လွန်ခဲ့သည့် နှစ်ပေါင်း ကိုးဆယ့် နှစ် နှစ် အကြာ ၁၉၃၃ ဇန်နဝါရီ ၃၀ ရက်နေ့ တနင်္လာနေ့ နံနက်ခင်း တွင် အဒေါ့ဖ် ဟစ်တလာသည် ဝိုင်မာ သမ္မတ နိုင်ငံတော်ကြီး၏ ဆယ့်ငါးဦးမြောက် အဓိပတိ ကြီး အဖြစ် တက်လှမ်း လာခဲ့ပြီ ဖြစ်သည်။
ယင်းသည် ဒီမိုကရေစီ သမိုင်းတွင် လွန်စွာ အံ့အား သင့်ဖွယ် ကောင်းလှသည့် နိုင်ငံရေး အလှည့် အပြောင်းကြီး လည်း ဖြစ်ပေသည်။
ဟစ်တလာ သည် ဂျာမန် ဖွဲ့စည်းပုံ အား ငါးကြင်းဆီ နှင့် ငါးကြင်းကြော် သည့် အလား ဖွဲ့စည်းပုံ ဘောင် အတွင်း မှပင် ဖျက်ဆီး ပစ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
နိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ထားပုံ နှင့် လုပ်ငန်းစဉ် များအား နှစ်လ အတွင်း မည်သို့ မည်ပုံ တဆင့်ပြီး တဆင့် ဖြို့ချ ဖျက်စီး ခဲ့ပုံကို ဆက်လက် တင်ပြသွားပါမည်။ အတိအကျ ဆိုရပါမူ တစ်လ နှင့် သုံးပတ်၊ နှစ်ရက်၊ ရှစ်နာရီ နှင့် မိနစ် လေးဆယ် အတွင်း တွင် ဖြစ်သည်။
ဟန်စ် ဖရန့်ခ် သည် နာဇီ လှုပ်ရှားမှု ပေါ်ဦးစ တွင်
ဟစ်တလာ၏ ကိုယ်ရေး ရှေ့နေ အဖြစ်သာမက ဥပဒေ ရေးရာ မဟာဗျူဟာ ရေးဆွဲပေးရသည့် အကြီးအကဲ တဦးလည်း ဖြစ်ခဲ့သည်။ နောက်ပိုင်း နာဇီ တို့၏ ရက်စက်ကြမ်းကြုပ်မှု များတွင် ၎င်း ပါဝင် ပတ်သက်ခဲ့မှု အတွက် နုရင်ဘတ်ခ် တွင် ကွပ်မျက်ခံရမည့် အရေး စောင့်စားနေရစဉ် အတွင်း ၎င်း အကျိုး ဆောင် ပေးရသူ ဟစ်တလာ နှင့် ပတ်သက်၍ ယခုလို မှတ်ချက်ချခဲ့သည်။
"မည်သို့သော ဥပဒေ မျိုးတွင် မဆို ရှိတတ်သော အားနည်းချက် မှန်သမျှ ကို ရှာနိုင်ဖွေနိုင်သည် မယုံကြည်စရာ ကောင်းလောက်သည့် စွမ်းရည်မျိုး ပိုင်ဆိုင်သူ ဖြစ်သည့် အပြင် ထိုအားနည်းချက်ကိုလည်း ရက်ရက်စက်စက် လက်ကုန်နှိုက် အသုံးချ တတ်သူ ဖြစ်သည်။
၁၉၂၃ နိုဝင်ဘာ လ အတွင်း မအောင်မြင် ခဲ့သည့် ဘီယာ ခမ်းမ အာဏာသိမ်းပွဲ အတွင်း အဖမ်းခံခဲ့ရပြီး နောက် ဟစ်တလာသည် အဓမ္မ နည်းလမ်းမျိုး ဖြင့် ဝိုင်မာ သမ္မတ နိုင်ငံ အစိုးရ အား ဖြုတ်ချရန် အကြံအစည်ကို စွန့်လွှတ်ခဲ့သည်။ သို့သော် သမ္မတ နိုင်ငံ၏ ဒီမိုကရေစီ စနစ်ကို ဖျက်ဆီးပစ်ရန် အရေးကိုတော့ စွန့်လွှတ်ခဲ့ခြင်း မရှိပေ။
၎င်း ၏ ပြောင်းလဲလာသော ခံယူချက်ကို အထင်အရှား တွေ့လာရသည်က ၁၉၃၀ စက်တင်ဘာလ တွင် ဖွဲ့စည်းပုံ ခုံရုံး ရှေ့တွင် ဥပဒေ စည်း မျဉ်း အတိုင်း လိုက်နာ ပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းပင် ဖြစ်သည်။
