ရေစုံ ကို ဆန်ကာ ပြန်ခဲ့ပြီ

by Hla Soewai - Apr 03 2025

ဧရာဝတီ တိုင်းသည် စတုရန်း ကီလိုမီတာ အားဖြင့် ၁၃,၅၇၀ ကျယ်ဝန်းပြီး ၂၀၁၄ သန်းကောင်စာရင်းအရ လူဦးရေ ၆.၁ သန်း ရှိသည်။ တိုင်း နှင့် ပြည်နယ် ၁၄ ခု တွင် ဒုတိယ လူဦးရေး အများ ဆုံး ဒေသကြီးလည်း ဖြစ်သည်။

 

နိုင်ငံ၏ စပါးကျီ ဟု တင်စား ခေါ်ဝေါ်ရာ အရပ်လည်း ဖြစ်၍ တိုင်းပြည် စီးပွားရေး အတွက် လွန်စွာမှ အရေးပါသည်ဟု ဆိုရမည် ဖြစ်သည်။

 

၂၀၂၁ စစ်အာဏာ သိမ်းသည့် အချိန်တွင် ဧရာဝတီ လူထုသည် အခြားသော ဒေသများကဲ့သို့ပင် ဝိုင်းဝန်း ဆန့်ကျင်ခဲ့ကြသည်။ သို့သော် နိုင်ငံ အနှံ့အပြား လက်နက်ကိုင် ‌တော်လှန်ရေးကြီး ဖြစ်ပွားလာသည့် အခါတွင်တော့ အများစုသည် တုံဏှိဘာဝေ နေခဲ့ကြသည်။ ထို့အတွက်လည်း စစ်ကောင်စီ လိုလားသည့် ဒေသလားဟု ပင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

 

၂၀၂၄ ကုန်ဆုံးခါနီး အထိ စစ်အာဏာရှင် တွန်းလှန်ရေး လှုပ်ရှားမှု များသည် အနည်းအကျဉ်းသာ ရှိနေခဲ့၍လည်း ဧရာဝတီ တိုင်း သည် စစ်‌ကောင်စီ၏ ခံတပ်ကြီးသဖွယ် ဖြစ်လာခဲ့သည်။

 

တပ်ရင်း ၁၁ ရင်း နှင့် ဖွဲ့စည်းထားသော အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် ၆၆ ခြေမြန်တပ်မ လက်အောက်ခံ တပ်ရင်း နှစ်ရင်း၊ ဟိုင်းကြီးကျွန်းရှိ ပမ္မာဝတီ ရေတပ်ဌာနချုပ်၊ အမှတ် ၄ မဟာဗျူဟာ ရေတပ် အုပ်စု များ အခြေစိုက်ရာ ဒေသလည်း ဖြစ်သည်။

 

ပထဝီ အနေအထားအရ မရေတွက် လောက်အောင် မြစ်ချောင်းများ ပေါများသဖြင့်လည်း စစ်တပ်မှ အလွယ်တကူ ပိတ်ဆို့ နိုင်နေသည်။

 

‌ဧရာဝတီ တိုင်း တွင်း နေထိုင်သူ တစိတ်တပိုင်းသည် စစ်တပ်ကို လိုလားသူ များ ဖြစ်နေပြန်၍ တော်လှန်ရေး တပ်ဖွဲ့များသည် အထူး သတိကြီးစွာ ထား၍ လှုပ်ရှားဖို့ လိုအပ်လာသည်။

 

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည် အများစု အနိုင်ရခဲ့သော်လည်း ဧရာဝတီ တိုင်းတွင်မူ အခြားသော ဒေသများကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်မရခဲ့ဘဲ ကြံဖွတ် ပါတီသည် မဲအရည်အတွက် အတော်များများ ရရှိခဲ့သည်။

 

အကြမ်းဖက် စစ်တပ်အား လက်နက်စွဲကိုင် တိုက်ခိုက်လိုသည့် အုပ်စုများသည် အနောက်စူးစူးရှိ ရခိုင်ရိုးမ နှင့် စစ်တောင်းမြစ် အ‌ ရှေ့ဖက် ကမ်းများ ဆီသို့ ဦးတည်ထွက်ခွာ ခဲ့ကြပြီး အာရက္ခ တပ်တော်နှင့် ကရင်အမျိုးသား သမဂ္ဂ လက်အောက်ခံလက်နက်ကိုင် တပ်များထံတွင် စစ်ပညာများ အသီးသီး သင်ယူခဲ့ကြရသည်။

 

ယခုအခါ တွင်တော့ အားလုံး၏ ပြည်‌ တော် ပြန် ခရီး စတင်လာကြပြီ ဖြစ်သည်။

 

