စစ်ကောင်စီ သဘောခွေ့စရာ ပြည်ပ အကူ အညီများ
************
မြန်မာ ရုပ်မြင်သံကြား မှ စနေနေ့ သတင်း ထုတ်ပြန်ချက်အရ သေဆုံးသူ အရည်အတွက်သည် ၁,၆၄၄ ဦး အထိ ရှိလာပြီး ထိခိုက် ဒဏ်ရာရသူ ၃,၄၀၈ ဦး၊ ပျောက်ဆုံး ၁၃၉ ဦး ရှိလာသည်ဟု သိရသည်။
နေပြည်တော် နိုင်ငံတကာ လေဆိပ်ရှိ ထိန်းချုပ်ရေး မျှော်စင်သည် အရင်းမှ ဖြတ်ချလိုက်သလို တိကနဲ ပြိုလဲပြီး မြေပေါ်တွင် အပိုင်းအစ များ ပြန့်ကျဲသွားသလို ဖြစ်သွားရသည့် အတွက် နိုင်ငံတကာ ကယ်ဆယ်ရေး လေယာဉ်များ ရန်ကုန် လေဆိပ်သို့သာ ဆင်းသက်နေရသည့် အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေး သွားရသည်။
ယခုအခါ တွင် တော့ မင်းအောင်လှိုင် သည် ဆရာသမား များ မှ လမ်းခွဲထွက်လာသည့် သဘော အနေနှင့် နိုင်ငံတကာ အကူအညီများ လက်ခံဖို့ အသင့် ဟု ထပ်တလဲလဲ ပြောနေပြီ ဖြစ်သည်။ ၎င်းအဖို့က ဆရာသမား များ လောက် နိုင်ငံတကာ၏ အသိအမှတ် ပြုခံရမှု မရှိသလောက် ဖြစ်နေ၍ တောင့်တနေသော ကြောင့်လည်း ဖြစ်သည်။
စစ်ကိုင်း ပြတ်ရွေ့ကြောကြီး လှုပ်ခတ်လာတော့မည် ဆိုသည်ကို နိုင်ငံတကာ ဘူမိပညာရှင်များက ပြီးခဲ့သည့် နှစ်ကုန် ပိုင်း လောက် က စပြီး သတိပေးလာနေသည့်ကြား မှ ထိုဒေသ တဝိုက်တွင် နျူကလီယား ဓါတ်ပေါင်း ဖို ကြီး ဆောက်ရန် ရုရှား နှင့် စာချုပ် ချုပ် ဖြစ်အောင် ချုပ်ခဲ့သည် အထိ ဉာဏ် နည်းသူ ဖြစ်ကြောင်း ပေါ်သွားခဲ့ပြန်သည်။
အကြမ်းဖက် စစ်တပ် သည် ထိုသို့ မြေငလျင်ကြီး လှုပ်သွား ပြီး နောက်တွင်ပင် လေကြောင်း တိုက်ခိုက်မှု များ ဆက်၍ ပြုလုပ်နေဆဲပင် ဖြစ်သည်။ မန္တလေး တိုင်း နှင့် ကပ်နေသော ကရင်နီ နှင့် ရှမ်းပြည်တောင်ပိုင်း တို့တွင် ဖြစ်သည်။
လက်ရှိ စစ်ကောင်စီ အဖို့ ကံကောင်းသွားသည်က ငလျင် ဒဏ် အခံရဆုံး ဒေသများသည် လားရှိုး မဟုတ်ဘဲ ကွက်ကွက်လေးသာ ကျန်သော ၎င်းတို့ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့ တွင် ဖြစ်နေသော ကြောင့်ပင်။
အမျိုးသား ညီညွတ်ရေး အစိုးရကမူ ခံစစ် မှ လွဲပြီး ထိုးစစ်ကို ဧပြီ ၁၂ အထိ နှစ်ပတ်ကြာ ရပ်ဆိုင်းထားမည် ဖြစ်ပြီး လုံခြုံ ရေး အာမခံချက် ရှိမည် ဆို က ၎င်းတို့ နယ်မြေ များ အထိ ဝင်ရောက် ကူညီ ပေးမည်ဟု ကြေညာချက် ထုတ်ပြန်လာသည်။
ဦးဦး ဖျား ဖျား ရောက်ရှိလာသူ များသည် ရုရှား နှင့် တရုတ် မှ ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်း ကျွမ်းကျင်သူ များ၊ ဆေးဝါး ကိရိယာများ၊ ဂျင်နရေတာ များ သယ်ဆောင်လာသည်။ ရုရှား မှ ရောက်လာသော လေယာဉ် နှစ်စီး တွင် အနံ့ခံ ခွေး များ၊ ၁၅ ပေ အောက်အထိ ဖမ်းယူ၍ ရသောအသံလှိုင်းရှာ ကိရိယာများ ပင် ပါလာသည်။
