ဆောင်းပါးရှင်သည် ခရစ်ယာန် သမ္မာ ကျမ်းစာလာ အယူအဆ ဖြစ်သည့် The Four Horsemen of 'apocalypse' ကို ယူသုံးကာ ခေါင်းစဉ် တပ်ထားခြင်း ဖြစ်သည်။

 

သမ္မာကျမ်းစာ သစ် တွင်တော့ မြင်စီးစစ်သည် လေးဦးအား ကမ္ဘာပျက်ကိန်း ဆိုက်‌စေမည့် နယ်မြေများ အား သိမ်းယူ အောင်နိုင်ခြင်း၊ စစ်မက်ဖြစ်ပွားလာခြင်း၊ အစာရေစာ ငတ်မွတ် ခေါင်းပါးခြင်း၊ သေဆုံး ပျက်စီးခြင်း တို့ ကိုယ်စားပြုသည့် အဖြူ၊ အနီ၊ အမည်း၊ ခပ်ဖျော့ဖျော့ အရောင်ရှိ မြင်းများကို စီးနင်းထွက် လာမှု ကို ဆိုလိုရင်း ဖြစ်သည်။

 

စစ်ကောင်စီ သည် ကယ်ဆယ်ရေး လုပ်ငန်းများကို ပြည်တွင်း ပြည်ပရှိ စေတနာ ဝန်ထမ်းများ ကိုသာ လွှဲထားသော်လည်း ၎င်းတို့ အဓိက လုပ်ငန်း ဖြစ်သည့် တိုင်းပြည် ပျက်ကိန်း ဆိုက်စေမည့် မြင်းစီး စစ်သည်တော် လေးဦး အား ငလျင် ဘေးသင့် ဒေသများထံစေလွှတ်ထားရန်ကို တော့ ‌မေ့လျော့သွားခြင်း မရှိပေ။

 

ပထမ မြင်း

 

လူထု အခက် စစ်ကောင်စီ အကွက် ဟု ပြောနေ ကြသလို covid-19 နှင့် ရေလွှမ်းမိုးခြင်း ခံခဲ့ရသည့် ကာလများက လို ပင် ယခု ငလျင် ကြီးအားလည်း အခွင့် အရေး တရပ် အဖြစ် အသုံးချလာကြသည်။ ကယ်ဆယ်ရေး အကြောင်းပြကာ လူထု အား ခြိမ်းခြောက် ခြင်း၊ ထောက်လှန်း စောင့်ကြည့်မှု များကို တိုးချဲ့လာခြင်း နှင့် စေတနာ ဝန်ထမ်း လုပ်သားများ စုရုံး ရောက်ရှိလာမည့် အရေး တို့ကို နည်းမျိုးစုံ ဖြင့် ဟန့်တားခြင်း အစရှိသည် တို့ လုပ်လာခဲ့ကြသည်။

 

ဒုတိယ မြင်း

 

ယခင် က ထိုသို့ သဘာဝ ဘေးအန္တရာယ်ကြီး နှင့် ကြုံလာသည့် အခါ လူငယ်များ တက်ကြွစွာ ပါဝင်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့ အတင်းအကျပ် စစ်ထဲ ဆွဲသွင်းလာခြင်းကြောင့် နေရပ် ဒေသများမှ ရှောင်တိမ်းကုန်ကြသည်။ ထို့ အတွက် အရေးတကြီး လိုအပ်နေသည့် လူအင်အား မလုံမလောက် ဖြစ်လာခဲ့ရသည်။

 

လူငယ်များ စိုးရိမ် မကင်း ဖြစ်လာရသည် မှာလည်း အကြောင်းမဲ့ မဟုတ်၊ မန္တလေး တွင် ငလျင် လှုပ်ပြီး ၄၈ နာရီ အတွင်း မှာပင် လူသစ် စုဆောင်းရေး များ လုပ်လာခဲ့ကြသည်။

 

တတိယ မြင်း

 

