ရွေးကောက်ပွဲ လုပ်ဖြစ်ဦးမည်‌ လော

by Hla Soewai - Feb 18 2025

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲသည် မရေရာ မသေချာ မှူ များ နှင့် ပြည့်နှက်လာနေသည်။

 

၎င်း လတ်တလော အကျပ်အတည်းက စောချစ်သူ အား ဖမ်းဝရမ်း ထုတ်ရန် ထိုင်း အစိုးရ မှ ကြံစည် နေခြင်း ဖြစ်သည်၊ ထိုင်း အာဏာပိုင်များက ထိုသို့ ထုတ်ရန် အပြီးသတ် ဆုံးဖြတ်ချက် ကို တနင်္လာနေ့တွင် ချမှတ် မည် ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

 

သို့ဆိုက ၎င်း အနေဖြင့် စောချစ်သူ ကို ဖမ်းဆီးပေးရဖို့ ရှိ လာသည်၊ ထိုသို့ ဖမ်းဆီးနိုင်ဖို့က ၎င်းတွင် အာဏာ မရှိ၊ အချုပ်အခြာ အာဏာက ဆုံးရှုံး‌ နေပြီ ဆိုသည်ကို တရုတ် ဖက်ကလည်း ရိပ်စားမိနေလေပြီ။

 

အမေရိကန်သည် ပနားမား ခေါင်းဆောင် နော်ရီဂါး အား မူးယစ်ဆေးဝါး ကုန်ကူးမှု ဖြင့် ၁၉၈၉ နှစ်ကုန် ပိုင်းတွင် မရိမ်းတပ်များ စေလွှတ်ပြီး ဝင်ရောက် ဖမ်းဆီးခဲ့ဖူးသည့် အစဉ်အလာ ရှိနေ၍ တရုတ် ဖက်ကလည်း ထိုသို့ လုပ်မလာ ဟု မပြောနိုင်၊ ရှီကျင့်ပင်သည် ပြည်တွင်း စီးပွားရေး ကျ‌ဆင်းနေသည့် အဖြစ်ကြောင့် လူထု အကြား လူကြိုက်နည်းလာသည်ကို မြှင့်တင်ရန် ကြိုးစားကောင်း ကြိုးစားလာနိုင်သည်။ ထိုသို့ လုပ်မည် ဆိုကလည်း ၎င်း အနေနှင့် ဘာမျှ တတ်နိုင်မည် မဟုတ်၊ လုပ်နေကျ အရူးကွက် နင်း ထောက်ခံရတော့မည်သာ ဖြစ်သည်။

 

စောချစ်သူ ၏ နယ်ခြားစောင့် အဖွဲ့သည်လည်း ၎င်းတို့နယ်မြေ များ အတွင်းရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တွင် ပါဝင်နေသူ ၈,၀၀၀ ခန့်အား ပြန်ပို့ ပေးမည်ဟု အထိတ်တလန့် နှင့် ကြွေးကြော်လာခဲ့သည်။

 

ယခုအခါ လူ ၂၆၁ ဦးအား ပြန်လည် လွှဲပြောင်းပေးခဲ့၍ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်း ဖက်သို့ သယ်ဆောင်လာသည်ကို ပုံ တွင် တွေ့ရမည် ဖြစ်သည်။

 

ပြီးဆုံးသွားသည့် အာဆီယံ အထူး သံတမန် ၏ ခရီးစဉ် အတွင်း မင်းအောင်လှိုင် မှ လက်ခံ တွေ့ဆုံခဲ့ခြင်း မရှိသည့် အပြင် ၎င်းတို့၏ သတင်းမီဒီယာ များ တွင် ယခင်လို တခမ်းတနား မဖေါ်ပြခဲ့သည်ကလည်း ထူးဆန်း‌နေသည်။ ဘန်ကောက်တွင် တော်လှန်ရေး အဖွဲ့များ နှင့် တွေ့ဆုံရန် ရှိနေသည်ကို မနှစ်မြို့၍သာ ဖြစ်မည်၊ ပဋိပက္ခများ အဆုံးသတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးရန် အာဆီယံ ၏ တောင်းဆို နေမှု ကို ဆက်၍ တင်းခံနေသည်ကလည်း ထင်ရှားလာသည်။

 

ယခုနှစ် အတွင်း အရှေ့တီ‌မောသည် အာဆီယံ အဖွဲဝင် နိုင်ငံ ဖြစ်လာဖို့ ရှိ နေ၍ အဖွဲ့၏ မလုပ် မရှုပ်ရပ်တည်မှု တမျိုးတဖုံ ဖြစ်လာနိုင်စရာ ရှိနေသည်။

