ကိုးကန့် တပ်ဖွဲ့များ လားရှိုး မှ ဇွန်လ မကုန်မီ အသုတ်လိုက် စတင် ဆုတ်ခွာ နေပြီဟု မြန်မာနောင်း သတင်း တွင် ဖေါ်ပြလာသည်။
သတင်းအရင်း အမြစ် အဖြစ် တရုတ်-မြန်မာအရေး လေ့လာနေသည့်၊ လုံခြုံရေးအရ အမည်မဖော်လိုသည့် ယူနန်အခြေစိုက် တရုတ်သုတေသီ တစ်ဦး၏ အပြောကို အခြေခံထားသည်။။
သို့သော် ကိုးကန့် အဖွဲ့မှ လားရှိူး တွင် တရုတ် နှစ်သစ်ကူး ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး တရုတ်လက်မှ ပြန်လွတ်လာသော ခေါင်းဆောင် ဖြစ်သူ ဦးဖုန်တားရှင်မှ ရှေ့လျောက် စီးပွားရေး နှင့် အုပ်ချုပ်ရေး ပိုင်း တိုးတက် ဖွံ့ဖြိုး ရေး လုပ်ဆောင်ရမည်ဟု ပြောကြားမှု ကြောင့် အဆိုပါ သတင်း၏ လားရာ အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါက မူ ၎င်း၏ မိန့်ခွန်းသည် ၂၀၂၄ နှင့် အတော်ကြီး ကွဲပြားနေပြီး မြန်မာ စစ်တပ် အကြောင်းရော၊ ၎င်းတို့၏ အောင်မြင်မှု များကိုပါ ထည့်သွင်း ပြောဆိုသွားခြင်း မရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။
သို့သော် တရုတ်၏ ကြားဝင် ဖြန်ဖြေ ပေးထားသည့် အပစ်အခတ် ရပ်စဲရေး ၏ အရေးပါပုံကို အလေးအနက်ထား ပြောဆိုသွားပြီး MNDAA အနေဖြင့် ကိုးကန့် ဒေသ တည်ငြိမ်ရေး အာမခံချက် ရှိအောင် ဆောင်ရွက်သွားမည်ဟု ပြောသွားခဲ့သည်။
ယခင်က လူသိရှင်ကြား ကတိပေးထားသည့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ပစ်မည် ဆိုသည်တို့ တလုံးတပါဒ မျှ ပါရှိ မလာတော့ဘဲ တရုတ်တို့၏ မြန်မာ အပေါ် ထားရှိသော အချုပ်အခြာ အာဏာ ပိုင်စိုးခွင့်၊ နယ်မြေ တည်တံ့ပိုင်ခွင့် နှင့် ကိုးကန့် ဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေး ဦးစားပေး အလေးထားသည့် မူဝါဒကို ထည့်သွင်း ချီးကြူးသွားခဲ့သည်။
ထိုသို့ စကားကို ဗလောင်းဗလဲ ပြောလာရသည် အထိ အရှက်တကွဲ ဖြစ်သွားခဲ့ရသည်ကို ကြည့်မည် ဆိုက တရုတ် နှင့် ဝ တို့၏ ဖိအား များ ကြောင့် ဖြစ်ပြီး ဝ များ ကဲ့သို့ ကိုယ်ပိုင် အုပ်ချုပ် ရေး ပုံစံ မျိုး ကျင့်ကြံသွားရန် လက်ခံလိုက်ရခြင်း ဖြစ်သည်။
ခြုံကြည့်မည် ဆိုက တရုတ် တို့၏ လိုတမျိုး မလိုတမျိုး ဖြင့် နောက် ကြော ဓါးထိုးခံလိုက်ရခြင်း ဖြစ်ပြီးနိုင်ငံရေး အရ ကျဆုံးသွားခြင်းပင် ဖြစ်သည်။
ပြည်သူများက လားရှိုး မှ ဆုတ်ပေး လိုက်သည်နှင့်တရုတ် အစိုးရ၏ ရုပ်သေးများ အဖြစ်ထက် ပို၍ သဘောထား ကြတော့မည် မဟုတ်ပေ။
ဦးဖုန်တားရှင်က တော့ ဂျက်တိုက်လေယာဉ်များ တစင်းတ လေ မျှ မရှိဘဲနှင့် မင်းအောင်လှိုင် နှင့် အဖွဲ့ကို အရှက်ရအောင် လုပ်ပြနိုင်ခဲ့သည်၊ မင်းအောင်လှိုင်ကတော့ ဘာမျှ မတတ်နိုင်ပဲ လားရှိုးကို ၎င်း ပြန်ပေးမည့် အချိန်ကိုသာ မျှော်နေရပြီ ဖြစ်သည်။
