ကင် အဲရစ်မှ မိခင် ၏ ဖမ်းဝရမ်း အပေါ် တုန့်ပြန်

by Hla Soewai - Apr 03 2025

အကျဉ်းချ ခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင် အဲရစ် ခေါ် ကိုထိန်လင်း သည် မိခင် အသက် ရှစ် ဆယ် မွေးနေ့၊ အကျဉ်းချ ခံ ငါးနှစ် မြောက် အကြို လှုပ်ရှားမှု အဖြစ် အမေရိကန် သို့ မတ်လ ၁၅ ရက် နေ့ တွင် ရောက်ရှိလာခဲ့သည်။

 

၎င်းအား DVB သတင်းဌာန မှ တွေ့ဆုံ မေးမြန်းခဲ့ရာတွင် မိခင် ဖြစ်သူ ကို အာဂျင်တီးနား တရားရုံး မှ ဖမ်းဝရမ်း ထုတ်ပြန်သည် အထိ ဖြစ်ခဲ့ရမှု အပေါ် အနောက်တိုင်း မီဒီယာ များ တွင် အဓိက တာဝန် ရှိသည်ဟု ပြောဆိုခဲ့သည်။

 

"လူတွေက မေမေ နဲ့ ပတ်သက်ရင် လုံးဝ မှားယွင်းနေကြတယ်၊ သူတို့က မေမေက ရိုဟင်ဂျာ အရေး မှာ စစ်တပ်နဲ့ ပေါင်းနေတယ်ဆိုပြီး ပုံဖေါ်နေကြတာ၊ အဲ့ဒီလို လိမ်လည် ခဲ့ကြတဲ့ နိုင်ငံတကာ မီဒီယာ တွေ မှာ တာဝန်ရှိတယ်။

 

ဒီလို လိမ်လည်ခဲ့တာ‌ တွေ ပြန် ရုပ်သိမ်းသွားပြန်တော့လည်း သူတို့ ပြောခဲ့တုန်းကလို အုတ်‌အော် သောင်းနင်း ပုံစံမျိုး မဟုတ်ဘဲ တိတ်တိတ် ဆိတ်ဆိတ် ပဲ လုပ်သွားကြတယ်။"

 

မေရီလန်း တွင် ပြုလုပ်သော အခမ်းအနား တွင် ၎င်း၏ ဂစ်တာ အတွက် ဒေါ် လာ ၈,၈၈၈၊ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား အတွက် ‌ဒေါ်လာ ၇,၀၀၀၊ သူမ၏ ပုံပါသော ပြက္ခဒိန် အတွက် ဒေါ်လာ ၁,၇၀၀ ရရှိသွားခဲ့သည်။

 

ထိုငွေများကို မြန်မာ နိုင်ငံ အတွင်း ပြည်နယ် သုံးခု ရှိ စစ်ဘေးရှောင် ဒုက္ခသည်များ သောက်ရေသန့် ရရှိရေး စီမံကိန်း များ အတွက် လှုဒန်းသွားမည်ဟု သိရသည်။

 

စစ်အာဏာ သိမ်း အဖွဲ့၏ ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ် ထားနိုင်သော နယ်မြေဟူ၍ ၁၅ ရာနှုန်း သာ ရှိတော့သည့် အတွက် နိုင်ငံ တဝှမ်း အစားအသောက်၊ သောက်သုံးရေ၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့တွင် လစ်ဟာလာနေသည့် အတွက် ကိုထိန်လင်း သည် တပ်အားသမျှ ကူညီ ပံ့ပိုးပေးရန် လုံးပမ်းလာခြင်းလည်း ဖြစ်သည်။

 

ပြဿနာ က မင်းအောင်လှိုင်သည် နိုင်ငံတဝှမ်း ၎င်း ထိန်းချုပ် ထားနိုင်ဟန် ဖြင့် ရွေးကောက်ပွဲလုပ်ရန် တွင်တွင် ပြောနေခြင်းပင် ဖြစ်သည်။ ထရန့် အစိုးရသစ်သည် မြန်မာ နှင့် ပတ်သက်၍ နိုင်ငံခြားရေး မူဝါဒ ချမှတ်လာခြင်း မရှိသေး၍ စောင့်ကြည့်နေကြပြီး ဝါရှင်တန် ၏ အဆုံးအဖြတ် ကြောင့် အခြေအနေ များ ပြောင်းလဲသွားနိုင်ဖွယ် ရှိသည်ဟု The Diplomat စာစောင်တွင် ရေးသားထားသည်။

 

ယခုအခါ ၎င်းတို့၏ နာမည်ကျော် စစ်ဌာနချုပ်ကြီးသည် မိုင်းရယ်မြို့ အနီးသို့ ရွှေ့ပြောင်းထားရယုံမျှမက တရုတ် အားကိုး နှင့် ကူမင်း တွင် ပြုလုပ်‌‌ သော ဆွေးနွေးပွဲ တွင် လားရှိုး တမြို့လုံးကို ပြန်ပေးရန် တောင်းဆိုလာနေသည်။

 

အင်အား အရာတွင် အစစ အရာရာ သာလွန်‌ သော စတန်းဒတ် အာမီ ကြီး သည် ပြန်မတိုက်နိုင်တော့၍ ပါးစပ်ဖြင့်သာ ခလေးဆိုးကြီးလို တောင်းနေရသည့် အဖြစ် ရောက်‌နေသည်။ လေကြောင်းမှ မည်မျှပင် အားသာ‌ နေစေကာမူ မြို့ရွာများကို သိမ်းပိုက်ဖို့ ကြည်းတပ် အင်အား ဖြင့်သာ တိုက်ယူ နိုင်မည် ဆိုသည့် အချက်ကို အထင်အရှား တွေ့လာနေရသည်။

 

၎င်းတို့ အဖို့ကား လေကြောင်းမှ တိုက်ခိုက်နိုင်သရွေ့ အနိုင်ရနေပြီ ဟု ယူဆနေကြခြင်းသာ ဖြစ်သည်။

 

စစ် နိုင်ထားသူ MNDAA ဖက်မှ မြို့၏ အချို့အစိတ်အပိုင်းအချို့ကို သာ ပြန်ပေး နိုင်မည်ဟု တင်းခံထားပြီး လားရှိုးသည် လက်ရှိတွင် ပုံမှန် လည်ပတ်လျက် ရှိ‌ နေသည်၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် တရုတ်၏ ဖိအားကို မလွန် ဆန် နိုင်၍သာ ၎င်းတို့နှင့် ပြောဆို‌ ‌နေရခြင်း ဖြစ်သည်။

 

တဖက်တွင်လည်း လားရှိုး မြို့သူ မြို့သား များအား လေကြောင်း မှ တိုက်ခိုက်လာနိုင်သည့် အန္တရာယ် ရှိနေသည်ဟု သတိပေးလာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!