AA ၏ ပြည်ပ ဆက်ဆံ‌ ရေး ကဏ္ဍ

by Hla Soewai - Feb 10 2025

အာရက္ခ တပ်တော်သည် ဒီဇင်ဘာလ အတွင်း မောင်းတော၊ အမ်း၊ ဂွ နှင့် တောင်ကုတ် မြို့များကို ဆက်တိုက် ဆိုသလို သိမ်းယူ နိုင်ခဲ့ပြီး အမ်း ရှိ အနောက်ပိုင်း စစ်ဌာနချုပ် ကို သိမ်းယူ နိုင်ခဲ့မှူ နှင့် အတူ အာဏာသိမ်း တပ်များ၏ အနောက်ဖက် စစ်မျက် နှာ ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်။

 

အာရက္ခ တပ်တော်သည် မကွေး၊ ပဲခူး နှင့် ဧရာဝတီ သို့ ထိုးဖောက်လာပြီး စစ်စခန်းများကို သိမ်းယူ နိုင်ခဲ့သည်။ သာပေါင်း မြိုနယ် အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေသည်။

 

ယခုအခါ မြို့တော် စစ်တွေသို့ စတင် ထိုးစစ် ဆင်နေပြီး အာရက္ခ တပ်တော် မှ စစ်ကောင်စီ တပ်များ၏ အထိုင်စခန်းများကို လက်နက်ကြီးများ ဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်နေပြီ ဖြစ်သည်။

 

၂၀၂၄ အောက်တိုဘာလ တွင် ရခိုင်ပြည်နယ် တခုလုံးအား အာဏာသိမ်းသမား များ ကင်းလွတ်ရာ ဇုံ အဖြစ် အသွင် ပြောင်းပစ်မည်ဟု ကြေညာခဲ့သည်။

 

လက်ရှိ ရရှိထားသော ဒေသများအားလည်း အုပ်ချုပ်သွား နိုင်ရန် စီမံနေပြီ ဖြစ်သည်ဟု East Asia Forum တွင် ယခုလို ရေးသားထားသည်။ ဝန်ဆောင်မှု လုပ်ငန်းများ အဖြစ် အခွန် ကောက်ခံခြင်း၊ ကာကွယ်ဆေး ထိုးပေးခြင်း၊ တရားစီရင်ရေး လုပ်ငန်းများ စတင် သွတ်သွင်းလာခဲ့သည်။

 

စစ်ရေး အရ အောင်မြင်မှုများ ဆက်တိုက်ဆိုသလို ရရှိလာနေသော်လည်း ၎င်းတို့၏ ရက္ခိတ လမ်းစဉ်ဖြစ်သည့် ရခိုင်ပြည်သူများ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီး နိုင်ရေး၊ ပြင်ပ ဩဇာ သက်ရောက်မှု မှ လွတ်ကင်းရေးများ အကောင်အထည် ဖေါ်ရေး တွင်မူ အခက်အခဲများ နှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

အာရက္ခတပ်တော်သည် နယ်‌ မြေ များ နှင့် အတူ ရခိုင် လူထု ၏ ထောက်ခံမှု ကို ကျယ်ကျယ်ပြန့်ပြန့် ရရှိလာသည့် အတွက် တရားဝင် အစိုးရ အဖြစ် ဌာနများ ဖွဲ့စည်းကာ ပုံဖေါ်လာနေပြီ ဖြစ်သည်။

 

သို့သော် နိုင်ငံတကာ မှ ထိုသို့ အသိအမှတ် ပြုလာပြီး တန်းတူရည်တူ ဆက်ဆံလာရေး တွင် မူ အကျပ်အတည်း နှင့် ကြုံတွေလာရသည်။

 

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အစပိုင်းတွင် ရက္ခိတ အဖွဲ့နှင့် ဆက်ဆံရန် ငြငိးပယ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပြည်ထဲရေး ဌာန အကြံပေးက နိုင်ငံ အကျိုး အတွက် နှစ်ဖက်စလုံး နှင့် ဆက်ဆံရေး ထိန်းသိမ်းသွားမည်ဟု ဝန်ခံခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြား ဂိတ်များ အားလုံး ‌AA လက်အောက် ရောက်ရှိ‌ နေပြီ ဖြစ်၍ တရားမဝင် လမ်းကြောင်း မှ မဖြစ်မနေ ဆက်ဆံလာရပြီ ဖြစ်သည်။ အာရကန် အစိုးရ အဖြစ် တရားဝင် အသိအမှတ် ပြု ခံရဖို့ အတွက် ခရီးရှည်ကြီး ဆက်ရဦးမည် ဖြစ်သည်။