 

မင်းအောင်လှိုင် အဖို့က ဆွေးနွေးရန် အရင်ဦးဆုံး လက်နက်ချ ရမည် ဟူသော မဖြစ်နိုင်သည်များကို တောင်းဆိုနေဆဲပင် ဖြစ်သည်။

 

ထိုသို့ သော အနေအထား နှင့် စစ်မီးလျှံ များ ကြားတွင် ရွေးကောက်ပွဲ အား လုပ်ဖြစ်မည်လား ဟု ဧရာဝတီက မေးခွန်း ထုတ်လာသည်။ 

 

နိုင်ငံရေး ပါတီများက ရွေးကောက်ပွဲ ကို ယခု နှစ် နိုဝင်ဘာလ အတွင်း လုပ်ဖြစ်မည်ဟု မျှော်လင့် နေကြသော်လည်း ဖေဖေါ်ဝါရီ ၃ ရက်နေ့ ကက်ဘိနက် အစည်း အဝေး တွင် တိုင်းပြည် ငြိမ်းချမ်း တည်ငြိမ်လာသည့် အခါ မဲဆွယ်မှုများ စတင်ကြရန် ထုတ်ပြောလာသည်။

 

၎င်း၏ ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ရွေးကောက်ပွဲ သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ် ဖြစ်၍ ကျင်းပနိုင်အောင် ကြိုးပမ်းကြဖို့ ပြောလာပြန်သည်။

 

၎င်းအဖို့ မည်သို့ပင် စကား တန်ဆာ ဆင်နေစေကာမူ ရွေးကောက်ပွဲ သည် နိုင်ငံတကာ တွင် တရားဝင် သယောင် ဝင်တိုး နိုင်မည့် အသုံးချခံ ကိရိယာ တခု ဖြစ်သည်ကို အားလုံးက သိနားလည် ထားကြပြီး ဖြစ်သည်။

 

ယခု နှစ် အတွင်း ရွေးကောက်ပွဲ လုပ်ဖြစ်မည် ဆိုကဇူလိုင် ၃၁ ရက် နေ့ တွင် အရေးပေါ် အခြေအ‌နေကို သက်တမ်း ထပ်တိုး၍ မရတော့ဘဲ ကာလုံသို့ လွှဲပြောင်း ပေးရတော့မည် ဖြစ်သည်။

 

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး မှ လွဲ၍ ကျန်သည့် ပြည်နယ် နှင့် တိုင်း ၁၃ နေရာလုံးအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် နေရဆဲပင် ဖြစ်သည်။

 

သို့ဖြစ်၍ ဇူလိုင် ၃၁ ရက်တွင် နောက်ထပ် သက်တမ်း တိုးဖို့သာ ရှိနေသည်ဟု ဧရာဝတီက ခန်မှန်းထားသည်။

 

မင်းအောင်လှိုင်သည် အာဏာသိမ်းစဉ်က ၂၀၀၈ ဖွဲ့စည်းပုံ ကို ဖျက်ရန် မလိုဟု တလွဲ တွေးခဲ့၍ ယခုလို အရှက်တကွဲ နှင့် ရှေ့မျက်နှာ နောက်ထားပြီး သက်တမ်း တိုးပြီးရင်း တိုးလာရသည်မှ ခုနှစ်ကြိမ်ပင် ရှိလာခဲ့ရ ရှာပြီ ဖြစ်သည်။

 

ဤသည်ကပင် ၎င်းအနေဖြင့် နိုင်ငံ တည်ငြိမ်အောင် လုပ်နိုင်စွမ်း မရှိ‌ တော့ သည် ကို မီးမောင်းထိုးပြနေခြင်းပင် ဖြစ်ပေတော့သည်။

 

တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များ အားလုံးက ၇၈ ကြိမ်မြောက် ပြည်ထောင်စု နေ့တွင် လက်ရှိ ဗဟို အခြေပြု အုပ်ချုပ်ရေး စနစ်သည် မအောင်မြင်ခဲ့၍ အောက်ခြေ တွင် အာဏာတည်၍ အထက်ကို ပံ့ပိုးပေးမည့် ပုံစံပြု ဖက်ဒရယ် စနစ် ထူထောင်ရန် တောင်းဆိုလိုက်ကြသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!