ဟောင်ကောင် မှ အင်္ဂတေ ဖြတ်စက်များ အပါအဝင် တန်ချိန် ၉ တန် ခန့်ရှိ ကယ်ဆယ်ရေး ပစ္စည်းများ ပါလာခဲ့သည်။
တရုတ် မှ အကူအညီ အဖြစ် ယွမ် သန်းတရာ (ဒေါ်လာ ၁၃.၈ သန်း) ကူညီမည်ဟု ဆိုသည်။ ရှီကျင့်ပင် မှ ဝမ်းနည်း ကြောင်း သဝဏ်လွှာ အား မင်းအောင်လှိုင် ထံ ပေးပို့သည်ဟု သိရသည်။
အိန္ဒိယ သည် ဘရာမာ နတ်ဘုရား စစ်ဆင်ရေး ဟု အမည်တပ်ကာ တန်ချိန် ၄၀ ရှိ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော ရေတပ် သင်္ဘော နှစ်စင်း ကို စေလွှတ်ခဲ့သည်။ မြေပြင် ဆေးရုံ တရုံကိုလည်း လေကြောင်း မှ သယ်ယူ ပို့ဆောင်ပေးမည်ဟုလည်း သိရသည်။ တန်ချိန် ၁,၅၀၀ ပါ လေယာဉ် သုံးစင်းကိုလည်း စေလွှတ်ပေးခဲ့သည်ဟု သိရသည်။
ဗီယက်နမ်၊ ချက်၊ နယူးဇီလန်၊ တောင်ကိုရီယား၊ ဖီလစ်ပိုင်၊ ဂျပန်၊ နော်ဝေး၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း တို့မှလည်း အကူအညီ ပေးရန် ပြင်ဆင်နေသည်။
ကုလသမဂ္ဂ၊ ကမ္ဘာကြက်ခြေနီ၊ ယူနီဆက်၊ Save the Children, Project HOPE အဖွဲ့များ မှလည်း ကူညီကြမည် ဖြစ်သည်။
မန္တလေးရှိ ပုဂ္ဂလိက ဆေးရုံ နှစ်ဆယ် နီးပါး ကို စစ်ကောင်စီ က ပိတ်သိမ်းထားခဲ့ခြင်း ကြောင့် လက်ရှိ ဆေးရုံများတွင် လူနာများ နှင့် မနိုင်မနင်း ဖြစ်လာနေရပြီး လူ့အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရသည်။ ထိုအဖွဲ့များ အတွက်လည်း အထူး အလုပ်ပိုလာရ တော့မည် ဖြစ်သည်။
နေပြည်တော်ထောင်တွင် အကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငလျင်လှုပ်ခတ်မှုအတွင်း ဘေးကင်း ရန်ကင်းရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း မှ ခေတ်သစ် သတင်းဌာနသို့ ပြောခဲ့သည်ဟု သိရသည်။
မင်းအောင်လှိုင် အာဏာ သိမ်းစဉ်ကသာ နိုင်ငံတကာ မှ ထိုကဲ့သို့ အင်တိုက်အားတိုက် ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့လျင် လူ ပေါင်း နှစ်သောင်းကျော်၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့မည်သာ ဖြစ်သည်။ ယခုလည်း လူ့အသက်များကို ကယ်တင်ရန် အကူ အညီ များ ပေးနေချိန် တွင် တဖက်က အရပ်သား များကို ဗုံးကြဲ သ-တ် ဖြတ်နေသည်မှာ မည်သို့မျှ လက်ခံ နိုင်ဖွယ် မရှိ ဆိုသည်ကိုတော့ ထုတ်ဖေါ်ပြောဆိုသင့်ပေသည်။
တကယ်တမ်း တွင် အကူအညီများ ထိတ်ဆုံး မှ ပေးနေသည့် နိုင်ငံများသည် မြန်မာ စစ်တပ်ကို လက်နက် တပ်ဆင် ပေးနေသည့် နိုင်ငံများ ဖြစ်နေပြန်သည်။ ၎င်းတို့၏ ဂရုဏာ သည် မေးခွန်းထုတ်စရာ ဖြစ်လာရသည်ဟု ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး က ဆိုသည်။
မြန်မာ ပြည်သူ ပြည်သား မိတ် ဆွေ များ ဘေးကင်းရန် ကင်း ရှိကြပါစေကြောင်း စုမွန်လျက်