 

ရခိုင် နှင့် ဘင်္ဂလားဒေ့ရှ် အကြား ကုန်သွယ်ရေး သည် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ဒီဇင်ဘာ ၃ ရက်နေ့ မောင်းတော မှ ဘင်္ဂလားဒေ့ရှ် သို့ ထွက်ခွာလာသော ကုန်တင် သင်္ဘောသည် နောက်ဆုံး ဖြစ်သည်။ AA သညိ ကုန်သွယ်ရေး ပြန်လည် နာလံထူနိုင်ရန် ကြိုးစားခဲ့သော်လည်း တဖက်က လိုလိုလားလား မတုန့်ပြန်ခဲ့ပေ။ ဒီဇင်ဘာလ အတွင်း AA အရာရှိ တဦး မှ လက်မှတ်ထိုးပေးခဲ့သော ဖြတ်ပိုင်း နှင့် တင် ဆောင်လာသည့် ဆန်အိတ်များကို ဘင်္ဂလားဒေ့ရှ် ဖက်က သိမ်းယူလိုက်သည်။

 

သို့သော် AA သည် အသိအမှတ်ပြုခံရဖို့ မျှော်လင့်ချက်များ ရှိ‌ နေဆဲ ဖြစ်သည်။ ၂၀၂၄ မတ်လ အတွင်း AA ကိုယ်စားလှယ် အဖွဲ့နှင့် အိန္ဒိယ အမတ်တဦး တွေ့ဆုံဖြစ်ခဲ့ပြီး အိန္ဒိယ ရင်းနှီး မြုပ်နှံ မှု နှင့် တည်ဆောက်နေသော အိန္ဒိယ အရှေ့မြောက်ဒေသ အား ပင်လယ်လမ်းကြောင်းမှ ဆက်သွယ်ပေးနိုင်မည့် ကုလားတန် မြစ်ကြောင်း စီမံကိန်း တွင် ပါဝင်သည့် ကုန်းလမ်း တည်ဆောက်ရေး အတွက် ဆွေးနွေးခဲ့ကြသည်၊ (ကုန်းလမ်းအပိုင်းသည် လက်ရှိတွင် ပြီးစီးမှု ၈၀% ခန့်ရှိသော်လည်း နောက်ဆုံးအဆင့်များ နှောင့်နှေးနေသည်)၊ ဤသည်ကို ကြည့်ခြင်း အားဖြင့် ပြည်တွင်း နှင့် ပြည်ပရှိ ပတ်သက်နေသူများ အားလုံး ရခိုင်ပြည်နယ် အတွင်း မျက်မြင်ဒိဋ္ဌ အနေအထားကို လက်ခံလာမည့် အချိန်သာ စောင့်ရ တော့မည် ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်ဖက်က AA နှင့် ဆက်ဆံရေး ထူထောင်နိုင်ဖို့ သည် ရိုဟင်ဂျာ ပြဿနာ ပေါ်တွင် တစိတ်တပိုင်း မူတည်နေသည်။ နိုင်ငံခြားရေး ဌာန အကြံပေး မှ ရိုဟင်ဂျာ ပြဿနာ ကို ဖြေရှင်း နိုင်ခြင်း မရှိက ‌ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ရရှိ လိမ့်မည် မဟုတ်ဟု ပြောဆိုထားပြီး ဖြစ်သည်။ ၎င်းတို့ဖက်က နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည်များ လက်ခံတော့မည် မဟုတ်ဟုလည်း ဆိုသည်။

 

AA သည် ရခိုင်ဒေသ တခုလုံး နီးပါး သိမ်းယူ နိုင်ခဲ့ပြီး ဖြစ်၍ ရိုဟင်ဂျာ အား ပြန်လည် ခေါ်ယူရေးသည် ၎င်းတို့ တာဝန် ဖြစ်လာနေသည်။ ထိုအရေးကို AA အနေဖြင့် မည်သို့ မည်ပုံ ကိုင်တွယ်မည်လည်း ဆိုသည် ကိုကြည့်၍ ၎င်းတို့၏ ပုံရိပ်ကို နိုင်ငံတကာ အနေဖြင့် အကဲဖြတ် လာဖို့ ရှိနေသည်။

 

