ဂျိမ်းစ်ဘွန်း ကား မကြည့်ဖူးကြသော တရုတ် ခေါင်းဆောင်များ

by Hla Soewai - Jul 14 2019

အမေရိကန်၏ တရုတ် မူဝါဒသည် convergence ဟု ခေါ်သည့် ပေါင်းဆုံစည်းလာနိူင်မူ အပေါ် အခြေခံ ကျင့်သုံးလာခဲ့သည်မှာ ကြာမြင်ခဲ့ပြီ ဖြစ်သည်။

ဤသည်ကား တရုတ်တို့ ချမ်းသာကြွယ်၀လာသည်နှင့်အမျ လစ်ဘရယ် ဒီမိုကရေစီလူ့ ဘောင်ကြီး မလွဲမသွေ ပေါ်ထွန်းလာလိမ့်မည်ဟုသော အယူအဆ ပင် ဖြစ်သည်။

သို့သော် ထိုအယူအဆ က ကွယ်ပျောက်ချ ုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။ တရုတ်တို့အားယုတ်မာ ကောက်ကျစ်မှူ မျ ိုးစုံ သုံး၍ မိမိတို့အား ယှဉ်ပြိုင်လာကြပြီဟု တညီတညွတ်တည်း ရူ့မြင်လာခဲ့ကြသည်။ ထရန့် အစိုးရတဖွဲ့လုံးက တရုတ်သည် နိူင်ငံရေးတွင်သာမက အမေရိကန် ယဉ်ကျေးမူ ကိုပါ သြဇာလွှမ်းမိုးရန် ကြိုးစားလာခြင်း၊ နည်းပညာများခိုးယူခြင်း နှင့ကုန်သွယ်ရေး ကိုလည်း တဖက် စောင်းနင်း ဖြစ်အောင် ကြံဆောင်ခဲ့ကြသည်ဟု စွဲချက် အမျ ိုး မိျုး တင်လာခဲ့ကြသည်။

ထို့ အပြင် အာရှတွင် ခေါင်းဆောင်ဖြစ်အောင် ကြိုးစားယုံတင်မက ကမ္ဘာတ၀ှမ်းတွင်ပါ လွှမ်းမိုးအောင် လုပ်လာနေသည့်အရေး ကိုက လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ဟု အမေရိကန်တို့ ယူဆလာခဲ့ကြသည်။ ထို အရေး ကို တရုတ် အစိုးရ တဖွဲ့လုံးမှ အင်တိုက်အားတိုက် ကြံဆောင်နေကြပြီ ဟု ဒုသမ္မတ မိုက် ပင့််စ် က ယမန်နှစ် အောက်တိုဘာ ၄ ရက်နေ့ မိန့်ခွန်းတွင်ထည့်သွင်း ပြောခဲ့ခြင်းဖြင့် စစ်အေးတိုက်ပွဲ အသစ်ကြီး စတင်ပြီဟုခရာမှုတ် အချက်ပေးလိုက်သည်။

ထို ခရာ မူတ်သံကြီး ကြောင့် ဒါးဆွဲ တုတ်ဆွဲ ထွက်လာသူများက ရီပါတ်ဘလီကင်များသာမဟုတ်တော့ပဲ ဒီမိုကရက်များပါ ပါလာခဲ့ကြသည်။ ထို့အပြင် ၁၉၄၀ နောက်ပိုင်း တ ခါ
မျ မကြုံ ဖူးလောက်အောင်ပင် အရင်းရှင်ကြီးများ၊ သံတမန်များ နှင့် စစ်ဖက် ကပါ တလေသံ ထဲ ထွက်လာခဲ့ကြပေသည်။