၂၀၂၄ နှစ်ကုန်ပိုင်း လောက်တွင် အာရက္ခ တပ်တော်သည် ဧရာဝတီ နှင့် ရခိုင် နယ်စပ်ရှိ ဂွမြို့ကို ထိန်းချုပ် နိုင်ရန် တိုက်ပွဲ များ စတင်လာခဲ့မှု နှင့် အတူ ဧရာဝတီ စစ်မျက်နှာသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

 

ဂွ ကို အာရက္ခတပ်တော််မှ သိမ်းယူ နိုင်ခဲ့ပြီး နောက် ၂၀၂၅ အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် ‌နွေဦး တော်လှန်ရေး အဖွဲ့များသည် ဧရာဝတီ တိုင်း အတွင်းသို့ ချီတက်လာနိုင်ခဲ့ကြသည်။

 

အာရက္ခ တပ်များ နှင့် အတူ ဂွမြို့ ‌တောင်ဖက် ကမ်းခြေ ရွာ နှစ်ရွာကို သိမ်းယူ နိုင်ခဲ့သည်။ ယခုအခါ အပန်းဖြေ စခန်းများ ရှိရာ ရွှေသောင်ယံ၊ ချောင်းသာ နှင့် ငွေဆောင်တို့ကို ခြိမ်းခြောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက် စစ်တပ်မှ ရှေ့ဆက် တိုးမလာ နိုင်ရန် ရွှေသောင်ယံ တွင် အခိုင်အမာ ခုခံ ကာကွယ် နေရသည်။

 

AA နှင့် PDF တပ်များ၏ ထိုးစစ်သည် အခြားတဖက်မှ ထွက်‌ ပေါ်လာပြီး ငသိုင်းချောင်းမြို့ အရှေ့ဖက် ရှိ အမှတ် ၃၄၄ အမြှောက်တပ်ရင်းအား ဦးတည် တိုက်ခိုက်လာနေသည်။ ပြီးခဲ့သည့် လ အတွင်း သာပေါင်း မြို့ ရှိ စစ်စခန်း တခု ကို သိမ်းယူ နိုင်ခဲ့ပြီး အနီးအနားရှိ ကျေးရွာ များ တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ ယခုလ အတွင်း ရေကြည် မြို့နယ် အတွင်း သို့ တိုက်ပွဲများ ကူးစက်လာနေပြီဟု သတင်းများက ဆိုသည်။

 

AA နှင့် ပူးပေါင်းတပ်များသည် သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ ငသိုင်းချောင်း မြို့နယ်များ အတွင်း တပြိုင်နက် တည်း ဆက်လက် တိုက်ခိုက်နေ၍ စစ်ကောင်စီ သည် ၎င်းတို့၏ သစ္စာခံ တပ်များကို နေရာ အနှံ့ ဖြန့်ကျက်ချထားနေရသည်။

 

ရှေ့လျောက် တိုက်ပွဲများသည် ကန်ကြီးဒေါင့်၊ ငပုတော၊ မြန်အောင် နှင့် အင်္ဂါပူ မြိုနယ်များ အတွင်းသို့ ကူးစက်လာဖွယ် ရှိနေသည်။

 

ကရင်ပြည်နယ် အတွင်း စစ်သင်တန်းများ ပြီးမြောက် အောင်မြင်ခဲ့ပြီ ဖြစ်သော ဧရာဝတီ တိုင်းသား တို့သည် အမျိုးသား ညီညွတ်ရေး အစိုးရ ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ နှင့်အတူ စစ်တောင်းမြစ်ကို ဖြတ်၍ ဧရာဝတီ တိုင်း အတွင်းသို့ ဝင်ရောက်လာနေသည်။

 

ဧရာဝတီ PDF များ နှင့် နွေဦးတော်လှန်ရေး အဖွဲ့များသည် လေးနှစ်လုံးလုံး ဆင်းရဲ အပင်ပန်းခံကာ ရုန်းကန်ခဲ့ကြပြီးနောက် ယခုအခါ မွေးရပ်မြေသို့ ပြန်လာ နိုင်ခဲ့ပြီ ဖြစ်သည်။

 

စစ်တပ်သည် ကာလကြာမြင့်စွာ ကပင် ဧရာဝတီ အား ၎င်းတို့၏ စိတ်ချ လုံခြုံရ‌ သော နောက်တန်းခံတပ် ကြီးအဖြစ် ယူဆထားခဲ့ကြသည်။ ယခုအခါတွင်တော့ တော်လှန်ရေး တပ်များသည် ဒီမိုကရေစီ နှင့် ကိုယ်ပိုင် ဆုံးဖြတ် ပြဋ္ဌာန်း နိုင်ခွင့် များ အတွက် ရှေ့တန်း စစ်မျက်နှာ အဖြစ် အသွင်ပြောင်းလဲလိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ဧရာဝတီ တွင် ပါရှိသော စစ်ရေးသုတေသီ တဦး၏ "Ayeyarwady Resistance Finally Coming Home" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)