ဝိုင်မာ ဖွဲ့စည်းပုံ ၏ အပိုဒ် (၁) တွင် အစိုးရသည် ပြည်သူတို့၏ ဆန္ဒ ကို ကိုယ်စားပြုသည်ဟု ပါရှိခဲ့သည်။ ဟစ်တလာသည် တရားဥပဒေ နည်းလမ်းဖြင့် အာဏာရရှိလာခဲ့လျင် မိမိမှ သင့်တော်သလို အစိုးရ မျိုး ကို ပုံသွင်း သွားမည်ဟု ဖွဲ့စည်းပုံ ခုံရုံအား အံ့အား သင့်ဖွယ် ကောင်း လောက်အောင်ပြောင်ပြောင်တင်းတင်း ပင် အသိပေးလိုက်သည်။
ခုံသမာဓိ တရားသုကြီးက "ပုံသွင်းသွားမည် ဆိုသည်က ဖွဲ့စည်းပုံ ဘောင် အတွင်းကလား" ဟု မေးလိုကိသည်။
ဟစ်တလာ က ဂျာမန်လို Jawoh ဟု ဟုတ် မှန်ကြောင်း ပြန်ဖြေလိုက်သည်။
ပြည်နယ် ပေါင်း ၁၈ ပြည်နယ်ဖြင့် ဖက်ဒရယ် ပုံစံ ဖွဲ့စည်းထားသော အပိုဒ် ၁၈၁ ပိုဒ်ပါ ဖွဲ့စည်းပုံ ၏ အားနည်း ချက် များသည် ၁၉၃၃ ဇန်နဝါရီလ အရောက်တွင် သိသာ ထင်ရှားလာသည်။
ဟစ်တလာသည် ဂျာမန် နိုင်ငံရေး လောက တွင် ဆယ်နှစ်နီးပါး အတိုက်အခံ ဘဝ နှင့် ကျင်လည် လာခဲ့ပြီးနောက် ရည်မှန်းချက် ကြီးကြီးဖြင့် ရေးဆွဲထားသော နိုင်ငံရေး အစီအမံများကို မည်သို့ မှောက်လှန် ပစ်ရ မည်ကို ကောင်းစွာ သိရှိ နားလည် လာခဲ့ပြီ ဖြစ်သည်။
ပြိုင်ဖက် လက်ယာ နိုင်ငံရေး သမား အတိုက်အခံများကို တခါတရံ အတူလက်တွဲေ ့်၊ တခါတရံ တွင် ချေမှုန်းပစ်ခြင်း မျိုး ဖြင့် ဂျာမန် နိုင်ငံရေး သည် တဖြေးဖြေး သွက်ချာပါဒ လိုက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိလာနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ရှစ်လ လုံးလုံးလည်း နိုင်ငံရေး တွင် ရှေ့ဆက်၍ မရ အောင် ကြိုးပမ်းလာခဲ့ပြီး ဖြစ်သည်။ ဤသို့ဖြင့် အဓိပတိ သုံးယောက် ဆက်တိုက် ပြုတ်ကျခဲ့ပြီး သမ္နတ မှ နှစ်ကြိမ်တိုင် ရိုက်ခ်ျစတက် ခေါ် ပါလီမန်ကို မဖြစ်မနေ ဖျက်သိမ်း ပေးလိုက်ရပြီး ရွေးကောက်ပွဲ အသစ် ခေါ်ယူ ပေးခဲ့ရသည်။
ဟစ်တလာသည် ၎င်းကိုယ်တိုင် အဓိပတိ ဖြစ်လာသည့် အခါတွင်တော့ အခြားလူများ သူ့လို လိုက်မလုပ် နိုင်အောင် ဟန့်တားလာခဲ့သည်။
၁၉၃၀ စက်တင်ဘာ ရွေးကောက်ပွဲ တွင် ဟစ်တလာ ၏ အမျိုးသား ဆိုရှယ်လစ် ပါတီ ရရှိသော မဲအရေ အတွက်သည် တိုးပွားလာခဲ့သည်။ ဤသည်ကလည်း ၁၉၂၉ ကမ္ဘာစီးပွားရေး ပျက်ကပ်ကြီး ဖြစ်ပေါ်လာခဲ့မှု ကြောင့် လူကြိုက်များလာခဲ့၍ ပါလီမန် တွင် အမတ်ဦးရေ သည် ယခင် ၁၂ ဦး မှ ၁၀၇ အထိ ဖြစ်လာပြီး ကိုးဆ အထိ တိုးလာခဲ့သည်။
၁၉၃၂ ရွေးကောက်ပွဲ တွင်တော့ နှစ်ဆ အထိ ဖြစ်လာပြီး အမတ် ဦးရေ ၂၃၀ အထိ ပါလီမန် တွင် ကိုယ်စား ပြုလာနိုင်သော်လည်း အများစု အဆင့် အထိ ရောက်မလာ နိုင် ပဲ ၃၇ ရာနှုန်းသာ ရှိနေသေးသည်။ ၎င်းတို့ နှင့် ညွှန်ပေါင်း ဖွဲ့ထားသည့် လက်ယာ ပါတီ များ နှင့် ပေါင်းထား၍သာ ရိုက်ခ်ျစတက်၏ ၅၁ ရာ နှုန်း ဖြစ်လာခဲ့သည်။