ထို့ အတွက်လည်း တရုတ်တို့ဖက်က မကြုံစဖူးအောင် ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။ မဟာဗျု ဟာ ရေးဆွဲငသူများက မိမိတို့ ခေါင်းဆောင်များသည် ဂျိမ်းစ်ဘွန်း ကားများ ကြည့်မှ ကြည့်ဖူးပါလေစဟုကွယ်ရာတွင် ငြည်းတွားလာခဲ့ကြသည်။ဂျိမ်းစ်ဘွန်း ကား ဇာတ်သိမ်းခန်းများတွင်၎င်းအား ကြိုး နှင့် တုပ်ပြီး သတ်ပြစ်တော့မည့် ကမ္ဘာဖျက် လူဆိုး ခေါင်းဆောင်ကြီးကသူ၏ အကြံအစည်များကို သေလူ ဟု ထင်ထားသော ဂျိမ်းစ်ဘွန်း အား အကုန်အစင်ထုတ်ဖေါ်ကြွားဝါခဲ့ခြင်းကို ဆိုလိုခြင်း ပင်ဖြစ်သည်။

ထို့အတွက် "Chinese Dream" နှင့် "Made in 2025" ကြွားဝါလာမူများကို လျော့ချပြီးသိုသိုသိပ်သိပ်နေမှ ဖြစ်တော့မည်ကို တရုတ် ခေါင်းဆောင်များ သဘောပေါက်လာခဲ့ကြသည်။ သို့ သော် နောက်ကျသွားခဲ့ပြီ ုဖြစ်သည်။

ထိုမျသာ မကသေး။ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲကို တရုတ် တို့ မှားယွင်းစွာ ယူဆခဲ့ကြသည်။ ၎င်းတို့၏ လူ့ အခွင့်အရေး စံနှုန်းများကို ကျယ်ကျယ်လောင်လောင်ကန့်ကွက်ပြောဆိုမည့် ဟီလာရီ ကလင်တန် သမ္မတဖြစ်လာမည့် အရေးထက် ဒေါ်နယ် ထရန့်ကိုသာ ဖြစ်စေချင်ခဲ့ကြသည်။

ဒေါ်နယ်ထရန့်သည် နယူးယောက် စီးပွားရေး သမား သက်သက်သာ ဖြစ်ပြီး ဘာမှခံယူချက် ယုံကြည်ချက်ဟူ၍ မရှိသူဟု သတ်မှတ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ သို့သော်ကုန်သွယ်ရေး စစ်ပွဲ ဆင်နွဲမှ ဖြစ်မည်ဟုသူ၏ နှစ်ပေါင်း လေးဆယ်နီးပါး ယုံကြည်လာခဲ့သည့် အဖြစ်ကို အလေးထားရကောင်းမှန်းမသိခဲ့ကြ။ ကလိန်ကကျစ် နှင့် ကြွားဝါဖို့သာ
သိသူ အဖြစ် ယူဆခဲ့ပြီး အမေရိကန်ထံမှများများ ၀ယ်ပေးလိုက်ယုံဖြင့် ကျေနပ်သွားမည်သူဟုလည်း သဘောထားခဲ့ကြသည်။

သို့သော် မျော်မှန်းထားသလို ဖြစ်မလာခဲ့ပေ။ ထို့ အတွက် အလုပ်ကြိုးစားပြီး စည်းကမ်းတကျ တိုးတက်လာသော တရုတ်ပြည်အားမနာလို မရှု့စိမ့် ဖြစ်လာခြင်းဟု ဆိုကာ ဒေါ်နယ် ထရန့် ၏ sore-loser theory ဟုအမည်ပေးထားသော စာမျက်နှာ ၇၀ ရှိ်စက္ကူ ဖြူ စာတမ်းကို တရုတ် နိူင်ငံတော်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။ ထိုစက္ကဖြူ စာတမ်းတွင် အမေရိကန်တို့ က ၎င်းတို့ ပြည်တွင်း မူဝါဒ များ ဖရိုဖရဲ ုဖြစ်လာနေခြင်းအားမိမိတို့ကို တရားခံရှာခြင်းဟု ဖေါ်ပြထားသည်

သို့သော် ပြည်တွင်းရှိ အမျု ိုးသားရေး ရေဘုံဘိုင် ပိုက်ခေါင်းကို ဖွင့်ချဖို့ အထိ မရည်ရွယ်သေး၊ ပြည်တွင်း ရှိ သတင်း မီဒီယာ များနှင့်ဝါဒဖြန့်ချီရေး သမားများက ဒေါ်နယ် ထရန့်
ကို လူဆိုးတယောက် အဖြစ် ပုံဖေါ်ရေးသားခြင်းမျ ိုး မရှိသေး။ ဤသည်ကို ကြည့် ကတရုတ်တို့ မည်မျ အထိ ကုန်သွယ်ရေး စစ်ပွဲအား အဆုံးသတ်ရန် လိုလားနေသည်ကို သိသာလှပေသည်။

