လားရှိုး ဒေသခံများက ကိုးကန့် MNDAA အဖွဲ့အား လားရှိူး တွင် ဆက်လက်ရှိနေရန် တောင်းဆိုကြပြီး တရုတ်အားလည်း ၎င်းတို့ အရေး ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။။
ပြီးခဲ့သည့် စနေနေ့က စစ်တပ် သည် MNDAA အဖွဲနှင့် နောက်တကြိမ် ဆွေးနွေးခဲ့ကြသည်ဘအခါ လားရှိုး ကို စစ်တပ်လက်ထဲ ထိုးအပ်သွားမည်ကို စိုးရိမ်ကြသောကြောင့် ဟု ဆန္ဒ ထုတ်ဖေါ်ပွဲအား ဦးဆောင်သူတဦးက ဧရာဝတီ သို့ ပြောပြခဲ့သည်ဟု သိရသည်။
ထိုဆွေးနွေးပွဲသည် လားရှိူး အရေး အဓိက ထား ဆွေးနွေးမည်ဟု သိထား၍ မြို့ခံများက MNDAA အုပ်ချုပ်မှု အောက်တွင် လုံခြုံ စိတ်ချရပြီး မည်သူမှ စစ်တပ် လက်အောက်တွင် မနေလို ဟု ယူဆထား၍ ဖြစ်သည်ဟု ဆိုသည်။
ကြာသပတေးည တွင် လားရှိုး မြို့လည်ရှိ အထင်ကရ နေရာများ တွင် လာရောက် စုဝေးကြပြီး "တိတ်ဆိတ်စွာ" ဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်း ဖြစ်ပြီး နံရံများ ပေါ်တွင် တရုတ် သမ္မတ ရှီကျင့်ပင်ကို ကန့်ကွက်သည့် ပိုစတာ များ ကပ်ထားခဲ့ကြသည်။
ဆန္ဒထုတ်ဖေါ်သူများက တရုတ် အစိုးရ၏ အာဏာသိမ်း အဖွဲ့ကို ထောက်ခံနေခြင်းသည် မြန်မာ ပြည်သူတို့ကို ထိခိုက် နစ်နာနေရ၍ တရုတ် အနေဖြင့် မြန်မာ၏ အချုပ်အခြာ အာဏာကို လေးစားရန် နှင့် စစ်တပ်အား အကူအညီပေးနေခြင်းကို ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။
လက်ရှိတွင် MNDAA သည် လားရှိုးကို အုပ်ချုပ်နေဆဲ ဖြစ်ပြီး မြန်မာရိုးရာ သင်္ကြန်ပွဲ ကျင်းပရန် စီစဉ်နေသည်ဟု သိရသည်။ ၎င်းတို့ လားရှိုး မှ ဆုတ်ခွာ သွားရန် ရှိသည် ဆိုသည်နှင့် ပတ်သက်၍ တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။
တရုတ်မှ MNDAA ၏ အုပ်ချုပ် ရေး ခရိုင် လေးခု နှင့် လားရှိုးရှိ ထိတ်တန်း တပ်မှူး များအား ဆင့်ခေါ်ထားပြီး တပတ်နီးနီး ဆွေးနွေးနေကြသည်ဟု သိရသည်။
ဇန်နဝါရီ လ အတွင်း ပြုလုပ်သည့် ဆွေးနွေးပွဲများ တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့၍ တရုတ်ဖက်မှ ကုန်သွယ်ရေး ဂိတ်များ ပြန်ဖွင့်ပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အချိန်မရွေး ပြန်ပိတ် ပစ်နိုင်သည်ဟု ခြိမ်းခြောက် လာ၍ ကိုးကန့် အာဏာပိုင်များက ဒေသခံများအား မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများ ဝယ်ယူ စုဆောင်းထားရန် အကြံပေးထားခဲ့သည်။
လက်ရှိတွင်တော့ MNDAA အနေဖြင့် What is the deeds for the dead ကိုသာ စဉ်းစားကြရတော့မည် ဖြစ်သည်။
