စစ်အုပ်ချုပ်ရေး အဖွဲ့မှ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် နှင့် စစ်ဖက် နည်းပညာ တက္ကသိုလ် နှစ်ခု စလုံး အားနေပြည်တော် ရှိ စိုက်ပျိုးရေး တက္ကသိုလ် ဝင်း အတွင်းသို့ ကိုးလ အတွင်း ရွှေ့ပြောင်းတော့မည်ဟု သိရသည်။
အဆိုပါ သတင်းအား လယ်စိုက် နှင့် ဆည်မြောင်း ဒုဝန်ကြီး က တက္ကသိုလ် အာဏာပိုင်များကို ပြောခဲ့ကြောင်း ဧရာဝတီက ဆိုသည်။
ရေဇင်းတွင် စိုက်ပျိုးရေး တက္ကသိုလ် အပြင် တိ မွေး ကု နှင့် သစ်တော တို့ ရှိနေပြီး ဖြစ်သည်။ အဆိုပါ တက္ကသိုလ်များကို မအူပင် နှင့် ဟင်္သာတ ဖက်သို့ ရွှေ့မည်ဟု လည်း သိရသည်။
မင်းအောင်လှိုင်သည် ခရီးဝေး ချီတက် လေ့ကျင့်စရာ ရှိသည့် ဗိုလ်လောင်းများ အတွက် စိုးရိမ်၍လော၊ ၎င်းကိုယ်တိုင် ဗိုလ်သင်တန်း ဆင်းပွဲသို့ မသွားရဲတော့ဘူးလား ဆိုသည်က ကွဲကွဲပြားပြား မသိရပေ။
တက်ရောက်သည့် ဗိုလ်လောင်းများက ၃၀၀ ပင် မပြည့်တော့ဟု လည်း သိရသည်။
မည်သို့ပင် ဆိုစေ စစ်တက္ကသိုလ်ကြီး အား နေရာ ရွှေ့ပေးရန် ကြံရွယ်နေခြင်းကပင် ၎င်းတို့ အရေးမလှ ဖြစ်လာသည်ကို ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိတွင် တရုတ် နှစ်သစ်ကူး ပွဲ တော် စည်းကား သိုက်မြိုက်စွာ ကျင်းပနေသော လားရှိုးကို ပြန်မရဘဲ အပစ်ရပ်ထားရခြင်းကပင် ၎င်းတို့ အတွက် ရတက် မအေး ဖြစ်လာရသည်၊ MNDAA အားလည်း ယုံစား၍ မရဘဲ အပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူကာ စစ်အင်အား ကို တည်ဆောက်ပြီး ပြန်၍ ထိုးစစ်ဆင်လာမည် ဆိုက ပြင်ဦးလွင်သည် အလွယ်ကလေး ကျသွားမည်ကိုလည်း တွက်ဆထားကြပြီး ဖြစ်သည်။
မင်းအောင်လှိုင် နှင့် အဖွဲ့က တွက်ဆစရာ များစွာ ရှိလာနေသည်၊ အာရက္ခတပ်တော်သည် ယခုအခါ နေပြည်တော် နှင့် အနောက်တောင် ဖက် ၁၁၂ မိုင် အကွာရှိ ရခိုင် နှင့် ပဲခူး တိုင်း နယ်စပ် တောင်ကုတ် နှင့် ပန်းတောင် ကြားရှိ မိုးထိတောင် စစ်စခန်းကို သိမ်းယူခဲ့သည်။ ယင်းနှင့် အတူ လက်နက် ခဲယမ်း အမြောက်အမြားလည်း သိမ်းယူ နိုင်ခဲ့ပြီး ပဲခူး ဖက်ခြမ်းမှ စစ်ကောင်စီ၏ ထိုးစစ်ကို ရိုက်ချိုး နိုင်ခဲ့ပြီ ဖြစ်သည်။
ပဲခူး အနောက်ခြမ်းတွင် လည်း အမျိုးသား ညီညွတ်ရေး အစိုးရ တပ်များက အင်အား အလုံးအရင်း နှင့် လှုပ်ရှားလျက် ရှိနေသည်။
ဧရာဝတီ တိုင်း ရွှေသောင်ယံ အနီး နှင့် မကွေးတိုင်း နယ်စပ် ငဖဲ မြို့ နယ် များ တွင်လည်း တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေသည် ဟု သိရသည်။
ကချင်လွတ်လပ်ရေး တပ်တော် နှင့် PDF ပူးပေါင်း မဟာမိတ် တပ်များသည် ယခုအခါ အမြှောက်တပ်ရင်း ၃၆၆၊ ၆၀၀၇၊ သံချပ်ကာ ကား ခုနှစ်စီး နှင့် ဗန်းမော် လေဆိပ်ကို တိုက်ခိုက်သိမ်းယူ နိုင်ခဲ့သည်။ စစ်တပ်၏ ထောက်ပို့လေယာဉ်များ ရပ်တန့်ရန်၊ ဆီဖြည့်ရန် အခွင့်အလန်းများ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု အမှတ် ၂၁ ကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိရာ ဝင်းအတွင်းသို့ ချဉ်းကပ် ဝင်ရောက်နိုင် ခဲ့ပြီဟုလည်း သိရသည်။
ကရင် အမျိုးသား သမဂ္ဂ ကေအင်ယူ မှ ၎င်းတို့ တပ်မဟာ များ ထိန်းချုပ်ထားသည့် နယ်မြေ များ အတွင်း စစ်ကောင်စီ ၏ အတု အယောင် ရွေးကောက်ပွဲ ကို လုပ်ခွင့် ပေးမည် မဟုတ်ဟု ကေအင်ယူ ပြောခွင့်ရ ပဒို စောကလဲဆေးက ထုတ်ဖေါ် ပြောဆိုလိုက်သည်။
မြဝတီ အနီးတဝိုက် လှုပ်ရှားနေသော တရုတ် ကျားဖြန့်ဂိုဏ်း ၃၆ ဂိုဏ်းအား ဖြိုခွင်းရန် တရုတ် ပြည်သူ့ လုံခြုံရေး လက်ထောက် ဝန်ကြီးသည် ထိုင်း အကူအညီ ကို ရယူနိုင်ရေး အတွက် ဘန်ကောက်သို့ ရောက်ရှိနေပြီ ဆိုသည့် သတင်းကလည်း ၎င်းတို့ အတွက် စိုးရိမ်စရာ ဖြစ်လာရသည်။
ထိုဖြစ်စဉ် များ သည် ဖေဖေါ်ဝါရီ ၁ ရက် နေ့တွင် လေးနှစ် ပြည့်တော့မည့် အာဏာသိမ်း အဖွဲ့ ၏ အခြေအနေများ တိုးတက်ကောင်းမွန် လာခြင်း မရှိတော့ ဆိုသည်ကို ထင်ရှားစွာ ပြဆိုနေခြင်းပင် ဖြစ်သည်။ လေးနှစ်တာကာလ အတွင်း စစ်ကောင်စီ ၏ အောင်မြင်မှု များ ကို အမှန် အတိုင်းသာ ချရေးခွင့်ရကြမည် ဆိုလျင် စာမျက်နှာ တမျက်နှာပင် ပြည့်မည် မထင်ပေ။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!