ဘယ်လို ကြံရပါ့

by Hla Soewai - Apr 13 2025

တရုတ် ပြည်မှ အရေးပေါ် လူသားချင်း စာနာမှု အကူအညီ အဖြစ် ပဉ္စမ သုတ် ဆိုက်ရောက်လာပြီ ဖြစ်သည်ဟု တရုတ် သတင်းဌာန များ တွင် ဖေါ်ပြလာသည်။

 

ရုရှားမှ တန် ၆၀ ရှိ ထောက်ပံ့ရေး ပစ္စည်းများ အား အီလူးရှင်း လေယာဉ် ကြီး နှစ်စင်းဖြင့် ဆိုက်ရောက်လာပြန်သည်။

 

ကယ်ဆယ်ရေး လုပ်ငန်းများ က အဆုံးသတ် သွားပြီ ဖြစ်၍ အသက်ရှင် ကျန်ရစ်သူ များ အား ကူညီ ထောက်ပံ့ပေးရန် သာ လိုတော့သည်။

 

အရေးပေါ် အခြေအနေ မျိုး ကြုံလာလျင် ကယ်ဆယ်ရေး အတွက် ကြိုတင် လေ့ကျင့် ပြင်ဆင်ထားမှု မရှိက ထိုသို့ အခြေအနေမျိုး ဖြစ်လာရန် စီစဉ် ထားခြင်းသာ ဖြစ်ပေလိမ့်မည် ဆိုသော စကားလည်း ရှိနေသည်။ ထိုသို့ ကြိုတင် ပြင်ဆင်ထားမှု မည်မျှ အတိုင်းအတာ အထိ ရှိသည်ကို တစ် မှ တဆယ် စကေး ဖြင့် ဆုံးဖြတ်မည်ဆိုက စစ်ကောင်စီ အား အနိမ့်ဆုံး တစ် ကိုပင် မည်သူကမျှ ပေးကြမည် မဟုတ်သည်ကား သေချာနေပေသည်။

 

‌ဤသည်ကလည်း လူတိုင်း မျှော်လင့်ပြီးသား ဖြစ်၍ အထူး တလည် ပြောနေကလည်း လေကုန်ရုံသာ ရှိပေလိမ့်မည်။

 

လှုဒန်းလိုသူများကလည်း ၎င်းတို့ ချွေးနဲစာများ စစ်ဗိုလ်ချုပ် များ လက်ထဲ ရောက်သွားမည်ကို စိုးရိမ်နေကြသည်။

 

သို့သော် ပြဿနာကား အဓိက အကူအညီ လိုအပ်နေသော နေရာများသို့ မည်သို့ ရောက်အောင် ပို့ဆောင်ကြမည်နည်း ဆိုသည်ပင် ဖြစ်သည်။

 

မြေပြင်ရှိ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ပြည်ပရှိ အင်ဂျီအို အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ပြီး အစွမ်းကုန် အကူအညီ ပေးနေကြသည်။

 

၂၀၀၂-၀၆ အတွင်း ဗြိတိသျှ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စက် ဗစ်ကီ ဘိုးမင်းကလည်း လူထုသည် စစ်ကောင်စီ လက်အောက်တွင် စီးပွားရေး အရ နာလံမထူနိုင်အောင် ဖြစ်နေသည့်ကြား မှ တခါမျှ မကြုံခဲ့ဖူးသည့် မြေငလျင်ကြီး နှင့် ထပ်မံ တွေ့ကြုံလာနေရသည့် အဖြစ်သည် လွန်စွာ စိတ်မကောင်းစရာ ဖြစ်ရသည်ဟု ပြောဆိုခဲ့သည်။

 

မစ္စက် ဘိုးမင်းသည် မြန်မာနိုင်ငံ အတွင်း လူမှုရေး လုပ်ငန်းများကို အာဏာ မသိမ်းမီ အထိ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ဖြစ်၍ ထိထိရောက်ရောက် ဖြစ်အောင် လှုဒန်းလိုပါက ဆက်သွယ်ရမည့် အဖွဲ့အစည်းများကို ‌ယခုလို လမ်းညွန်ပေးခဲ့ပြန်သည်။

 

(1) Action Aid (2) Community Partners International (3) Prospect Burma (4) Parami (5) Medical Action Myanmar တို့ ဖြစ်သည်။