တတိယ မြင်းသည်ကာ ၎င်းတို့ လုပ်နေကျ ဖြတ် လေး ဖြတ် အတိုင်း ဆက်သွယ်၍ မရအောင် အင်တာနက် ကို အမှောင်ချလာမှု ပင် ဖြစ်သည်။ firewall များ ခံပြီး VPN သုံးသည်ကိုပင် ရာဇဝတ်မှု အဖြစ် သတ်မှတ်လာကြသည်။ 

 

ထို့အတွက် ကယ်ဆယ်ရေး အတွက် ဆက်သွယ်ညှိနှိုင်း၍ မရ၊ သတင်းယူ၍လည်း မရ ဖြစ်လာသည်။ ထိုသို့ ဆက်သွယ်ရေး ဖြတ်တောက်ထားချိန်တွင် လေကြောင်းမှ တိုက်ခိုက်မှု များ အရှိန်မြှင့်လာခဲ့၍လည်း ငလျင်ဘေးသင့် ဒေသများ သို့ ပို့ဆောင်ရေး လမ်းကြောင်းများ ထပ်မံ ပြတ်တောက်သွားခဲ့ရသည်။

 

ထိုသို့ တော်လှန်ရေး တပ်များ ထိန်းချုပ်နယ်မြေ များသို့ ဗုံးကြဲ တိုက်ခိုက်လာခြင်းကြောင့် အဆိုပါ ဒေသများ အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နိုင်အောင် အခွင့်မသာ ဖြစ်လာခဲ့ရသည်။ ၎င်းတို့ လက်ရှိ ထိန်းချုပ်ထားသော နယ်မြေများထဲ ကျွံဝင်လာပြီး ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်မလာ နိုင်စေရန် ဖြစ်သည်။

 

ငလျင်ဘေးသင့် လူထု အတွက် လွန်စွာ အရေးကြီးနေသည့် အချိန် အပိုင်း အခြား ဖြစ်သည့် ၄၈ နာရီ အတွင်း အချင်းချင်း ဆက်သွယ် အကူအညီ တောင်း၍ မရတော့သဖြင့် ဒုက္ခ မျိုးစုံ ကြုံခဲ့ရပြန်သည်။

 

စတုတ္ထ မြင်း

 

၎င်းတို့ လုပ်နေကျ ဗျူဟာ အတိုင်း ရောက်ရှိလာသည့် ကယ်ဆယ်ထောက်ပံ့ရေး အကူအညီများကို ပိတ်ဆို့ ပစ်ခဲ့ခြင်းပင် ဖြစ်သည်။ ပေးပြန်တော့လည်းတင်းကျပ်စွာ စီစစ်ပြီး မှ လွှတ်ပေးခဲ့ခြင်း ဖြစ်၍ အချိန်မမှီတော့ပဲ နောက်ကျသွားခဲ့ရသည်။

 

နိုင်ငံတကာ မှ အကူ အညီများကို ချက်ခြင်းလို တောင်းခံလာခြင်းသည် စိတ်ရင်းကောင်း ဖြင့် မဟုတ်ဘဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ‌ ဖြစ်လာ၍ ဂမူးရှူးထိုး လုပ်လာခြင်းသာ ဖြစ်သည်။

 

တီဗီ ဖန်သားပြင်ပေါ်တွင် စစ်ခေါင်းဆောင်များ၏ မျက်နှာပေးသည် အထူး တုန်လှုပ်နေကြသည်ကို တွေ့ခဲ့ရသည်။ နောက်တကြောင်းကလည်း အသိအမှတ်ပြု ခံချင်မှု နှင့် ရွေးကောက်ပွဲ ကြောင့်လည်း ဖြစ်သည်။

 

