To Russia with love

by Hla Soewai - Mar 10 2025

မြန်မာ ပြည်တွင် တိုက်တိုက် ဆိုင်ဆိုင်ပင် ရစ်ချ်တာ စကေး ၄.၂ ပြင်းအားရှိ မြေငလျင် လှုပ်ခပ်သွား၍ အယူ သည်း တတ်သော မင်းအောင်လှိုင် အတွက် တော့ ၎င်း၏ မော်စကို ခရီးစဉ်သည် တာထွက် မကောင်းဟု ယူဆကောင်း ယူဆနေမည် သာ ဖြစ်သည်။

 

၎င်းအား မော်စကို ရှိ ဗီနူကိုဗို လေဆိပ်မှ စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီး၊ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မှ ကြိုဆိုခဲ့ကြသည်။ ပူတင် နှင့် အင်္ဂါနေ့တွင် တွေ့ဆုံရန် ရှိနေသည်။

 

မင်းအောင်လှိုင်သည် အာဏာသိမ်းခဲ့ပြီး ချိန်မှစ၍ ရေ တွက် မည် ဆိုလျှင် ယခု ခရီးစဉ်သည် လေးကြိမ် မြောက် ဖြစ်သည်။ ၎င်းသည် ပူတင် နှင့်၂၀၂၂ စက်တင်ဘာလ ဗလာဒီ ဗော့စတော့ တွင် ပြုလုပ်ခဲ့သည့် အရှေ့တိုင်း စီးပွားရေး ဖိုရမ် တွင် တွေ့ဆုံခွင့် ရသွားခဲ့သည်။

 

ယခုအကြိမ်သည် ကရင်မလင် နန်းတော်သို့ တော့ ဝင်ခွင့်ရမည့် ခရီးစဉ်လည်း ဖြစ်၍ ၎င်းအတွက် လွန်စွာ ဂုဏ်ယူစရာ ဖြစ်နေပေတော့မည်။ တဖက်တွင်လည်း မြေငလျင် လှုပ်ခဲ့မှု နှင့် အတူ ပြည်ပ ခရီးထွက်တိုင်း အာဏာရှင်တို့ အဖို့ အိမ်ပြန်ခွင့် မှ ရပါမည်လား ဟူသော စိုးရိမ် ကြောင့်ကြ စိတ်မျိုးလည်း ရှိနေမည်သာ ဖြစ်သည်။

 

၎င်းအနေဖြင့် အကြွေး နှင့် ဝယ်ထားသော ဂျက်တိုက်လေယာဉ် များ အရေး ပြန်ဆပ်ရမည့် အတွက်ပြောဆိုရဖို့ ရှိနေသည်။ ရုရှား တို့ဖက်က ၎င်းတောင်းဆိုနေသော ရေနံချက်စက်ရုံ၊ ထားဝယ် ရေနက် ဆိပ်ကမ်းစီမံချက်များကို နားလည်မှု စာချွန်လွှာ ဖြင့် နှစ်သိမ့်ထားပုံရပြီး လက်‌ တွေ့ အကောင်အထည် ဖေါ်ရန် တွန့်ဆုပ်နေပုံရှိသည်။

 

မင်းအောင်လှိုင်သည် ဇန်နဝါရီ လ အတွင်းက ဆင် ခြောက်ကောင်ကို ချစ်ကြည်ရေး ဆိုကာ မော်စကို ဆပ်ကပ် အဖွဲ့ကြီးသို့ ပေးပို့ထားပြီး ဖြစ်သည်။ ဆင်များသာ မက ရုရှား၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အထွေထွေ လုပ်သား အဖြစ် ခိုင်းစေနိုင်ရန် ပထမ အသုတ် အဖြစ် မြန်မာ လူငယ် ၁၀,၀၀၀ ခန့်အား လည်း စေလွှတ်မည် ဖြစ်သည်။ လစာ အားဖြင့် ဒေါ်လာ ၁,၃၀၀ ခန့် ရဖို့ရှိနေသည့် အပြင် ၎င်းတို့ လက်အောက် တွင် အသက်တချောင်းကိုပင် ငွေပေး ဝယ်ယူနေရသော လူငယ်များ အဖို့ ပြင်းထန်လှသော အအေးဒဏ်ကို ပင် မှုမည် မဟုတ်တော့ဘဲ စိတ်ဝင်စား ကောင်း စိတ်ဝင်စား လာနိုင်ဖွယ်ရှိသည်။

 

ရုရှားသည် ၎င်းတို့၏ အနောက်အုပ်စုကို ဆန့်ကျင်သည့် နိုင်ငံခြားရေး မူဝါဒ တစိတ်တပိုင်း အဖြစ် မင်းအောင်လှိုင် နှင့် အဖွဲ့ကို ထောက်ခံပေးနေခြင်း ဖြစ်သည်။

 

ထို့အတွက် မင်းအောင်လှိုင် ၏ လေတပ်သည် လည်း ပန်းပန် နေနိုင်ဆဲ ဖြစ်သည်။

 

သူ များ မလုပ်နိုင်သည်ကို လုပ်နိုင်စွမ်း ရှိပြီး အရာရာ ကို ပြေလည်အောင် လုပ်ပြနိုင်သည် ဆိုသော ဒေါ်နယ် ထရမ့် ၏ စိတ်အနေအထား ကြောင့် မြန်မာ အပေါ် မည်သို့ သဘောထားလာမည်ကို ခန့်မှန်း နိုင်စွမ်း မရှိ ဖြစ်နေ၍ မထင်မှတ်သည်များ ဖြစ်လာက ရုရှားတို့ ထံမှ ၎င်းတို့ လုံခြုံရေး အတွက် အာမခံ နိုင်မည့် ကတိကဝတ်မျိုး လည်း တောင်းလာနိုင်ပေသည်။

 

မင်းအောင်လှိုင် အဖို့က ကြီးမားစွာ ကျုးလွန်ခဲ့သော အမှား အတွက် ပြည်တွင်း တွင်သာမက အရပ်ကူပါ လူဝိုင်းပါ သဘောမျိုး ပြည်ပ တွင်ပါ အောက်ကျ ခံနေရရှာပြီ ဖြစ်သည်။

 

‌၎င်းကို အားလုံးက ငုံ့ကြည့်‌ ဆက်ဆံနေကြ ရသည်ကိုတော့ အထင်အရှား တွေ့လာရသည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!