ပြည်ပရှိ ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူများက မူ AA သည် ရိုဟင်ဂျာ များ အပေါ် နိုင်ထက် စီးနင်း ဆက်ဆံနေသည် ဆိုကာ ပြစ်တင် ရှုတ်ချနေကြသည်။ ၂၀၂၄ ဩဂုတ်လ အတွင်း ရိုဟင်ဂျာများ အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည် ဟု စွပ်စွဲခဲ့မှု၊ မောင်းတောမှ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခဲ့မှု များသည် နှစ်ဖက် အကြား တင်းမာမှုများ ရှိနေသည်ကို ပြဆိုနေသည်။

 

AA သည် ARSA အဖွဲ့အား "မူဆလင် အကြမ်းဖက်သမား" အဖြစ် သတ်မှတ်ထားပြီး အာဏာသိမ်း တပ်များ နှင့် ပူးပေါင်းပြီး အကြမ်းဖက်မှု များ ကျုးလွန်နေုသည့် အတွက် ရိုဟင်ဂျာ များ အပေါ် အစာမကျေ မှု များ ရှိနေသည်။ စစ်တပ်ကလည်း ရိုဟင်ဂျာ များ အား အတင်းအကျပ် စစ်ထဲသွင်းလာပြန်သည့် အတွက် လူမျိုးရေး ပဋိပက္ခများ ပို၍ ကြီးထွားလာခဲ့ရသည်။

 

မကြာမီက Fortified Rights. လူ့အခွင့် အရေး အဖွဲ့သည် AA မှ ရိုဟင်ဂျာ ဟု ယူဆရသည့် စစ်တပ် မှ တပ်သား နှစ်ဦး အား ညှင်းပမ်း ကွပ်မျက် ခဲ့မှု အပေါ် ပြစ်တင်ရှုတ်ချပြီး ICC မှ စုံစမ်း အရေးယူ ပေးရန်ပင် တောင်းဆိုခဲ့ကြသည်။ ထိုဖြစ်ရပ်မျိုးသည် AA အပေါ် နိုင်ငံတကာ၏ သဘောထား ပြောင်းလဲသွားစေနိုင်သည်။

 

နောက်ထပ် ပြဿနာတခုကား ရခိုင်ပြည်နယ် တခုလုံး ရင်ဆိုင်နေရသည့် လူမှု စီးပွားရေးပိုင်း ကျပ်တည်းလာမှု ကြီးပင် ဖြစ်သည်။ အချို့ မြို့နယ်များ အား AA ၏ ပိတ်ဆို့ထားမှု နှင့် စစ်တပ်၏ တာဝန်မဲ့ အပြုအမူ များ ကြောင့် ဆေးဝါး နှင့် စားနပ်ရိက္ခာ ပြတ် လတ်မှု နှင့် ကြုံတွေ့နေကြရသည်။

 

အခြား‌ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေသူများလည်း အိမ်ဌားခ ဈေးကြီးခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ သွားလာမှု ကန့်သတ်ခံရခြင်း များ နှင့် ရင်ဆိုင်နေကြရသည်။

 

ရမ်းဗြဲ တွင် ခိုလှုံ‌နေကြ‌သော ဒုက္ခသည်များသည် အကူအညီများ အရေးပေါ် လိုအပ်နေပြီး ရခိုင်လူထု နှစ်သန်းခန့်သည်လည်း စားနပ်ရိက္ခာ ပြတ်လတ်လု ဆဲဆဲ ဖြစ်လာနေသည်။

 

မိုချာ ဆိုင်ကလုံး ဒဏ်ကြောင့် အခြေခံ အဆောက်အအုံ ပိုင်း အတော်များများ ပျက်စီးသွားခဲ့ပြီး လက်ရှိ အိုးအိမ်မဲ့ ဖြစ်နေသူများ အား နေရာချထား‌ ပေးသည့် IDP စခန်းများ၏ ၈၅ ရာနှုန်း နီးပါး ပျက်စီးသွားခဲ့ရသည်၊ စစ်တွေတွင် IDP လူဦးရေ ၇၆,၀၉၀ ရှိသည့် အနက် ၁၀,၆၃၄ ဦးသာ အကူအညီများ ရနေသည်။

 

အချို့လူများက စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက် ဖျက်ဆီးထား၍ ပြန်စရာ အိမ်ပင် မရှိတော့သည့် အနေအထား နှင့် ကြုံနေရသည်။

 

AA အဖို့က တရားဝင် အစိုးရ တရပ် ဖြစ်မလာမီ ရခိုင် ဒေသ အား အစမှ ပြန်၍ တည်ဆောက်ပေးရန် လိုအပ်လာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo Credit - Western News via Khit Thit