သို့သော်လည်း ဟစ်တလာသည် ၃၇ ရာနှုန်းသည် ၅၁ ရာနှုန်း၏ ၇၅ ရာနှုန်း ဖြစ်သည်ဟု ဆိုပြီး ၎င်းသည်သာ အကြွင်းမဲ့ အာဏာ ကိုင်တွယ် ကျင့်သုံးသင့်သည်ဟု ယုံကြည်လာသည်။ ထိုသို့ ယုံကြည်သည့် အကြောင်းကိုလည်း အမေရိကန် သတင်းထောက် တယောက်ကို ထုတ်ဖေါ် ပြောဆိုခဲ့သည်။
သို့သော်လည်း အခြား ပါတီများ နှင့် ညွှန် ပေါင်း ဖွဲ့နေရခြင်းသည် ပါတီစုံ နိုင်ငံရေး တွင် အချိန်မရွေး ပြောင်းလဲသွားနိုင်သည်ကို သိထားသည်။
ထို့အတွက် အတိုက်အခံများကို ရှင်းပစ်နိုင်ရန် Empowering Law ဆိုသည့် တိုင်းပြည် နှင့် လူမျိုး အား ကာကွယ်သည့် ဥပဒေ ဆိုသည်ကို ပြဋ္ဌာန်း နိုင်ငံမှ နိုင်ငံရေး အရ ရှေ့လျောက် အသက်ဆက်၍ ရမည် ဆိုသည်ကို သိလာခဲ့သည်။ ထိုသို့ ပြဋ္ဌာန်း နိုင်ဖို့က အုပ်ချုပ်ရေး အာဏာ ခွဲဝေ ကျင့်သုံး နေမှု ကို အရင်ဆုံး ပယ်ဖျက် နိုင်မှ ဖြစ်မည်။ လွှတ်တော်၏ အတည်ပြုချက် မလိုဘဲ ၎င်းတဦးတည်း၏ အမိန့်ဖြင့် ပြဋ္ဌာန်း ခွင့် ရမှ ဖြစ်ပေမည်။
ဤသို့ဖြင့် ဂျာမဏီ၏ ဒီမိုကရေစီ အင်စတီကျုးရှင်း များ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ချောင်ထိုး နိုင်ရန် လုံးပမ်းလာခဲ့သည်။ ထိုသို့ ချောင်ထိုး နိုင်ရန် အရင်ဦးဆုံး ရိုက်ခ်ျစတက် လွှတ်တော် တွင် သုံးပုံ နှစ်ပုံ သော အမတ်များ၏ ထောက်ခံမှု ရဖို့ လိုအပ်လာသည်။
လိုအပ်သည့် မဲအရည်အတွက် ရဖို့က ၎င်းမျှော်လင့်ထားသည်ထက်ပင် ပို၍ ခက်ခဲနေသည်။ အဓိပတိ ဖြစ်လာပြီး ခြောက်နာရီ အတွင်းမှာပင် ၎င်း၏ တပါတီ အာဏာရှင် အဖြစ် အုပ်ချုပ်သွားနိုင်ရေး ရည်မှန်းချက် များ အား ဖျက်လို ဖျက်ဆီး လုပ်လာမှု များ နှင့် ရင်ဆိုင်လာခဲ့ရသည်။
တနင်္လာနေ့ နံနက် ၁၁:၃၀ တွင် ဟစ်တလာသည် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ကို လေးစားလိုက်နာ ပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရသည်။ ထို့နောက်
ဟစ်တလာ သည် လမ်းတဖက်ရှိ ကိုင်ဇာဟော့ဖ် ဟိုတယ်သို့ နေလည်စာ စားရန် ထွက်လာခဲ့သည်။ စားသောက်ပြီး ၎င်း၏ အဓိပတိ ရုံးရှိရာ ပြန်လာခဲ့သည်။ ရုံးတွင် "ဟစ်တလာ ကက်ဘိနက်" ဆိုသည့် ဝန်ကြီး ကိုးဦးပါ အဖွဲ့နှင့် ဓါတ်ပုံ အတူ တွဲ ရိုက်ခဲ့ပြီး ပထမဆုံး အကြိမ် ဝန်ကြီး အဖွဲ့ အစည်းအ
ဝေးကို ညနေ ၅ နာရီ တိတိတွင် ပြုလုပ်ခဲ့သည်။