၎င်းတို့ အဖွဲ့ သည် ထိန်းချုပ် ထားနိုင်သော နယ်မြေ များ တိုးလာသည်ဟူ၍ မရှိဘဲ တဖြေးဖြေး နှင့်လက်လွှတ်ပြီးရင်း လက်လွှတ်နေရသည့် ကြားမှ တရုတ်၏ ညွှန်ကြားထားချက် အတိုင်း ရွေးကောက်ပွဲ လုပ်မည် ဆိုသည်က တပြားမှ မလျော့သေးပေ။
လက်ရှိတွင်တော့ နိုင်ငံ တဝှမ်း သွေးချောင်းစီးသွားနိုင်သည့် စစ်ကောင်စီ ၏ ဟန်ပြရွေးကောက်ပွဲ ကို ဆန့်ကျင်သွားရန် အမျိုးသား ညီညွတ်ရေး အစိုးရ မှ ၁၂ ချက် ပါ အစီအစဉ်များ ချမှတ်ထားသည်ဟု သိရှိရကြောင်း ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။
အဓိက အားဖြင့် တော်လှန်ရေး အဖွဲ့များ ထိန်းချုပ်နယ်မြေများ အတွင်း လုံးဝ ခွင့်မပြုရန် ဖြစ်ပြီး ပြည်သူများ အထိအခိုက် မရှိစေရအောင်လည်း ညွှန်ကြားထားသည်ဟု ပြောခွင့်ရ ဦးကျော် ဇောက ဆိုသည်။
ဒေါ်မီမီ ဝင်းဘတ် က DVB နှင့် အင်တာဗျုး တွင် တရုတ်၏ မြန်မာ အရေး အား ထဲထဲဝင်ဝင် ပါဝင်စွက်ဖက်လာမှု များ ကြောင့် အမေရိကန် ရှိ မြန်မာ နိုင်ငံသားများ အနေဖြင့် ထရန် အစိုးရ အား လော်ဘီ ပို၍ လုပ်ရန် လိုအပ်သည်ဟု ပြောခဲ့သည်။ ဆိုလိုသည်မှာ မိမိတို့ မဲဆန္ဒ နယ်မြေ များ ရှိ အောက်လွှတ်တော် နှင့် အထက်လွှတ်တော် အမတ်များ နှင့် တွေ့ဆုံရှင်းပြရန် ဖြစ်သည်။
သူမ အနေဖြင့် ထရန့်အစိုးရသည် တရုတ်အပေါ် ပြင်းထန်စွာ ကိုင်တွယ်သွားဖို့ ရှိနေ၍ ဘိုင်ဒင် အစိုးရ ထက် ပို၍ မြန်မာ အရေးကို အာရုံ စိုက်လာလိမ့်မည်ဟု ယူဆမိသည်ဟု ဆိုသည်။
သို့သော် တော်လှန်ရေး အတွက် ကိုယ်လုပ်စရာ ရှိသည် ကိုသာ ဆက်လုပ်သွားဖို့ အရေးကြီးကြောင်း နှင့် အခြား နိုင်ငံများကို အားကိုးမည်ဆို က ကျားသနား မှ နွားချမ်းသာ အဖြစ် ရောက်သွားလိမ့်မည်ဟု သတိပေးခဲ့သည်။
နကိုယ်ကတည်းက အမေရိကန်၏ အကူ အညီ ကို ယူကရိန်း၊ ဂါဇာ တို့ကဲ့သို့ ရထားခြင်း မရှိ၍ ထရန့်၏ ဖြတ်တောက်မှုများသည် တော်လှန်ရေး အတွက် ထိခိုက်နိုင်မည် မဟုတ်ဟုလည်း ဆိုသည်။
ထရန့် အစိုးရ အတွက် နောက်ထပ် စိုးရိမ်စရာ ဖြစ့်လာရသည်က ရုရှားသည် ထားဝယ် အထူးစီးပွားရေ ဇုံတွင် ရင်းနှီး မြုပ်နှံရန် စိတ်ဝင်စားလာမှု ပင် ဖြစ်သည်။
အာဆီယံသည် ဒေသတွင်း အင်အားကြီး နိုင်ငံများ အားပြိုင်လာမှု ကို ဆန့်ကျင်နေသော်လည်း အာဏာ ကို မရမက ကုပ်တွယ်ထားလိုသော မင်းအောင်လှိုင် နှင့် အပေါင်းအပါ များက တော့ ရုရှားကို ဆွဲသွင်းလာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!