တကယ်တမ်းတွင်မူတရုတ် စီးပွားရေးသည် ၂၀၀၈ ဘဏ္႑ာရေး အကြပ်အတည်းကြီး နောက်ပိုင်း အမေရိကန်ထက်နှစ်ဆနှုန်းမျ ကြီးထွားလာနေခြင်း၊ အသိလိမ္မာ အတုအယောင် ဖြစ်သော AI, Quantum, biotech တို့ တွင် အစိုးရမှ ငွေအလုံးအရင်း မြုပ်နှံလာနေခြင်း၊ အဆိုပါ နည်းပညာ များ အား ဆိုက်ဘာ မှ ခိုးယူနေခြင်း၊ တရုတ် ပုဂ္ဂလိက ပိုင် ကုမ္ပဏီများကို ဗန်းပြကာ ဥရောပ နှင့် အာဖရိက နိူင်ငံများ ၏ နိူင်ငံခြားရေး မူဝါဒ ကို ကြိုးကိုင်ရန် လုံးပမ်းလာခြင်းများ ကို အမေရိကန်တို့ ထိတ်လန့်လာနေခဲ့သည်။ ထိုအရေးကို အချိန်မီ မဟန့်တားနိူင်က နောင်တွင်တရုတ်တို့ အား မိမိတို့ နှင့် တန်းတူ အဖြစ်မလွဲမသွေ အသိအမှတ် ပြုရမည့် အရေးကိုတွေးလန့် လာခဲ့ကြသည်။

ကမ္ဘာတွင် အမြဲလို ဗိုလ်ကျ စိုးမိုးနေကျအမေရိကန် နှင့် ယခုအခါ ခေါင်းထောင်ထလာနေယုံမက ဝါဒရေးရာတွင်လည်းတောင် နှင့် မြောက် ဖြစ်နေသော တရုတ်တို့ ယှဉ်ပြိုင်လာနေကြသည့် အရေးကိုသမိုင်း အစဉ်အဆက် ဖြစ်ရပ်များကို နောကြေအောင် လေ့လာပြီး ဖြစ်သော သမို်င်းပညာရှင်တို့ အကြား စိုးရိမ်တကြီး ပြောဆိုမူများ ရှိလာနေကြပြီလည်း ဖြစ်သည်။

တရုတ်သည် ၎င်းတို့ အနိူင်ရရေး အသာရရေးသာ အာရုံစိုက်လိုသူများ ဖြစ်ပြီး ရုရှားကဲ့သို့ အမေရိကန် နှင့် မဟာမိတ်များ အားလုံးအစိ်တ်စိတ် အမွှာမွှာ ပြိုကွဲအောင် စနစ်တကျကြံစည်နေခြင်းမရှိသည်ကိုလည်း သတိချပ်သင့်ကြောင်းနှင့် တရုတ်သည် အမေရိကန်တို့ တင်ပို့ ရောင်းချနေမူများကို ကနေဒါ၊မက္ကဆီကို နိူင်ငံများလောက် မှီခိုနေရခြင်းမရှိ၍ အလွယ်တကူ အနိူင်ကျင့်၍ ရမည်မဟုတ်သဖြင့်လည်း တရုတ် ခေါင်းထောင်လာနေသည်ကို မလွဲမရှောင် သာ ခွင့်ပြုရတော့မည် ဖြစ်ကြောင်း....တရုတ်တို့ အနေဖြင့် ဒေါ်နယ် ထရန့် ကိုမလေးစားခြင် ၍ ရသော်လည်း ၎င်းအားထိုနေရာရောက်အောင် ပို့ဆောင်နိူင်ခဲ့သည့်နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သောဒီမိုကရေစီ၏ အင်အားကိုတော့ လေးစားရမည်သာ ဖြစ်ကြောင်း နှင့် norm-busting diplomacy ကု်လည်း ပြု ပြင်သင့်ကြောင်း ပညာရှုင်တို့ကထောက်ပြခဲ့ကြသည်။