သို့သော် ၎င်းတို့ ၏ စိတ်ရင်း အမှန်ကိုကား ဖုံးကွယ်၍ မရ။ ရလာသည့် ရံပုံငွေများ၊ ကယ်ဆယ်‌ ထောက်ပံ့‌လာသည့် ပစ္စည်းများကို လက်ဝါးကြီး အုပ်ထားပြီး အဆိုးရွားဆုံး ထိခိုက်သွားသည့် ဒေသများမှ ကယ်ဆယ်ရေး စေတနာ ဝန်ထမ်းများကို တားမြစ်လာခဲ့သည်။

 

အဆိုပါ မြင်းစီးစစ်သည် လေးဦး နမိတ်ပုံများသည် လူသားချင်း စာနာ ထောက်ထားမှု နှင့် အကူအညီ ပေးရန် ရောက်ရှိလာသူများမှ ၎င်းတို့ ၏ လုပ်ရပ်များကို မည်သို့ မည်ပုံ ယူဆနေသည် ကို တင်စား ခဲ့ခြင်း ဖြစ်သည်။ 

 

ထို လုပ်ရပ်များကြောင့် ပြန်လည် ထူထောင်ရေး အတွက် ရေရှည် နိုင်ငံတကာ အကူအညီများ ရနိုင်မည့် အလားအလာများ လျော့ပါး သွားစေနိုင်သည်။

 

ယခု သဘာဝဘေးအန္တရာယ်သည် အရင်ဖြစ်ခဲ့သည် များ နှင့် မတူဘဲ၊ လူများသည် ကိုယ့်အားကိုယ်ကိုးနိုင်စွမ်း အားနည်းလာပြီး၊ နာလန်ထူနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီသည်လည်း အရင်ကလောက် ရေရှည်တည်မြဲတော့ မည် မဟုတ်ဆိုသော အန္တရာယ်ရှိသည့် အခြေအနေကို ရောက်ရှိနေ၍ လွန်စွာ မှ စိုးရိမ်စရာကောင်းလာ နေရပြီ ဖြစ်သည်။ 

 

နိုင်ငံတကာ မှ အကူအညီများ သည်လည်း လူ့အသက်ကို ကယ်တင်ရန်သာ ဖြစ်သင့်ပြီး ၎င်းတို့ နိုင်ငံရေး အရ အဆင်ပြေအောင် မလုပ်သင့် ဟု ရေးသားထားသည်။

 

မန္တလေး ရှိ ငလျင်ဒဏ်ခံခဲ့ရသည့် အိမ်ထောင်စုများ အား မီတာ မပျက်စီးက လျပ်စစ်ဓါတ်အားခ ကို ယခင် အတိုင်း ဆက်၍ ပေးဆောင်ရန် နှင့် ပျက်စီးသွားခဲ့က မတ် လ နှင့် ဧပြီလ များ အတွက် မေလ တွင် တပေါင်းတစည်းထဲ ‌ကောက်ခံသွားမည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦး မှလည်း နိုင်ငံတကာ အနေဖြင့် မြန်မာပြည်တွင် စစ်အာဏာရှင် စနစ် ရှိနေဆဲ ဆိုသည့် အခြေခံ အကြောင်းတရား ကို လျစ်လျု ရှုမထားသင့်၊ ဤသည်ကို မ‌ဖြေရှင်းဘဲ ထားမည် ဆိုလျင် လူ က ဖန်တီးသော သို့မဟုတ် သဘာဝ ‌ကြောင့် ဖြစ်ပေါ်လာသော ဘေး အန္တရာယ်ကြီးများ ကြောင့် ယခုလို အနေအထား မျိုး ဆက်ရှိနေဦးမည်သာ ဖြစ်သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

စစ်ကောင်စီသည် အပစ်အခတ် ရပ်စဲရေး ကို ဧပြီ ၃၀ အထိ ရက်တိုးထားသည်ဟု ကြေညာပြီး ၂၄ နာရီ အတွင်းမှာပင် TNLA ထိန်းချုပ်ထားသည့် နောင်ချို မြို့ အနောက်တောင်ဖက် ၁၂ မိုင်ကွာရှိ အုန်းမသီးကျေးရွာ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာခဲ့သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!