နောက်ထပ် သတင်းတပုဒ် အရ အိမ်နီးခြင်း နိုင်ငံများ၏ စောင့်ထိန်းရသော ကျင့်ဝတ်တရားများ ကင်းမဲ့နေကြသည်ကို ပြဆိုသည့် လုပ်ရပ် အဖြစ် ကိုယ့်နိုင်ငံသား များကို ဗုံးကြဲ သတ်ဖြတ်နေသော စစ်ခေါင်း ဆောင် မင်းအောင်လှိုင်အား ဧပြီ ၃-၄ တွင် ဘန်ကောက် ၌ ကျင်းပရန် ရှိနေသည့် တောင်အာရှ နိုင်ငံများ အသင်း BIMSTEC ထိပ်သီး အစည်း အဝေးသို့ ပထမ ဆုံး အကြိမ် တက်ရောက်ခွင့် ပြုလိုက်ပြီဟု သိရသည်။
ထို အစည်းအဝေးသို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ လည်း ကျန် အဖွဲ့ဝင် နိုင်ငံ များ ဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ နှင့် ထိုင်း တို့ နှင့် အတူ တက်ရောက်မည်ဟု သိရသည်။
မင်းအောင်လှိုင်သည် ရှီကျင့်ပင် နှင့် မျက်နှာခြင်း ဆိုင်ခွင့် မရသေးသော်လည်း မိုဒီ နှင့် ပထမဆုံးအကြိမ် တွေ့ခွင့်ရသွားပြီ ဖြစ်သည်။
သို့သော် ကျန် အဖွဲ့ဝင် နိုင်ငံများ သည် စစ်ခေါင်း ဆောင် များ မျက်စိမှိတ်ထားသဖြင့် မြန်မာ နိုင်ငံ အတွင်း ကြီးထွားလာနေသော ကျားဖြန့် ဂိုဏ်းများ ၏ ဖမ်းဆီး ခံထားရသော ၎င်းတို့ နိုင်ငံသားများ၏ အရေး ကို ဝိုင်းဝန်း မေးမြန်းခံရမည့် အရေးကို မမှုဘဲ မျက်နှာပြောင်တိုက် တက်ဦးမည်လည်း ဖြစ်သည်။
မိုဒီ မှလည်း စစ်တွေ ဆိပ်ကမ်း အတွက် အိန္ဒိယ ၏ အကျိုးစီးပွား ကို မည်သို့ မည်ပုံ ကာကွယ် ပေးနိုင်မည်နည်းနှင့် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသော ဒုက္ခသည်များ အရေး မေးခွန်းထုတ်လာတော့မည် ဖြစ်သည်။
ဘင်္ဂလား ဒေ့ရှ် မှလည်း ယခုအခါ ထောက်ပံ့ ကြေးများ ဖြတ် တောက်ခံလာရပြီ ဖြစ်၍ ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လည် လက်ခံရေးကို အပူတပြင်း ဆွေးနွေးတော့မည် ဖြစ်သည်။ မင်းအောင်လှိုင် အဖို့က နယ်ခြား ဂိတ်များ အားလုံး တခုတလေမျှ ထိန်းချုပ် နိုင်ခြင်း မရှိတော့၍ မည်သို့ ပြောမည် ဆိုသည်က စိတ်ဝင်စားဖွယ် ဖြစ်နေသည်။
မတ်လ ၂၁ ရက်နေ့ ဂျပန် ဒိုင်းယက် လွှတ်တော် တွင် နိုင်ငံခြားရေး ဝန်ကြီး တာကီရှီ အီဝါယာ မှ မင်းအောင်လှိုင် ၏ ရွေးကောက်ပွဲ ဆိုသည်နှင့် ပတ်သက်၍ "လွန်စွာ စိုးရိမ်မကင်း" ဖြစ်ရကြောင်း ဂျပန် အစိုးရ၏ သံသယ ရှိနေမှု ကို တရားဝင် ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။
မင်းအောင်လှိုင်၏ မီဂါဝပ် ၁၀၀ ရှိ နျူကလီယား ဓါတ်ပေါင်း ဖိုသည် ယခုအခါ နေပြည်တော် အနီး တွင် တည်ဆောက်ဖို့ ရွေးချယ်ထားပြီး ဖြစ်၍ ခြောက်လုံးတန်း နေ လူကြီး လူကောင်း များ အတွက် ရတက်မအေးစရာ ဖြစ်လာရသည်။
ထိုသို့ ရွေးချယ်ထားသည့် အကြောင်းကို ရုရှား အစိုးရ နျူကလီယား စွမ်းအင်ဌာန Rosatom ၏ အမှု ဆောင် အရာရှိချုပ် မှ ရုရှား ရုပ်မြင်သံကြား နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ထုတ်ဖေါ် ပြောဆို သွားသည်ဟု DVB သတင်းတွင် ဖေါ်ပြထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!