 

‌ထို့မတိုင်မီကလည်း အာဏာသိမ်းမှု၊ ကိုဗစ် တို့ဒဏ် ကို အလူးအလဲ ခံထားရပြီ ဖြစ်သည်။ လက်ရှိ ငလျင်ဒဏ် ကြောင့် တရားဝင် ထုတ်ပြန်ထားသော စာရင်းအရ ၃,၅၀၀ ခန့် သေဆုံးခဲ့ရာ ၎င်းတို့ လက်ချက် ကြောင့် ‌လေး နှစ် အတွင်း သေဆုံးခဲ့သူ ၆,၅၀၀ ကို မမှီသေးဘဲ ဖြစ်နေသည်။

 

မြန်မာတွင် လူ ထောင်ပေါင်းများစွာ အသက် ဆုံးရှုံးသွား ယုံ မက ယဉ်ကျေးမှု အမွေ အနှစ်များလည်း ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။

 

စစ်တပ်က ၎င်းတို့လည်း ဘာမှ မယ်မယ်ရရ မကူညီသည့် အပြင် အင်တာနက် အပါအဝင် ဆက်သွယ်ရေး များ ဖြတ်တောက် ပိတ်ဆို့ ထား၍ လုပ်ငန်းများ ပို၍ ခက်ခဲလာနေရသည်။ နိုင်ငံတကာ အဖွဲ့အစည်း ၁၂၀ မှ လူ့အသက်များ ကယ်တင် နိုင်‌ ရေး အတွက် အရေးတကြီး လိုအပ်နေသည့် အင်တာနက် ကို ပြန်၍ ထားပေးရန် တစာစာ တောင်းဆိုလာနေကြသည်။

 

လက်ရှိတွင် မန္တလေး နှင့် စစ်-ကိုင်း၏ အပူချိန်သည် ၄၀ ဒီဂရီ အထိ ရှိနေပြီး မီးလည်း မရ ဖြစ် နေသည်။ လူငယ် အများစု ကလည်း စစ်ထဲ ဆွဲသွင်းခံရမည် စိုး၍ ကူညီရန် ထွက်မလာရဲကြဘဲ ရှိ‌ နေသည်။ 

 

လက်ရှိတွင် စစ်ကောင်စီသည် တရုတ်မှ ဒေါ်လာ ၁၄ သန်း၊ ဗြိတိန်မှ ဆယ်သန်း၊ နော်ဝေး မှ နှစ်သန်း၊ အမေရိကန်မှ နှစ်သန်း ရရှိထားသည်။ ဇူကာဘတ် ကဲ့သို့ ဘီလျံနာ သူဌေး ကြီး များထံမှ တော့ တပြားတချပ်မှ ထွက်လာသည့် သတင်း မကြားရသေးပေ။ အီလွန် မတ်စ်၏ စတားလင့်ခ် လည်း ဘယ်ဆီရောက်နေမှန်း မသိရသေးပေ။

 

ပုံတွင် မင်းအောင်လှိုင်မှ လူနာ များ လာရောက် အားပေးနေပုံ ကို တွေ့ရမည် ဖြစ်သည်။ ၎င်း၏ စိတ်ထဲတွင်သော နာမည်ပျက်နေသော ၎င်းတို့၏ ပုံရိပ်ကို ငလျင် ကို အကြောင်းပြု၍ မည်သို့ ပြန်တည်ဆောက်ရမည်နည်းဟု ဉာဏ်နီဉာဏ်နက် ထုတ်နေလောက်ပြီ ဖြစ်သည်။

 

ယခုလည်း ဒေါ်နယ် ထရန့် နှင့် နီးနီးစပ်စပ် အဆက်အသွယ် ရှိနေသည့် ဧဝံဂေလိ ခရစ်ယာန် အဖွဲ့ Samaritan's Purse မှ ရွေ့လျား ဆေးရုံ ကို နေပြည်တော်တွင် လာရောက် ဖွင့်လှစ်သည်ကို မင်းအောင်လှိုင် သွားရောက်ကြည့်ရှု့ပြီး ဒေါ်နယ် ထရန့်အား ကျေးဇူး တင်ကြောင်း ပြောသွားပြန်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!